HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကြည်လင်းနှင့်အမှုတွဲများ ကြီးလေးသော ပြစ်ဒဏ်မကျခံရစေရေး ရန်ကုန်ဘုရားငါးဆူသို့ လှည့်လည်ကာ တစ်ကိုယ်တော်ဆုတောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ - လူ သတ်မှုဖြင့် တရားစွဲခံထားရသည့် ကြည်လင်းပါလေးဦးအား ကြီးလေး သောပြစ်ဒဏ်မှ လျှော့ပေါ့ ကင်း လွတ်စေရန်အတွက် ဘုရားငါးဆူ သို့လှည့်လည်၍ တစ်ကိုယ်တော် ဆုတောင်း မေတ္တာပို့သခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးကိုထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးပြီး¤င်းတို့နေရပ် ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာမှကူညီပေး

တာချီလိတ်၊ဖေဖော်ဝါရီ၁၄-တရား မဝင် မြန်မာရွှေ့ပြောင်းအလုပ်သ မား ၂၈ ဦးကို ထိုင်းနိုင်ငံမှတာ ဝန်ရှိသူများက မြန်မာ-ထိုင်းနယ် စပ်ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာ ချီလိတ်မြို့ ချစ်ကြည်ရေးတံတား သို့လာရောက်၍ မြန်မာနိုင်ငံဘက် မှတာဝန်ရှိသူများထံ လာရောက် လွှဲပြောင်းပေးခဲ့ပြီး ¤င်းတို့နေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးခဲ့ကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့မှ သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

နေပြည်တော် ပျဉ်းမနားမြို့တွင် ရေခဲသေတ္တာမီးဖြတ်စက် အပူလွန်ကဲရာမှ နေအိမ်ရှစ်လုံး မီးလောင်

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄-နေ ပြည်တော် ပျဉ်းမနားမြို့တွင် ရေ ခဲ သေတ္တာမီးဖြတ်စက်အပူလွန်ကဲ ရာမှ နေအိမ်ရှစ်လုံး မီးလောင်ကျွမ်း ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရင်ခွင်မဲ့ ကလေးငယ်များကို ပြုစုစောင့်ရှောက်မည့် ကလေးပြုစုရေးဌာန အဆောက်အအုံ ပန္နက်တင်ပွဲ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

ရင်ခွင်မဲ့ကလေးငယ်များလျှော့ ချရေးနှင့် ကာကွယ်စောင့်ရှောက် ရေးအသင်း (မြန်မာ)မှ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ တည်ဆောက်လှူဒါန်းမည့် ရင်ခွင် မဲ့ကလေးငယ်များ ပြုစုစောင့်ရှောက် ရန် ကလေးပြုစုရေးဌာန (နေပြည် တော်) အဆောက်အအုံရတနာ ပန္နက် တော်တင် မင်္ဂလာအခမ်းအနား ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်တွင် ယနေ့နံနက် ပိုင်းကကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်၍ ပန္နက်တော် စိုက်ထူခြင်း၊ နံ့သာရည် ပက်ဖျန်းခြင်းတို့ကို ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူလူထုတွေ့ဆုံပွဲ ဆောင်ရွက်ရခြင်းသည် တာဝန်ရှိသူများ တာဝန်ကျေပွန်မှု ရှိ မရှိကို လိုက်ကြည့်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ 

ပြည်သူလူထုတွေ့ဆုံပွဲကို ဆောင်ရွက်ရခြင်းသည် တာဝန်ရှိသူများ တာဝန်ကျေပွန်မှု ရှိ မရှိကို လိုက် ကြည့်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။ ဖေဖော်ဝါရီ ၁၃ ရက်က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ပုလဲရတနာခန်းမတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့် လိုက်လျောညီထွေရှိရန် လိုအပ်ဟုဆို

ရန်ကုန်

တက္ကသိုလ်များတွင် သင်ကြားလျက်ရှိသည့် သင်ရိုးညွှန်းတမ်းနှင့် ဘွဲ့သင်တန်းများသည် ဒေသနှင့်လိုက်လျောညီထွေမှုရှိရန် လိုအပ်ပြီး ပရော့ဂျက်အခြေပြုသင်ယူခြင်းဖြင့် အား ပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။ ပြည်ထောင်စုဝန်ကြီးသည် သတင်းအချက် အလက်နှင့် နည်းပညာတက္ကသိုလ်မှ ပါမောက္ခ ချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံချိန် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာမှ မိုင်ပေါင်းလေးဘီလီယံ ကွာဝေးသော ပလူတိုဂြိုဟ်အနီး ဂြိုဟ်ငယ်၏ ပုံရိပ်ကို အာကာသယာဉ် New Horizon က ရိုက်ကူးပေးပို့

ကာနေဗရယ်၊ ဖေဖော်ဝါရီ ၁၂ 

နာဆာမှ နေစကြဝဠာအတွင်းရှိ ပလူတိုဂြိုဟ်ကို ၂ဝဝ၆ ခု နှစ်ကလွှတ်တင်ခဲ့သော New Horizon အာကာသယာဉ်သည် ၂ဝ၁၅ ခုနှစ်ကနေစကြဝဠာအတွင်း ယခုထိသတ်မှတ်ထားသော အ ဝေးဆုံးဂြိုဟ် ပလူတိုအနီးသို့ရောက်ရှိသွားခဲ့ပြီး ကမ္ဘာမြေမှ မိုင်ပေါင်း လေးဘီလီယံ (ကီလိုမီတာ ၆ ဒ သမ ၄ ဘီလီယံ) ကွာဝေးသော ဂြိုဟ်ငယ်တစ်ခုပုံရိပ်အားရိုက်ကူး ပေးပို့ရာတွင် ယင်းအရာဝတ္ထုပုံ ရိပ်များအား နာဆာအဖွဲ့က ''အာကာသနှင်းလူ'' ဟူ၍ အမည်ပေး ခေါ်ဝေါ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အမေရိကန် အနောက်မြောက်ဘက်၌ နှင်းမုန်တိုင်း ဆက်လက်တိုက်ခတ်၊ ဟာဝိုင်အီကျွန်း အထိပါ တိုက်ခတ်နေ

ဆီယက်တဲလ်၊ ဖေဖော်ဝါရီ ၁၂

ဝါရှင်တန်ပြည်နယ်တွင် ဆောင်းနှင်းမုန်တိုင်း တိုက်ခတ်နေ၍ စာသင်ကျောင်းများ ပိတ်ထား ရပြီး လွှတ်တော်တွင်း ကြားနာနေမှုများအား ဖေဖော်ဝါရီ ၁၁ ရက် မှစတင်ကာ ဖျက်သိမ်းလိုက်ရပြီး နှင်းမုန်တိုင်းသည် ဟာဝိုင်အီကျွန်း ဘက်သို့ ရွေ့လျားသွားခဲ့သည်ဟု အမျိုးသားမိုးလေဝသဌာနက ဖေ ဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သော ကြေညာချက်အရ သိ ရှိရသည်။

ဆက်လက်ဖတ်ရှုရန် ...