ရန်ကုန်၊ ဩဂုတ် ၂၉- ဒါရိုက် တာမင်းထင်ကိုကိုကြီးအား နိုင်ငံ တော်အကြည်ညိုပျက်စေမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ် ချ မှတ်ခဲ့ပြီး အယူခံဝင်သွားမည်ဖြစ် ကြောင်း သိရသည်။
ဩဂုတ် ၂၉ ရက်တွင် ဒါ ရိုက်တာ မင်းထင်ကိုကိုကြီးကို ရုံး ထုတ်ပြီး စွဲချင်တင်ထားသည့် နိုင် ငံတော်အကြည်ညိုပျက်စေမှု ပုဒ် မ ၅၀၅ (က) ဖြင့် အလုပ်နှင့်ထောင် ဒဏ် တစ်နှစ်ကျခံစေရန် အင်းစိန် မြို့နယ် တရားရုံးက အပြီးသတ် အမိန့်ချမှတ် ခဲ့ခြင်းဖြစ် သည်။ထောင်ဒဏ်တစ်နှစ်တွင် ချုပ်ရက်ခံစားခွင့်ပြုကြောင်း အ မိန့်ချမှတ်ရာတွင် ပါသည်။
ထောင်ဒဏ်ချမှတ်မှုအပေါ် ရက် ၃၀ အတွင်း ခရိုင်တရားရုံး သို့ အယူခံဝင်မည်ဖြစ်ကြောင်း မင်းထင်ကိုကိုကြီး၏ရှေ့နေ၊ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောသည်။
“”အယူခံတက်မယ်။ ခရိုင် တရားရုံးကို ရက်ပေါင်း ၃၀ အ တွင်း အမြန်တက်ပေးရမယ်။ မကြာမီ အယူခံဝင်သွားမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အသည်းကင် ဆာကြောင့် အသည်းတစ်ဝက်လှီး ထုတ်ထားရပြီးတော့ နှလုံးရောဂါ လည်းရှိတယ်။ တရားခွင်ထဲမှာ ကို နှလုံးရောဂါထလာလို့ လျှာအောက် ကို မကြာခဏ ဆေးပြားတွေထည့် ရတယ်။ အဲဒီလို ဖြစ်နေတာကို အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ဆို တော့ သေဒဏ်ပေးသလိုဖြစ်သွား မှာ စိုးရိမ်တယ်”” ဟု ဒီမိုကရေစီတူ ဒေး၏ မေးမြန်းမှုကို ဩဂုတ်၂၉ ရက်တွင် ဖြေကြားသည်။
မင်းထင်ကိုကိုကြီးကို ချုပ် ရက်ခံစားခွင့်ပြုသဖြင့် အင်းစိန် ထောင်တွင် ခြောက်လခန့် ပြစ် ဒဏ်ကျခံရမည်ဖြစ်ကြောင်း ၎င်း က ပြောသည်။””အယူခံပေါ်မှာ မျှော်လင့်ချက် သိပ်မထားပါဘူး”” ဟု ၎င်းက ထပ်မံပြောသည်။
မင်းထင်ကိုကိုကြီးက””မန္တ လေးမှာ နှစ်မှုဖြစ်တယ်။ မန္တလေး က နှစ်မှုစလုံးက တရားရုံးက ပလပ်လိုက်တဲ့အတွက် ပြစ်မှုမမြောက် ဘူးပေါ့။ ရန်ကုန်မှာတော့ တရား ရုံးက လက်ခံတယ်။ နောက်ဆုံး တော့ တစ်နှစ်ချခံရတယ်ပေါ့။ ရန်ကုန်နဲ့မန္တလေး ပြိုင်ရင်တော့ မန္တလေးနိုင်သွားပြီ””ဟု ပြစ်ဒဏ် ချမှတ်ပြီးနောက် တရားရုံးမှအထွက် ရဲမီးတန်းကားပေါ်မတက်မီ မီဒီ ယာများကို ပြောသည်။
ဝေဖန်မှုအပေါ် ထောင်ထဲ အကျဉ်းချခြင်းမှာ မြန်မာပြည်၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆိုးရွားမှုနောက်ထပ်သက်သေခံ ချက်ဖြစ်ကြောင်း အသံအဖွဲ့၊ အမှု ဆောင်ဒါရိုက်တာ မောင်ဆောင်း ခက ပြောသည်။
“”၅၀၅ (က) နဲ့စွဲတာက မန္တလေးဘက်မှာ တရားရုံးတွေက နေ အမှုတွေကို ပလပ်ခဲ့တာရှိတယ်။ အခု ဒီမှာကျတော့ ဒါကိုစွဲဆိုပေး လိုက်တယ်။ ထောင်ပါချလိုက် တယ်။ ဒါက တရားစီရင်ရေးရဲ့ မညီ မျှမှုလို့မြင်တယ်””ဟု ၎င်းက မီဒီ ယာများကို ပြောသည်။
အင်းစိန်မြို့နယ်တရားရုံး၌ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက် ရှစ်ကြိမ် မြောက် ရုံးထုတ်စစ်ဆေးစဉ်က ရာဇ သတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် စွဲချက်တင်ထားခြင်း ဖြစ်သည်။
ဒါရိုက်တာ မင်းထင်ကိုကို ကြီးသည် ၎င်းလူမှုကွန်ရက်ဖေ့စ် ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် တပ် မတော်အပေါ် ဝေဖန်ရေးသားခဲ့ သည့်ဟုဆိုကာ တပ်မတော်မှ ဒုတိ ယဗိုလ်မှူးကြီးလင်းထွန်းက တရား လိုပြုလုပ်ပြီး အင်းစိန်မြို့နယ် တ ရားရုံးတွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် ဦးတိုက်လျှောက် ထားတရားစွဲဆိုခဲ့ပြီး အမှုတွင်တ ရားလို အပါအဝင် သက်သေငါးဦး စစ်ဆေးခဲ့ပြီး ပြန်ခေါ်သက်သေ နှင့် မင်းထင်ကိုကိုကြီးတို့ကို စစ် ဆေးခဲ့သည်။
အလားတူ မင်းထင်ကိုကိုကြီး ကို တပ်မတော်ကဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အင်းစိန် မြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး အာမခံပေးထားသည်။ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ကို ကျူးလွန်ကြောင်းထင်ရှားပါ က ထောင်ဒဏ်နှစ်နှစ်အထိချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
WYHW
#Democracytoday