မန္တလေး၊ ဩဂုတ် ၉ – မြန်မာ နိုင်ငံ နတ်ပွဲတော်များထဲတွင် အ ထင်ရှားဆုံးနှင့် အစည်ကားဆုံး ဖြစ်သော တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက် (ဩဂုတ် ၈ ရက်)မှစတင်၍ မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် တောင် ပြုန်းကျေးရွာတွင် စတင်ကျင်းပ ကြောင်း သိရသည်။
တောင်ပြုန်းပွဲတော်ကို ဆု တောင်းပြည့်ဘုရားပွဲနှင့် တောင် ပြုန်းမင်းညီနောင်နတ်ပွဲအဖြစ် နှစ် စဉ်မြန်မာရက်ဖြစ်သော ဝါခေါင် လဆန်း ၈ ရက်မှ ၁၅ရက်အထိ ကျင်းပရာ ပွဲတော်အကြိုရက်ဖြစ် သော ဝါခေါင်လဆန်း ၅ရက်၊ ၆ရက်၊ ၇ရက်နှင့် ပွဲတော်ရက်တွင် ပါ ရိုးရာပွဲများကို အစဉ်အလာ မပျက်ကျင်းပပြီး ၁၅ ရက် (လပြည့် နေ့)တွင် ဆွမ်းတော်ကြီးလောင်း လှူပွဲကို ကျင်းပခြင်းဖြစ်သည်။
]]တောင်ပြုန်းပွဲ ဒီနေ့စတင် ကျင်းပပါတယ်။ ဘုရားပွဲ၊ နတ်ပွဲ ဆိုပေမယ့် ရိုးရာယုံကြည်ကိုးကွယ် သူတွေ နတ်တက်နတ်ဆက်လာ ကြတာများတော့ နတ်ပွဲအဖြစ် လူ သိများပြီး နှစ်စဉ် စည်ကားပါတယ်။ ပွဲတော်အစနေ့မှာ လူဦးရေငါး သောင်းလောက်လာပါတယ်။ ပွဲ တော်ရက်အတွင်းမှာ ကျန်းမာရေးအ သိပညာပေးမှုလုပ်ပြီး Mask တွေ ပါ ဝေပေးပါတယ်” ဟု တောင်ပြုန်း ပွဲတော်ကျင်းပရေးေ က်ာမတီ ဥက္ကဋ္ဌ ဦးကျော်ကျော်က ပြောသည်။
တောင်ပြုန်းပွဲတော်ကို ၂၀၁၇ ခုနှစ်ကH1N1 ကြောင့် ကျင်းပ ခွင့်မရရှိခဲ့ဘဲ စတိသဘောသာ ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင် ပွဲ တော်ရက်မတိုင်မီကတည်းက ကျန်းမာရေးစောင့်ရှောက်မှုအ တွက် ကြိုတင်ပြင်ဆင်ခဲ့ကာ ယခု ပွဲတော်ကျင်းပချိန်တွင် ပွဲတော်ကွင်း၊ သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေး နှင့်ခါးပိုက်နှိုက်ကင်းစင်ရေး၊ ခိုက် ရန်ဒေါသ ဖြစ်ပွားမှုမရှိစေရေးများ ကိုပါ ကျင်းပရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုနှစ်ပွဲတော်တွင် ဈေးဆိုင် ခန်း ၉၀ဝ နှင့် ပျံကျဈေးဆိုင်များ စနစ်တကျ ရောင်းချနိုင်ရန် စီစဉ် ပေးထားပြီး ပွဲတော်ကွင်းနှင့် တောင် ပြုန်းရွာအတွင်းရှိ ကနားနှင့် နတ် နန်းပေါင်း ၁၀ဝ ကျော်မှာ စည် ကားမှုရှိကာ ပန်းအရောင်းဆိုင် များ၊ အုန်းသီးငှက်ပျောသီးဆိုင် များ၊ မြန်မာမုန့်ဖြစ်သော ကရေက ရာ၊ စလူမုန့်၊ မုန့်ခေါပြင် စသည့် မြန်မာအစားအစာများနှင့် စား သောက်ကုန်ဆိုင်၊ လူသုံးအိမ်သုံး နှင့် တောင်ပြုန်းအမှတ်တရပစ္စည်း အရောင်းဆိုင်များ အရောင်းတွင် ကျယ်ကြောင်း သိရသည်။
DW/Democracytoday