ရန်ကုန်၊ ဇူလိုင် ၃ဝ
ကျောင်းသားနည်းပြီး ဆရာများနေသော ကျောင်းများမှ ဆရာများကို အခြားကျောင်းများသို့လွှဲပြောင်းခြင်းနှင့်တွဲဖက် တာဝန်ထမ်းဆောင်စေခြင်းများပြု လုပ်မည်ဖြစ်ကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများကို တိုင်းဒေသကြီး၊ပြည်နယ်အလိုက် ပြန်လည်စိ စစ်ပြီး ကျောင်းသားနည်းပြီး ဆရာများနေသော ကျောင်းများမှ ဆရာများကိုလွှဲပြောင်းအသုံးပြုခြင်းနှင့် ကျောင်းသား၊ ဆရာ အချိုးအရ လိုအပ်သည့်ကျောင်းများကိုတွဲဖက် တာဝန်ထမ်းဆောင်စေခြင်း၊ ပြောင်း ရွှေ့ခန့်ထားခြင်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင် ၃ဝ ရက်တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ သိရသည်။
”သက်ဆိုင်ရာမြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစီအစဉ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အစီအစဉ်များဖြင့် ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ်”ဟု ပညာ ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ပြောကြားခြင်းကို ဇူလိုင် ၃ဝ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာ ရေးနှစ် ပထမခြောက်လပတ်အ မျိုးသားစီမံကိန်းအစီရင်ခံစာ ၉/၂ဝ၁၉ နှင့် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်ပထမခြောက်လပတ်ပြည်ထောင်စုဘဏ္ဍာငွေအရ အသုံးဆိုင်ရာအစီရင်ခံစာ ၁ဝ/ ၂ဝ၁၉ တို့အပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောမှတ်ချက် အစီရင်ခံစာများအ ပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ပညာရေးဝန်ကြီးဌာနက ပြန်လည် ရှင်းလင်းတင်ပြခဲ့ရာ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမခန့်ထားမှုနှင့်ကျောင်းသား၊ကျောင်းသူတက် ရောက်နေမှုများမှာ အချိုးမျှတမှု မရှိဘဲ အချို့ကျောင်းများတွင်ဆရာ ခြောက်ဦးရှိပြီး ကျောင်းသားဦးရေ မှာဆယ်ဂဏန်းမျှသာရှိသည့်အတွက် လိုအပ်နေသောကျောင်းများသို့ ခွဲဝေခန့်ထားခြင်း၊ရုံးများတွင် အကြောင်းအမျိုးမျိုးကြောင့် တွဲဖက်တာဝန်ပေးထားသော ဆရာများကိုလည်း ဆရာလိုအပ်နေသော ကျောင်းများသို့ ခွဲဝေပေးအပ်ခြင်း များဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်တက်ရောက်နေပြီး ဆရာအရေအတွက်မှာ လေးသိန်း ကျော်ရှိနေသည်။
ATK
#democracytoday