ရန်ကုန်၊ဒီဇင်ဘာ၂၃
အမှိုက်ကင်းစင်ရေးစုပေါင်း လှုပ်ရှားမှုကိုရန် ကုန်တိုင်းဒေသကြီးအတွင်း တစ်နှစ်တာအတွင်း မြို့နယ်အားလုံးအား လွှမ်းခြုံဆောင်ရွက်ပေးနိုင်ရန်တစ်လလျှင် တစ်ရက်ဆောက်ရွက်နေရာမှ တစ်ပတ်လျှင်တစ်ရက် ကြိုးပမ်းဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းက ပြောကြား လိုက်သည်။ ဒီဇင်ဘာလ၂၃ရက်၊ စမ်း ချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံ၌ ကျင်းပသော ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အမှိုက်ကင်းစင်ရေး စုပေါင်းလှုပ်ရှားပွဲ အခမ်းအနားတွင်ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”အဓိကက ကျွန်တော်တို့မြို့ ကြီးကို သန့်ရှင်းအောင်လုပ်မယ်။ ကျွန်တော်တို့ ဘယ်လိုမြို့မျိုးဖြစ်ချင်လဲ။ အဲဒီဖြစ်ချင်တဲ့မြို့ကို ကျွန် တော်တို့အားလုံးဆုံးဖြတ်ပြီး ရပ်တည်မှရမယ်။ ဥပမာကျွန်တော်တို့ မြို့ကြီးကိုသန့်ရှင်းချင်သလား။ ဒါဆိုရင်သန့်ရှင်းအောင် ထိန်းသိမ်း စောင့်ရှောက်ပြီးနေမယ်။ အဲဒါဆို ရင်ဒီမြို့ကြီးက သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တံမြက်စည်းတွေလှည်းမယ်။ ပြီးရင်ရေ တွေဆေးမယ်။ အမှိုက်ပစ်တဲ့သူတွေက အမှိုက်ပစ်ခြင်းက ရှက်စရာလို့ သူတို့စိတ်ထဲမှာခံယူသွားအောင် ကျွန်တော်တို့ လူငယ်မျိုးဆက်တွေ ကပြမယ်။ ဒါဆိုလို့ရှိရင် နောက်မျိုးဆက်ကို လက်ဆင့်ကမ်းတဲ့အချိန်မှာ ကျွန်တော်တို့မြို့သန့်ရှင်းတဲ့ မြို့ကြီးဖြစ်သွားမယ်။ ဒါအတွက် ဒီမှာစုရုံးကြတယ်။ အခုကျွန် တော်တို့ စဉ်းစားဆုံးဖြတ်ထားတာ ကတစ်လကို တစ်ခေါက်လုပ်မယ်လို့ဆုံးဖြတ်တာ ဒါပေမဲ့အဲဒါကအ ဆင်မပြေဘူး။ တစ်လကိုတစ် ခေါက်လုပ်မယ်ဆိုရင် တစ်နှစ်မှ ၁၂ရက်ပဲရှိတယ်။ အဲဒါဆိုရင်မြို့ နယ်၃၃မြို့နယ်ကို ရောက်မှာမ ဟုတ်ဘူး။ မရောက်ရင်သူတို့စိတ်ဆိုးမယ်။ ဘာကြောင့်သူတို့မြို့ နယ်ကို မရောက်တာလဲ ပြောမယ်။ အဲဒါကြောင့်တစ်ပတ်ကို တစ်ရက် လောက် ကျွန်တော်တို့ကြိုးစား ကြည့်မယ်။ ကြိုးစားကြည့်လို့လူထုက အင်တိုက်အားတိုက်ပါလာ ရင်တစ်ပတ်ကိုနှစ်ရက်လောက် ကြိုးစားကြည့်မယ်” ဟုဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
”အမှိုက်ကင်းစင်ရေး စု ပေါင်းလှုပ်ရှားမှု” တွင်ပါဝင်သော လူငယ်လေးများကို ကြိုဆိုကြောင်း အားလုံးကို မှတ်တမ်းတင်ထား ချင်ကြောင်း၊ တစ်ချိန်ချိန်တွင် ၎င်းလူငယ်များနိုင်ငံခြားတွင် သွားအလုပ်လုပ်မည်ဆိုပါက ရန်ကုန်မြို့ ကြီးရဲ့ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံအကျိုးတွင်ပါဝင်ခဲ့သည့် အတွက်သူ တို့အတွက် ထောက်ခံချက်များရှိ ကြောင်းဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသည်။ ဆက်လက်၍ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ”ဒီလိုကြိုးစားတယ်ဆိုတာ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ အားလုံးဟာဘဝမှာ ယူဖို့ပဲကြိုးစားခဲ့ကြတယ်။ ရယူဖို့ပဲ ကြိုးစားခဲ့တာ။ ကျွန်တော်တို့ပြန် ပေးနိုင်အောင် ကြိုးစားမယ်။ကျွန် တော်တို့မျှဝေမယ်။ သူတို့က အမှိုက်ကိုသေသေချာချာမပစ်တတ်လို့ အိမ်ရှေ့ကို ပစ်နေရတယ်ဆိုရင် ကျွန်တော်တို့က အမှိုက်ကောက် ပြီး အမှိုက်ပုံးထဲကိုပစ်ပေးမယ်။ ဒါဟာကျွန်တော်တို့ ကဝင်ရောက် ပြီးတော့မျှဝေဆောင်ရွက်ပေးတာ။ ရယူဖို့ချည်းပဲလုပ်နေ တာမဟုတ် ဘူး။ ပေးဆပ်မယ်။ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်မျိုးဆက်သစ်တွေဟာပေးဆပ်တတ်တဲ့ ယဉ် ကျေးမှုတစ်ခုကိုထူ ထောင်ရမယ်” ဟုပြောသည်။
Clean Yangon အဖွဲ့အနေ ဖြင့် ၂ဝ၁၇ခုနှစ် မေလမှစတင်၍ တစ်လတစ်ကြိမ် အမှိုက်ကောက်မှုကိုစတင်ထားကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီတို့နဲ့ပူးပေါင်းပြီးကျင်းပသည်မှာ ဒုတိယအကြိမ်ရှိပြီဖြစ်ကြောင်းသိရသည်။ ” Clean Yangon အဖွဲ့အ နေဖြင့် ၂ဝ၁၇ခုနှစ် မေလမှစထားတာပေါ့။ဒီနေ့ကတော့ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ မြို့တော် စည်ပင်သာယာရေး ကော်မတီနဲ့ Clean Yangon အဖွဲ့တို့စေတ နာ့ဝန်ထမ်းတွေပူးပေါင်းပြီး တော့ ရန်ကုန်တိုင်းဒေသကြီး အမှိုက်ကင်းစင်ရေး စုပေါင်းလှုပ်ရှားမှု ဒုတိယအကြိမ်မြောက်ပါ။ Clean Yangon အဖွဲ့မှာ Group 1,2,3 ရှိတယ်။ ပညာပေးတင်ဆက်တာ တွေ၊ သန့်ရှင်းရေးဆောင်ရွက်တာ တွေ၊ ကင်းထောက်ကလည်း (၁ဝ၂) နှစ်ပြည့် သရုပ်လာပြကြတယ် ပေါ့။ Clean Yangon အဖွဲ့က အဖွဲ့ ပေါင်း ၅ဝလောက်စုထားတဲ့အဖွဲ့ ဖြစ်တယ်။ နာရေးကူညီမှုအသင်း၊ ဆည်းဆာရိပ်တို့ ရတနာတို့၊ ရုပ်ရှင်အစည်းအရုံး ၊သဘင်အစည်း အရုံးစသဖြင့်ပေါ့။ အခုကရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အကုန်လုံးပါတယ်။ ဒုတိယအကြိမ်ပေါ့ ”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ မြို့တော်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။
ရန်ကုန်မြို့တော်ဝန် ဦး မောင်မောင်စိုးကလည်း”ပြော ချင်တဲ့စကားက တစ်ခွန်းပဲရှိပါ တယ်။ကျွန်တော်တို့သည် အမှိုက် ကိုကောက်ပြနေတာ မဟုတ်ဘူး။ကျွန်တော်တို့ အမှိုက်ကောက်မှာ”ဟု ပြောသည်။ အမှိုက်ကောက်လိုက်သည့် အတွက်သန့်ရှင်းသွားပါက ကျန်း မာရေးအတွက် အဆင်ပြေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင် ထွန်းက အခမ်းအနားတွင်ထည့် သွင်းပြောကြားခဲ့သည်။ အခမ်းအနားပြီးနောက် ဝန် ကြီးချုပ်ဦးဖြိုးမင်းသိန်း နှင့်အဖွဲ့ဝင် များကိုယ်တိုင် မြို့တော်သန့်ရှင်း ရေးအတွက် တံမြက်စည်းလှည်း ခြင်း၊ အမှိုက်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ပြီး စမ်းချောင်းမြို့ နယ်အတွင်းရှိ ရေနုတ်မြောင်းများ ရေဆင်းအောင်ဖော်ရန် မြို့တော် စည်ပင်အား လမ်းညွှန်ခဲ့သည်။
ယင်းရန်ကုန်တိုင်းဒေသကြီးအတွင်း အမှိုက်ကင်းစင်ရေးစု ပေါင်းလှုပ်ရှားပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြို့တော်စည်ပင် သာယာရေး ကော်မတီအတွင်းရေး မှူးဒေါ်လှိုင်မော်ဦး၊ မြို့တော်စည် ပင်သာယာရေး ကော်မတီအဖွဲ့ဝင် ဒေါ်သန်းမြင့်အောင်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အကြီးအကဲများ၊ မြို့နယ်လွှတ် တော်ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံကင်းထောက်အဖွဲ့ချုပ် မှ ကင်းထောက် အကြီးအကဲများ၊ ကင်းထောက်လူငယ်များ Clean Yangon အဖွဲ့၊ လူမှုအဖွဲ့အစည်း နှင့်အဖွဲ့အစည်းအသီးသီးမှ စေတ နာ့ဝန်ထမ်းများ တက်ရောက်ကာ အမှိုက်ကောက်ခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရသည်။
TTHL
#democracytoday
Discussion about this post