ဝါရှင်တန်၊ မတ် ၂
အမေရိကန်အရှေ့တောင် ဘက်ဒေသများတွင် မိုးများသည်း ထန်စွာရွာသွန်းခဲ့၍ လူဝီစီယားနား၊ မစ္စစ္စပီနှင့် ကာရိုလိုင်းနားပြည် နယ်များတွင် ရေကြီးမှုများဖြစ်ပေါ် နေခဲ့ရသည်ဟု ပြည်နယ်မိုးလေဝ သအရာရှိများက မတ် ၂ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။ မစ္စစ္စပီမြစ်ရေလျှံမှုကြောင့် မစ်ဇူရီပြည်နယ်တောင်ဘက်မှ လူဝီစီယားနားနှင့် မစ္စစ္စပီပြည် နယ်များတွင် ရေလွှမ်းမိုးမှုများဖြစ် ပေါ်ခဲ့ရသည်။ လူဝီစီယားနား ပြည် နယ်အုပ်ချုပ်ရေးမှူး ဂျွန်ဘယ်လ် အက်ဒဝပ်က ပြည်နယ်အားအရေး ပေါ်အခြေအနေအဖြစ် မတ် ၁ ရက်က ထုတ်ပြန်ကြေညာထားခဲ့ သည်။ မစ္စစ္စပီမြစ်ရေသည် ၁၁ ပေ (ဝ ဒသမ ၃ မီ တာ)မြင့်တက်နေပြီး နောက် နှစ်ပတ်အတွင်း ၂ ပေ (ဝ ဒသမ ၆ မီတာ)အထိ မြင့်တက် လာနိုင်သည်ဟု အမျိုးသားမိုးလေ ဝသဌာန ပြည်နယ်အရာရှိ ဘေ တန်ရပ်ဂ်က ပြောဆိုခဲ့သည်။
တင်နက်ဆီ ပြည်နယ် မင်း ဖစ်မြို့တွင် မတ် ၁၅ ရက်ထိ ရေ ကြီးရေလျှံမှုကြုံတွေ့နိုင်ရသည်ဟု အာဏာပိုင်များက သတိပေးကြေ ညာထားသည်။ အယ်လ်ဗားမားပြည်နယ် မြောက်ပိုင်းနှင့် တင်နက်ဆီပြည် နယ် အနောက်ပိုင်းတို့တွင်လည်း ရေလွှမ်းမိုးမှုရှိလာနိုင်၍ သတိပြုနေ ထိုင်ကြရန် နှိုးဆော်ထားသည်။ အို ဟိုင်းယိုးမြစ်ရေကြီး၍ အီလီနွိုက် ပြည်နယ် ကိုင်ရိုမြို့သူ မြို့သားများ ယခုရက်သတ္တပတ်အတွင်း ရေကြီး နိုင်မှုရှိနိုင်ကြောင်း အာဏာပိုင်များ က ထုတ်ဖော်ပြောဆိုလိုက်သည်။ မစ္စစ္စပီပြည်နယ်အုပ်ချုပ်ရေးမှူး ဖီးလ်ဘရိုင်ယန်၊ ကင်တပ်ကီပြည် နယ်အုပ်ချုပ်ရေးမှူး မက်ကီဗင်းတို့ ကလည်း မိမိတို့ပြည်နယ်များအား သဘာဝအန္တရာယ်အရေးပေါ်အ ခြေအနေများ ကြေညာထားကြ သည်။ ဖေဖော်ဝါရီ ၂၇ ရက်က အမေရိကန် အင်ဂျင်နီယာတပ်ဖွဲ့ များသည် နယူးအော်လင်းပြည်နယ် The Bonnet Carre ရေလွှဲမြောင်း အား တူးဖော်ကာ ရေများအား စီး ဆင်းစေခဲ့သည်။ ယင်းရေလွှဲမြောင်း သည် ၈၈ နှစ် သက်တမ်းရှိနေပြီး ဖြစ်သည်။
Ref: Xinhua
#democracytoday
Discussion about this post