ရန်ကုန်၊ ဧပြီ ၂၇- နေပူရှိန်ပြင်း သဖြင့် ဓာတ်ဆားရည်သောက်သုံးရန် လိုအပ်သူများ ဓာတ်ဆားရည် သောက်မည်ဆိုပါက FDA အသိ အမှတ်ပြု ဓာတ်ဆားများသောက် ရန်နှင့်ရက်လွန်ဓာတ်ဆားများ မ သောက်မိရန်လိုအပ်ကြောင်း သိရ သည်။
ဧပြီ၂၇ရက်တွင် တပ်မတော်ခန်းမ၌ကျင်းပသော မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း (MPEMEEA)မှကြီးမှူး ကျင်းပ သော”ပထမအကြိမ်တရားဝင် တင်သွင်း၊ ထုတ်လုပ်သောဆေးနှင့် ဆေးပစ္စည်းဈေးပွဲတော်”သို့ တက် ရောက်လာသည့် အသင်း၏ ဒုဥက္ကဋ္ဌ ဒေါက်တာသင်းနွဲ့ဝင်းက ဒီမိုကရေစီ တူဒေးသို့ပြောသည်။
”ကိုယ့်အနေနဲ့ ဘေးကင်းချင်တယ်ဆိုရင် တရားဝင်တင် သွင်းထားသလား။ FDA မှတ်ပုံ တင်အမှတ်ပါသလားပေါ့။ အဲဒါ ကိုကြည့်ရမှာပေါ့။ ဓာတ်ဆားဆို ရင်လည်းတရားဝင် သွင်းထားသ လား။ FDA မှတ်ပုံတင်အမှတ် ပါသလားပေါ့။ FDA အသိအမှတ် ပြုထားရင် ယုံကြည်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။ တရားဝင် တင်သွင်းထားတဲ့ဟာတွေမှာတော့ ထုတ်လုပ်ထားတဲ့နေ့စွဲ၊ ရက်လွန် နေ့စွဲတွေအကုန်ပါပါတယ်။ ဘယ် အရာမဆို ရက်လွန်နေ့စွဲကိုကြည့် ရမှာပဲ”ဟု ¤င်းကပြောသည်။
ဓာတ်ဆားရည်ကို ရေဓာတ် ဆုံးရှုံးမှု ပိုမိုများပြားနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ ရောဂါအခံရှိသူများ ပိုမိုလိုအပ် ကြောင်းသိရသည်။
”ခန္ဓာကိုယ်မှာ ချွေးထွက် သွားတယ်ပေါ့။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူတွေ၊ ရောဂါခံစားနေရတဲ့သူတွေ၊ အ ရမ်းအသက်အရွယ်ငယ်တဲ့ သူတွေ အဲလိုလူမျိုးတွေကျတော့ သူများထက် ပိုပြီးတော့ပြင်းပြင်းထန်ထန် ခံစား ရတယ်လေ။ အဲလိုလူမျိုးတွေဆို ရင် ဓာတ်ဆားသောက်ရင်လည်း ကောင်းတယ်။ ဓာတ်ဆားသောက် ရတဲ့အဆင့်အထိ မရောက်အောင် လည်း အသွားအလာအနေအထိုင် တွေဆင်ခြင်ဖို့လိုတယ်လေ။ နေပူ ထဲမထွက်နဲ့။ အပြင်ကနေပြန်လာ ရင်ချက်ခြင်းကြီး ခြေထောက်ရေ ဆေးလိုက်တာတို့၊ မျက်နှာသုတ် လိုက်တာတို့၊ မျက်နှာဖျန်းဆေး ဖျန်းလိုက်တာတို့၊ ရေခဲရေတွေ သောက်တာတို့မလုပ်နဲ့ပေါ့”ဟု မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဋ္ဌဒေါက်တာသင်းနွဲ့ ဝင်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏နောက်ဆုံး လေ့လာချက်များ အပေါ်မူတည်၍ မနခသာာနညိအ ကြံပြုချက်များအရ အချိုပေါ့၊ အ ငန်ပေါ့သော ဓာတ်ဆားများကိုပိုမို သောက်သုံးသင့်သည်။
TTHL
#YangonMediaGroup | #DemocracyToday
Discussion about this post