မုံရွာ၊ နိုဝင်ဘာ ၃ဝ
၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ချင်းတွင်းမြစ်အတွင်း အောင်စိုးမိုးကျော် ခရီးသည်တင် အမြန်ရေယာဉ်နစ် မြုပ်မှု၌သေဆုံးခဲ့ကြသူများအနက် အလောင်းမရဘဲ ပျောက်ဆုံးသူ ၁၈ ဦးအတွက် အာမခံကြေးပေးနိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံရုံးမှ စောင့်ဆိုင်းနေရကြောင်း သိရသည်။ ရေယာဉ်နစ်မြုပ်စဉ်က အလောင်းဆယ်ယူရရှိပြီးအတည် ပြုနိုင်ခဲ့သူ အယောက် ၃ဝ အတွက် တစ်ဦးလျှင် ငွေကျပ် ၁ဝ သိန်းချက်ချင်းပေးအပ်နိုင်ခဲ့ပြီး ယခုနှစ်နိုဝင်ဘာလထိ စုစုပေါင်းသေဆုံးသူ ၅ဝ ဦးအတွက် သူတစ်ပါးထိခိုက်မှုအာမခံကြေးအကျိုးခံစားခွင့်များပေး အပ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
”ရေယာဉ်နစ်မြုပ်မှုမှာ အ လောင်းပြန်မရသူ ၁၈ ဦးရှိတယ်။ သူတို့ကိုကျလုပ်ထုံးလုပ်နည်းအရ နှစ်နှစ်စောင့်ရပါတယ်။ နှစ်နှစ်ကြာလို့ နေရပ်ကိုပြန်မရောက်တော့ဘူး။ သေချာပြီဆိုတာနဲ့ သူနေထိုင်တဲ့ရပ်ကွက်၊ ကျေးရွာကအုပ်ချုပ် ရေးမှူးကထောက်ခံပေးရမှာပါ။ ကျွန်တော်တို့က အမှုတွဲတွဲပြီးရုံးချုပ်နဲ့ဆက်သွယ်ပြီး ထပ်တင်တောင်း ပေးမှာပါ။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့ ကျွန်တော်တို့ဆက် သွယ်အကြောင်းကြားပြီး ပေးသွားမှာပါ”ဟု စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံရုံးမှ မန်နေဂျာဦးတင် မောင်သန်းက နိုဝင်ဘာ ၃ဝ ရက် တွင်ပြောသည်။
ကနီမြို့တွင် မိကျောင်းတွင်း ရွာအနီးနစ်မြုပ်ခဲ့သော အောင်စိုး မိုးကျော်ရေယာဉ်သည် စက်တပ်ယာဉ်အမျိုးအစားဖြစ်သောကြောင့် ယာဉ်လိုင်စင်ဝင်စဉ်ကတည်းက သူတစ်ပါးထိခိုက်မှုအာမခံကြေး ပေးသွင်းထားသဖြင့် သေဆုံးခဲ့သော ခရီးသည်များအတွက် မြန်မာ့အာမခံလုပ်ငန်းမှ အကျိုးခံစားခွင့်ရရှိ ခြင်းဖြစ်ကြောင်း အသက်ရှင်ကယ်တင်နိုင်ခဲ့သူ ၁၅၉ ဦးရှိပြီးသေဆုံး သူစုစုပေါင်း ၇၃ လောင်းရှိကြောင်း သိရသည်။
KTS
#democracytoday
Discussion about this post