ရန်ကုန်၊ ဒီဇင်ဘာ ၈
ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံမှ လုပ်သားများ အလုပ်ခွင်ရပ်ဆိုင်းတောင်းဆို မှု ၁ဝ ရက်အကြာတွင် အလုပ်ရှင်နှင့် ညှိနှိုင်းပြေလည်မှုရရှိခဲ့ကြောင်းသိရသည်။ ဒီဇင်ဘာ ၇ ရက် ညပိုင်းတွင် ယင်းစက်ရုံရှိရာ ဒဂုံဆိပ်ကမ်းမြို့နယ်သို့ NLD ဗဟိုအလုပ်သမားရေးရာ ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးတို့မှ သက်ဆိုင်ရာမြို့နယ်တာ ဝန်ရှိသူများနှင့်အတူ လုပ်ငန်းရှင်နှင့် လာရောက်ညှိနှိုင်းပေးခဲ့သဖြင့် ပြေလည်မှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
”ကျွန်မတို့တောင်းဆိုထားတဲ့ အချက်ကိုးချက်မှာ နောက်ဆုံးညှိ ဖို့ ကျန်နေတဲ့အချက်သုံးချက်ပေါ့။ အဲ့ဒါကို ညှိနှိုင်းသဘောတူခဲ့တာပါ။ ဒီဇင်ဘာ ၉ ရက်မှ လုပ်ငန်းခွင်ပြန်ဝင်ပါမယ်”ဟု အဆိုပါစက်ရုံ၏အလုပ်သမားခေါင်းဆောင် မဝေဝေ အောင်ကပြောသည်။ လုပ်သားများ၏အဓိကတောင်းဆိုချက်ဖြစ်သည့် လုပ်သက်နှစ်ကြေး ကျပ်နှစ်သောင်းတိုးပေးရန် အချက်ကိုမူ ကျပ်၇ဝဝဝတိုးပေးခဲ့ပြီး လုပ် သက်နှစ်ကြီးသမားများကိုမူ ရှားပါးစရိတ်ခေါင်းစဉ်ဖြင့် ကျပ်၂ဝဝဝတိုး ပေးခဲ့ကြောင်း၊ ရက်မှန်ကြေးခေါင်းစဉ်ဖြင့် ကျပ်၎ဝဝဝတိုးပေးခဲ့သဖြင့် ၎င်းအချက်ကို သဘောတူညီခဲ့သလို အထည်စံချိန်ကိုလည်း ၄၅မိနစ် တစ်ကြိမ် တောင်းခံမည်ဖြစ်သော်လည်း အလုပ်သမားများကို ဖိနှိပ်ခိုင်း စေခြင်းမပြု၊ အထည်အရေအတွက်ကို အကြွေးတောင်းသကဲ့သို့ မတောင်းဟု ကတိပြုခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖွင့်လှစ်ထားသည့် သပိတ်စခန်းကိုရုပ်သိမ်းကာ ဒီဇင်ဘာ ၉ ရက်တွင် အလုပ်ခွင်ပြန်လည် ဝင် ရောက်မည်ဖြစ်ကြောင်းသိရသည်။
¤င်းအလုပ်ရှင် အလုပ်သမား ပြဿနာကို စက်ရုံတွင်းညှိနှိုင်းခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ခြင်းကြောင့် နိုဝင်ဘာလ၂၈ရက်မှစ၍ လုပ်ငန်း ခွင်ရပ်ဆိုင်းကာ တောင်းဆိုချက်ကိုးချက်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ကိုးချက်အနက် ခြောက်ချက်ကို ညှိနှိုင်းနိုင်ခဲ့သော်လည်း အဓိက တောင်းဆိုချက်သုံးချက်တွင် ညှိနှိုင်းမှုမပြေလည်ခဲ့သဖြင့် တောင်းဆိုရက် ၁ဝရက်ကြာမြင့်ခဲ့သည်။ အဆိုပါစက်ရုံတွင် အလုပ်သမား ၆ဝဝ ကျော်ရှိပြီး ၂ဝဝဝ ပြည့်နှစ်ခန့်မှ စတင်ဖွင့်လှစ်ခဲ့သည့် စက်ရုံ ဖြစ်ကာ ကုန်ထုတ်လုပ်သား ၄ဝဝ ကျော်မှ လုပ်ငန်းခွင်ရပ်ဆိုင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ZCH
#democracytoday
Discussion about this post