ရန်ကုန်၊ ဇန်နဝါရီ ၁၄
ဖြူးမြို့အနီး ပဲခူးရိုးမကိုဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နောက်ဆက်တွဲမြေငလျင်များ ဆက်လက်ပြီးလှုပ်နေဦးမည်ဖြစ်ကြောင်း မိုး လေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။ ဇန်နဝါရီ ၁၄ ရက် မြန်မာစံတော်ချိန် ဝ၅ နာရီ ၅၉ မိနစ် ၄၉ စက္ကန့်တွင် ကမ္ဘာဘေးမြေငလျင်စခန်းမှ မြောက်ဘက် ၁ဝ၅ မိုင် ခန့်ကွာဝေးသော ပြည်တွင်း (ဖြူး မြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ရစ်(ခ်ျ)တာစကေး (၄ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိ သော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက”ဖြူးမှာလှုပ်သွားတဲ့ငလျင်က အင်အားလည်နည်းနည်းများတဲ့အတွက် After shock တွေက လှုပ်နေဦးမှာဖြစ်ပါတယ်။ မနေ့ညကလည်းလှုပ်ပါတယ်။ ဒီနံနက်လည်းလှုပ်ပါတယ်။ ချောက်မြေငလျင်တုန်းကဆိုရင် After shock လှုပ်တာရှစ်လ၊ ကိုးလလောက်အထိ လှုပ်တာမျိုးရှိပါတယ်။ တဖြည်းဖြည်းနဲ့ အားနည်း နည်းသွားပြီးတော့ နောက်ဆုံးမှ ပျောက်သွားမှာဖြစ်ပါတယ်”ဟုပြောသည်။
အလားတူ ဇန်နဝါရီ ၁၃ ရက် မြန်မာစံတော်ချိန် ၂ဝ နာရီ ၂၁ မိနစ် ၂၅ စက္ကန့်တွင် ဖြူးမြို့၏အနောက်ဘက်-အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အားရစ်(ခ်ျ)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း သိရသည်။ ”ငလျင်ဆိုတာမျိုးက ကြိုတင်ခန့်မှန်းလို့မရပါဘူး။ ငလျင်အကြီး ကြီးလှုပ်မယ်ဆိုပြီး သတင်းထုတ် ပြန်တယ်ဆိုတာလည်း မဟုတ်ပါဘူး”ဟု ဦးကျော်မိုးဦးက ဒီမိုက ရေစီတူဒေးသို့ ဇန်နဝါရီ ၁၄ ရက်ကပြောသည်။
AA
#democracytoday
Discussion about this post