ဒေလီ
အိန္ဒိယနိုင်ငံရှိ ဆရာဝန်တို့က အသက် ၃၁ နှစ် အမျိုးသားတစ်ဦးတွင်ရှိ အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ရှိသော ဦးနှောက်အကျိတ်ကြီးကို ခွဲစိတ်ဖယ်ရှားပေးခဲ့ကြောင်းသိရသည်။ အဆိုပါအဖုအကျိတ်သည် ကမ္ဘာ့အကြီးမားဆုံး အဖုအကျိတ်ကြီးဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
အဖုအကျိတ်ကို မွမ်ဘိုင်းမြို့တော်ရှိ Nair ဆေးရုံတွင် ဖေဖော်ဝါရီ ၁၄ ရက်က ခွဲစိတ် ဖယ်ရှားပေးခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသမှုအချိန် ၇ နာရီ ကြာမြင့်ကြောင်းသိရသည်။ လူနာမှာ အန္တရာယ်မှ ကင်းလွတ်မြောက်လာခဲ့ပြီဖြစ်သော် လည်း ခွဲစိတ်ကုသမှု အောင်မြင်ခြင်း ရှိ၊ မရှိကို အချိန်ယူစောင့်ကြည့်ရဖွယ်ရှိနေသည်ဟု အာရုံ ကြောခွဲစိတ်ကုသရေးအဖွဲ့အကြီးအကဲ ဒေါက်တာထရီမာတီနာကာရီက ပြောကြားခဲ့သည်။
လူနာ၏ အမည်မှာ စန္တလာပါးဖြစ်ပြီး ဥတာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းတွင် နေထိုင်သူဖြစ်ပြီး ဦးခေါင်းထက်မှ ကြီးမားသောအဖု အကျိတ်ကြီးနှင့်အတူ သုံးနှစ်ကြာ နေထိုင်ခဲ့ရသူ ဖြစ်သည်။ အဖုအကျိတ်ကြီးကြောင့် မစ္စတာပါး၏ အမြင်အာရုံ ဆုံးရှုံးနေပြီး ယခုအခါ ခွဲစိတ်ကုသမှုကြောင့် သူ၏အမြင့်အာရုံ ပြန်လည် ရရှိလာဖွယ်ရှိသည်ဟု မျှော်လင့်လျက်ရှိသည်။ ယခင်က ဥတာပရာဒေ့ရှ်ပြည်နယ်ရှိ ဆေးရုံ သုံးရုံခန့်တွင် ပြသစစ်ဆေးကြည့်ရာ သူ၏အဖု အကျိတ်မှာ ခွဲစိတ်ကုသ၍ ရနိုင်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Ref: BBC
#theyangontimes
Discussion about this post