မန်ချက်စတာ
အသက်ကြီးသူများတွင် ခြေထောက်ကြွက်သားများ ဆုံးရှုံးမှုသည် အာရုံကြောစနစ် အချက် ပြမှု ဆုံးရှုံးမှုကြောင့်ဖြစ်ကြောင်း သုတေသီတို့က ပြောကြားခဲ့ကြသည်။ အမျိုးသား ၁၆၈ ဦး ကို စမ်းသပ်စစ်ဆေးရာတွင် ခြေထောက်များကို ထိန်းချုပ်နေသည့် နာ့ဗ်ကြောများ လျော့ပါးမှုကြောင့်ဖြစ်ကြောင်း၊ အသက် ၇၅ နှစ် အရွယ်တွင် နာ့ဗ်ကြောလှုပ်ရှားမှု ရာခိုင်နှုန်း ၃ဝ လျော့ပါးလာကြောင်း တွေ့ရှိခဲ့ကြသည်။
သို့ရာတွင် အသက်အရွယ်ကြီးလာသော ကျန်းမာကြံ့ခိုင်သည့် ပြေးခုန်ပစ်အားကစား သမားများမှာမူ နာ့ဗ်ကြောပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သောအခွင့်အလမ်း ရှိကြောင်းသိရသည်။ သုတေသီတို့က Physiology ဂျာနယ်တွင် ၎င်းတို့၏တွေ့ရှိမှုကို ဖော်ပြခဲ့ကြသည်။ အသက်အရွယ် အိုမင်းလာသူများ၏ ခြေထောက်ကြွက်သားများသည် သေးငယ်၍ အားနည်းလာသည့်အတွက် အထိုင်အထနှင့် လှေကားအတက်အဆင်းများတွင် ပြဿနာ ရှိလာစေခဲ့သည်ဟု ဆိုသည်။
မန်ချက်စတာ မက်ထရိုပိုလီတန်တက္ကသိုလ်မှ ပါမောက္ခဂျေမီမက်ဖီးက အသက်အရွယ် အိုမင်းသူများတွင် ကြွက်သားများကို ထိန်းချုပ်သည့် နာ့ဗ်ကြောဆုံးရှုံးမှု ၃ဝ မှ ၆ဝ ရာခိုင်နှုန်း ရှိကြောင်း၊ ကြွက်သားများအနေဖြင့် အာရုံ ကြောစနစ်မှနေ၍ ကျဉ်းကျုံ့ရန်အတွက် သင့် လျော်သောအချက်ပြမှုရရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
Ref: BBC
#theyangontimes
Discussion about this post