ကာရိုလိုင်းနား
လာဗင်ဒါအနံ့နှင့် လက်ဖက်အနံ့ပါ သောအဆီသည် ငယ်ရွယ်သောယောက်ျား လေးများ၏ ရင်သားများကို ဖွံ့ထွားစေနိုင် ကြောင်း ရနံ့ပါသောအဆီများကို လေ့လာ ဆန်းစစ်မှုတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ရနံ့ပါသောအဆီ အသုံးပြုမှုနှင့် အမျိုးသား ရင်သားဖွံ့ထွားမှု ဆက်စပ်နေကြောင်း သုတေသီတို့က ယူဆခဲ့ကြသည်။
လေ့လာဆန်းစစ်မှုတွင် တွေ့ရှိချက် အရ အဆီတွင်ပါဝင်သော အဓိကဓာတု ပစ္စည်းများသည် အမျိုးသမီးဟော်မုန်းကို တိုးပွားစေ၍ အမျိုးသားဟော်မုန်းကို ကန့် သတ်မှုပြုသည်ဟု ဆိုသည်။ သို့ရာတွင် ရနံ့အဆီသည် လူတိုင်းတွင် တူညီသော သက်ရောက်မှုမရှိဟု ဆိုသည်။ ဆပ်ပြာ၊ လိမ်းဆေး၊ ခေါင်းလျှော်ရည် နှင့် ဆံပင်ပုံသွင်းဆေး စသည့်ထုတ်ကုန်များ အား အသုံးပြုရာတွင် သတိပြုရန် သုတေသီ တို့က အကြံပြုခဲ့ကြသည်။ အဆိုပါကုန် ပစ္စည်းများတွင် ပါဝင်ဓာတုပစ္စည်းများထဲ မှ အချို့သည် အတွင်းထုတ်ဂလင်းစနစ်ကို ပျက်ပြားစေနိုင်ကြောင်း၊ ရနံ့အဆီကြောင့် အမျိုးသားရင်သား ကြီးထွားမှုဖြစ်ရပ်များ တိုးပွားလာသည်ကို သတိပြုသင့်ကြောင်း သုတေသီခေါင်းဆောင် ဂျေတိုင်လာရမ် ဆေးက ပြောကြားခဲ့သည်။
Ref: BBC
#theyangontimes
Discussion about this post