နွားထိုးကြီး
ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်း မှာသာရှိသည့် မြန်မာ့မျိုးရင်းကြယ်လိပ်များ မျိုးတုံးပျောက်ကွယ်ခြင်းမရှိစေရန် မင်းစုံတောင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ နည်းလမ်း လေးသွယ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နေ ကြောင်း သိရသည်။ မြန်မာ့မျိုးရင်းကြယ်လိပ်များမှာ မြန်မာ နိုင်ငံအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးများရှိ တောများအတွင်းမှာသာ နေထိုင်ကျက်စားမှုရှိရာ မန္တလေးတိုင်းဒေသ ကြီး နွားထိုးကြီးမြို့နယ် မင်းစုံတောင်တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောမှာ ကြယ်လိပ်အကောင် ရေ ဒုတိယအများဆုံးစခန်းဖြစ်သည်။
”လုပ်ငန်းစတင်တာကတော့ ၂ဝဝဝ ပြည့် နှစ်ကပါ။ မင်းစုံတောင်မှာ ကြယ်လိပ် စတွေ့ တာ ၁ဝ ကောင်ပါ။ ၂ဝဝ၃ ခုနှစ်မှာ မင်းစုံ တောင်ဘေးမဲ့တောထူထောင်ထိန်းသိမ်းစောင့် ရှောက်ပါတယ်။ လက်ရှိစခန်းမှာ ကြယ်လိပ် ကောင်ရေ ၂၇၅၃ ကောင် ထိန်းသိမ်းထားပါ တယ်။ တောထဲမှာ သဘာဝအတိုင်းနေနိုင် အောင် သုံးကြိမ်လွှတ်ထားတာ ၇၅ဝ ဖြစ်ပါ တယ်။ ကြယ်လိပ် မျိုးတုံးပျောက်ကွယ်မှုမရှိ အောင် နည်းလမ်းလေးသွယ်နဲ့ ထိန်းသိမ်းစောင့် ရှောက်ပေးနေပါတယ်”ဟု စခန်းအုပ်ချုပ်ရေး မှူး ဒေါ်လေးလေးခိုင်က ပြောသည်။
ကြယ်လိပ် မျိုးတုံးပျောက်ကွယ်မှုမဖြစ် စေရန် တောအတွင်း ကင်းလှည့်စောင့်ရှောက် ခြင်း၊ ကြယ်လိပ်မျိုးပွားစေရန် မွေးမြူရေးခြံ များဖြင့် ထိန်းသိမ်းခြင်း၊ မင်းစုံတောင်ဘေးမဲ့ တောဇုန်အတွင်းရှိ ကျေးရွာ ၁၃ ရွာအား အသိ ပညာပေးဟောပြောစည်းရုံးထိန်းသိမ်းခြင်း၊ ဘေးမဲ့တောအတွင်း မီးကာကွယ်ရေး မီးတား စနစ်ဖြင့် ထိန်းသိမ်းခြင်းများကို အုပ်ချုပ်ရေး မှူး ဦးဆောင်သည့် ဝန်ထမ်းများက နေ့ည တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ မြန်မာ့ကြယ်လိပ်များမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာသာရှိရာ ယခု အခါ ပုဂံလောကနန္ဒာစခန်း၌ အများဆုံးရှိပြီး မင်းစုံတောင်နှင့် ရွှေစက်တော် ဘေးမဲ့တော များမှာ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာနများမှ မွေးမြူ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း သိရ သည်။
လှိုင်ထွေးအောင်
#theyangontimes
Discussion about this post