ဒိုးဒိုးဒေါက်
ငယ်ပေါင်းအငြိမ်းစားအရာရှိတစ်ယောက် ငဒေါက် အိမ်ရောက်လာတယ်။ သူကနေပြည်တော်မှာရှိတဲ့ သမီးအိမ်နဲ့ သူ့ဇာတိမြို့ကို ကူးသန်းလှည့်လည်သွား လာနေသူဖြစ်တယ်ပ။ တစ်ချိန်တုန်းက ငဒေါက်နဲ့ အခန်းချင်းကပ်ပြီးနေခဲ့ဖူးတဲ့သူပါပဲ။ အပြောအဆို အနေအထိုင် စည်းကမ်းကြီးရှာသူလည်း ဖြစ်ပေ တယ်။ သူနဲ့အကျွန်ငဒေါက် အချိန်ကာလအတော် ကြာကြာကွဲကွာခဲ့ပြီး မမျှော်လင့်ဘဲ နေပြည်တော် ရောက်မှ ရေစက်မကုန် ပြန်လည်ဆုံတွေ့ကြရလေသဗျာ။ သူ့ကို အကျွန်ငဒေါက်မျှော်နေတာကြာပြီလေ။ ဘဇာကြောင့်မျှော်မိသလဲဆိုတော့ တလောက Facebook ပေါ်မှာ သူတင်ခဲ့တဲ့ပို့စ်တစ်ခုကြောင့်ပါ။
သူ့ပို့စ်မှာ နိုင်ငံတော်အလံနဲ့အလံတိုင်ကို ဓာတ် ပုံရိုက်ပြီး တင်ထားပေတယ်။ အဝေးရိုက်ချက်ဆိုလေ တော့ ဘာမှသဲသဲကွဲကွဲမမြင်ရရှာဘူး။ ဒါပေမဲ့ ဓာတ်ပုံရဲ့အောက်မှာ ရေးထားတဲ့စာအရ ဟောင်းနွမ်း စုတ်ပြဲနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့အလံ ဆိုတာ သိရတယ်ပ။ အခုအဲဒီအလံတော်ကိစ္စကို လူချင်းတွေ့ရလို့ မေးတော့ ”ကျွန်တော်အဲဒီလိုဓာတ်ပုံရိုက်ပြီး မတင် ချင်ပါဘူးဗျာ။ ဒါပေမဲ့ နံနက်လမ်းလျှောက်ထွက် တိုင်း မြင်မကောင်း ရှုမကောင်းတဲ့ နိုင်ငံတော်အလံ ကိုမြင်ရတော့ စိတ်မချမ်းသာဘူး။ အလံကအရောင် တွေလွင့်နေတဲ့အပြင် စုတ်ပြတ်နေတော့ ရင်ထဲကမ ကောင်းဘူး။ ကျွန်တော်တို့က ကျောင်းသားဘဝက တည်းက သစ်လွင်တောက်ပတဲ့ ကျောင်းရှေ့အလံ တော်အောက်မှာ နိုင်ငံတော်သီချင်းဆိုပြီး နိုင်ငံတော် အလံကိုအလေးပြုခဲ့တာ ဝန်ထမ်းဘဝအငြိမ်းစားယူ တဲ့အထိပဲ။ ပြီးတော့လည်း အဲဒီရုံးဟာ သေးငယ်တဲ့ရုံး ဖြစ်ပေမယ့် အစိုးရရုံးဗျ”လို့ ပြောပြလေသဗျ။ အဲ့ဒီနောက်တော့ အကျွန်ငဒေါက်နဲ့သူ နိုင်ငံ တော်အလံအကြောင်းကို ဆွေးနွေးခဲ့ကြတယ်။ တကယ်တော့ နိုင်ငံတော်အလံနဲ့ပတ်သက်ပြီး ”နိုင်ငံတော်အလံဥပဒေနှင့် နိုင်ငံတော်အလံနည်း ဥပဒေသများ” ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။
”နိုင်ငံတော်အလံ လွှင့်ထူခြင်း” ပုဒ်မ ၁၂ မှာ- ”နိုင်ငံတော်အလံကို အသုံးပြုရာတွင် ယင်း၏ဂုဏ် ကျက်သရေကို ညှိုးမှိန်စေမည့် အရောင်အဆင်းမှေး မှိန်ပျက်ယွင်းခြင်း၊ ချုပ်ရိုးချုပ်သားပြုတ်ခြင်းနှင့်ပိတ် သားများစုတ်ပြဲခြင်း စသောချို့ယွင်းချက်များမရှိ သည့် အလံမျိုးကိုသာ အသုံးပြုရမည်” လို့ ပြဋ္ဌာန်း ထားခဲ့ပေတယ်။ ဒါ့အပြင် ”တားမြစ်ချက်နှင့်ပြစ်ဒဏ်” ပုဒ်မ ၁၃ မှာ-နိုင်ငံတော်အလံနှင့်စပ်လျဉ်း၍ မည်သူမျှ အောက် ဖော်ပြပါတစ်ခုခုကို မပြုလုပ်ရ- (က) နိုင်ငံတော်အလံပေါ်တွင် စာလုံး၊ ဂဏန်း၊ ရုပ်ပုံနှင့် သင်္ကေတစသောအမှတ်အသားတစ်ခုခုကို ရေးသားဖလှယ်ခြင်း၊ တွယ်ကပ်ခြင်း၊ ပုံနှိပ်ခြင်း (သို့ မဟုတ်) တစ်ခုခုဖြင့် အရာထင်စေခြင်း၊ (ခ) နိုင်ငံတော်အလံကို-
(၁) အဆင်းအရွယ်၊ ပုံသဏ္ဌာန် (သို့မဟုတ်) အချိုးအစားပျက်ပြားစေရန်ပြုခြင်း၊ (၂) ပြဋ္ဌာန်းခွင့်ပြုထားခြင်းမရှိသည့်နေရာ၊ ဒေသနှင့်ကိစ္စများတွင်အသုံးပြုခြင်း၊ (၃) မလေးမစားပြုခြင်း၊ (ဂ) နိုင်ငံတော်အလံ၏ အထက်နှင့်တန်းတူတွင် ပြည်တွင်းရှိအဖွဲ့အစည်းများ၏ အလံတစ်ခုခုလွှင့်ထူ ခြင်း။ ပုဒ်မ ၁၄-နိုင်ငံတော်အလံလွှင့်ထူကိုင်ဆောင် အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ မည်သူမျှ- (က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏အမိန့်မရဘဲ နိုင်ငံတော်အလံကို တိုင်ဝက် လွှင့်ထူခြင်းမပြုရ။ (ခ) ကျောက်ရုပ်၊ ကျောက်တိုင်နှင့် ရုပ်တု အစ ရှိသောအထိမ်းအမှတ်ဖွင့်ပွဲများ၌ နိုင်ငံတော်အလံနှင့် ဖုံးအုပ်ထားခြင်းမပြုရ။ (ဂ) နိုင်ငံတော်အခမ်းအနား (သို့မဟုတ်) စစ်အ ခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင်မှအပကွယ်လွန်သူ၏ ရုပ်ကလာပ်ကို နိုင်ငံတော်အလံဖြင့် ဖုံးလွှမ်းခြင်း မပြု ရ။ (ဃ) နိုင်ငံတော်အခမ်းအနား (သို့မဟုတ်) စစ် အခမ်းအနားဖြင့် သင်္ဂြိုဟ်ရာတွင် ကွယ်လွန်သူ၏ ရုပ် ကလာပ်နှင့်အတူ နိုင်ငံတော်အလံကို သင်္ဂြိုဟ်ခြင်း မပြုရ။ နိုင်ငံတော်အလံနှင့် သင်္ချိုင်းမြေမထိရ။ (င) နိုင်ငံတော်အလံကို အတင်အချပြုရာတွင် လည်းကောင်း၊ အသုံးပြုရာတွင်လည်းကောင်း နိုင်ငံ တော်အလံအောက်ရှိ မြေပြင်၊ ရေပြင်၊ ကြမ်းပြင်တို့ နှင့်မထိစေရ။ (စ) နိုင်ငံတော်အလံကို ဆုတ်ဖြတ်ဖျက်ဆီးခြင်း၊ ဂုဏ်ကျက်သရေပျက်ပြားစေရန် တမင်သက်သက် ပြုခြင်းမပြုရ။ ပုဒ်မ ၁၅-နိုင်ငံတော်အလံကို မည်သူမျှ- (က) ပစ္စည်းတစ်စုံတစ်ရာ ထုပ်ပိုးချည်နှောင် ရန်အသုံးမပြုရ။ (ခ) အခင်းအဖြစ်အသုံးမပြုရ။
(ဂ) နိုင်ငံတော်၏ ကိုယ်စားသော်လည်းကောင်း၊ တစ်မျိုးသားလုံး၏ ကိုယ်စားသော်လည်းကောင်း ဆောင်ရွက်ခြင်းမှအပ ပစ္စည်းတစ်ခုခု၏အမှတ်တံ ဆိပ်အဖြစ်လည်းကောင်း၊ ဆင်ယင်မှုအဖြစ်လည်း ကောင်းသုံးစွဲခြင်းမပြုရ။ ပုဒ်မ ၁၆ မှာ – မည်သူမဆို ပုဒ်မ ၁၃၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ တို့တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေကျပ်သုံးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေချမှတ်ရမည်”ပါတဲ့ခင်ဗျာ။ သလို နိုင်ငံတော်အလံဥပဒေနဲ့ နိုင်ငံတော်အလံ နည်းဥပဒေသများကို အကျွန်ငဒေါက်နဲ့သူငယ်ချင်းတို့ ဆွေးနွေးကြပြီး သူငယ်ချင်းက ”ကျွန်တော်လည်း င်္ခေနဘသသု ပေါ်မှာတင်ရော အဲဒီအလံကိုဖြုတ်သွား တယ်ဗျ၊ ဖြုတ်သွားပေမယ့်အတော်နဲ့တော့ ပြန်တင် တာမတွေ့ရဘူး။ အခုတော့ တင်ထားလောက်ပြီ ထင်တယ်”လို့ ပြောပြတယ်ပ။ ဆိုရရင် နိုင်ငံတော်အလံဆိုတာ အချုပ်အခြာ အာဏာပိုင်ဆိုင်တဲ့ နိုင်ငံတော်ရဲ့သင်္ကေတ၊ နိုင်ငံ တော်ရဲ့ဦးသျှောင်၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ လွတ်လပ်ခြင်းပုံရိပ်တို့ပဲ ဖြစ်ပေစွ။ စစ်ရှုံးသူတို့ရဲ့နယ်နိမိတ်ပေါ်မှာ စစ်အောင်သူ တို့ရဲ့ အလံစိုက်ထူလိုက်တာနဲ့ အဲဒီနယ်မြေဟာ အောင် ပွဲခံသူတို့ရဲ့ ပိုင်နက်ဖြစ်သွားပေတယ်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့် ရတဲ့ မြန်မာနိုင်ငံတော်ဆိုတာ မြန်မာ့အလံတော်စိုက် ထူထားတဲ့ နယ်မြေဒေသအစိတ်အပိုင်းအားလုံးကို ခေါ်ဆိုတာဖြစ်ပေတယ်။
ဒါကြောင့်နိုင်ငံတော်ရဲ့ အမှတ်အသားသင်္ကေတ ဖြစ်တဲ့ နိုင်ငံတော်အလံကို နက်ရှိုင်းစွာအလေးထား ရမှာဖြစ်ပေတယ်။ နိုင်ငံတော်အလံကို အလေးပြုခြင်း ဟာ နိုင်ငံသားတိုင်းပြုကျင့်ရမယ့် အသေးစားကျင့် ဝတ်လည်း ဖြစ်ပေတယ်ပ။ ဟိုတစ်ချိန်တစ်ခါတုန်းက အကျွန်ငဒေါက်နဲ့ သူ ငယ်ချင်းမိသားစုတစ်စု ရန်ကုန် ဆူးလေက ရုပ်ရှင် ရုံမှာ ရုပ်ရှင်ကြည့်ခဲ့ကြသကွဲ့။ သူငယ်ချင်းဟာ အစိုး ရဌာနတစ်ခုက ဒုတိယမန်နေဂျာတစ်ဦးဖြစ်ပြီး အလုပ် လုပ်တဲ့အခါစေ့စပ်သေချာသူလည်း ဖြစ်ပေသဗျ။ ဆိုရရင် အကျွန်တို့ရုပ်ရှင်ရုံထဲအရောက် ရုပ်ရှင် ဇာတ်ကားမပြခင် နိုင်ငံတော်အလံနဲ့ နိုင်ငံတော်သီချင်း ပြသလေတော့ ပွဲကြည့်သူအားလုံးမတ်တတ်ရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုကြသပေါ့။ ဒါပေမဲ့ ထူးထူးခြားခြား အကျွန်ငဒေါက်တို့ရှေ့ခုံတည့်တည့်က လူငယ်နှစ်ယောက်က မတ်တတ်မရပ်ကြဘူး။ ဒါကို သူငယ်ချင်းကမခံနိုင်ဘဲ”မင်းတို့ဘာလို့နိုင်ငံတော်အ လံကိုထပြီး အလေးမပြုကြတာလဲ” ဆိုတော့ လူငယ် နှစ်ယောက်က ”ခင်ဗျားနဲ့ဘာဆိုင်လို့လဲ။ လူဝါးလာ မဝနဲ့”လို့ ရန်ပြုစကားပြောလာခဲ့တယ်ပ။ ဒါနဲ့ပဲ သူ ငယ်ချင်းက ထသွားပြီး ရုပ်ရှင်ရုံကတာဝန်ရှိတဲ့ လူ ကြီးတစ်ယောက်ကို တိုင်ကြားပြီးခေါ်လာပါတယ်။ ခေါ်လာခဲ့တဲ့လူကြီးရဲ့မျက်နှာကလည်း သုန်မှုန်ပြီး နေပါတယ်။ အလုပ်လာရှုပ်ရမလားလို့ဆိုပြီး မလွှဲသာ မရှောင်သာလိုက်လာခဲ့တဲ့သဘောပါပဲ။ အဲဒီတာဝန် ရှိသူလူကြီးက ”ငါ့ညီတို့ဘာလို့နိုင်ငံတော်အလံကို အလေးမပြုကြတာလဲ”ဆိုတော့ လူငယ်နှစ်ယောက် က ”နေမကောင်းလို့ပါ”တဲ့လေ။
”အေး ..နောက်ဆိုရင် နိုင်ငံတော်အလံအလေး ပြုပါ”လို့ပြောပြီး တာဝန်ရှိလူကြီး ပြန်ထွက်သွားပါ တယ်ခင်ဗျာ။ သလို တာဝန်မဲ့ဖြေရှင်းပုံ ဖြေရှင်းနည်းဟာ နောက် လူအတွက် မီးပွားတစ်စက်ချပေးလိုက်သလိုပါပဲ။ ဒီ လူငယ်တွေရဲ့အကျိုးအကြောင်းမဆီလျော်တဲ့ ဖြေရှင်း ချက်ကို လက်ခံလိုက်ပြီး ခွင့်လွှတ်ပေးလိုက်တာဟာ ဥပဒေချိုးဖောက်သူတွေဘက်က ရပ်ပေးလိုက်သလို ဖြစ်ပေတယ်။ တစ်နည်းအားဖြင့် ဥပဒေကိုအသက် မဝင်ကြောင်းဖော်ပြပေးလိုက်သလိုလည်း ဖြစ်ပေတယ်။ တကယ်ဆို ရဲခေါ်ပြီးအရေးယူတာတို့၊ ရုံထဲက ဆွဲထုတ်တာတို့လောက်တော့ လုပ်သင့်တယ်ထင်တယ်။ အမှားကိုအမှန် ထင်ပြီး အသက်မဝင်တဲ့ တရားဥပဒေ တွေလည်း အကျွန်တို့နိုင်ငံမှာရှိနေသေး တယ်။ သေးငယ်တဲ့အမှုတွေကို ငွေဒဏ် တပ်လို့မကြောက်ရင် ကြိမ်ဒဏ်ဥပဒေမျိုး ပြဋ္ဌာန်းသင့်ရင် ပြဋ္ဌာန်းရမယ်လို့ ထင်ပေ သဗျ။
သလိုနဲ့ရုပ်ရှင်ပြီးလို့ ရုံထဲကထွက် တော့ ရုံရှေ့မှာအုတ်နီကျိုးတစ်ခုစီကိုင်ပြီး နှုတ်ဆက်ဖို့စောင့်နေသူက ငဒေါက်တို့ ရှေ့က လူငယ်ငနဲနှစ်ကောင်ပဲဖြစ်လေစွ။ ဒီတော့မှ ငဒေါက်လည်းကြားဝင်ပြီး အကြိမ် ကြိမ်တောင်းပန်ခဲ့ရတယ်ပ။ မတောင်းပန် ရင်လည်းမဖြစ်ဘူးလေ။ ငဒေါက်က မကြာခင်လက်ထပ်တော့မယ့် သတို့သား လောင်း။ အကြောင်းမညီညွတ်ရင် မင်္ဂလာပွဲကို ခေါင်းပတ်တီးနဲ့နွှဲရမယ့်အ ဖြစ်ပေပဲ။ မှန်သူက မှားသူကို၊ လူကောင်း ကနေ လူမိုက်ကိုတောင်းပန်ရတာ အဖြစ် ဆိုးလှသကွယ်။ ဆောင်းပါးကိုနိဂုံးချုပ်ပါမယ်။ မြန် မာ့မြေပေါ်မှာနေ၊ မြန်မာ့ဆန်စား၊ မြန်မာ့ ရေသောက်တဲ့ မြန်မာနိုင်ငံသားမှန်ရင် မိမိနိုင်ငံတော်ရဲ့အလံတော်ကို နက်ရှိုင်း စွာလေးစားကြရပါလိမ့်မယ်။ ပေါ့သွပ်တဲ့ ပြုမူမှုအပေါ် ရှက်တတ်ကြရပါမယ်။ ဒီလိုမှမဟုတ်ဘဲ နိုင်ငံတော်အလံကို လေး စားခြင်းမရှိ၊ နိုင်ငံတော်သီချင်းအပေါ် အိပ်ရာဝင်သားချော့တေးလောက်တောင် လေးနက်စွာတန်ဖိုးမထားတတ်သူတွေ ဆိုရင်တော့ ဝေးလေ..ကောင်းလေ ပါပဲခင်ဗျာ။….။
ဒိုးဒိုးဒေါက်
ကိုးကား
နယက၏ ”နိုင်ငံတော်အလံဥပဒေနှင့် နိုင်ငံတော် အလံနည်းဥပဒေ” ။
Discussion about this post