တောင်ငူ၊ ဧပြီ ၅
လေယာဉ်ပျက် ကျခဲ့မှုကြောင့်သေဆုံးခဲ့သော ဗိုလ် မှူးအာကာဝင်း၏ ဈာပနအခမ်း အနားကို ဧပြီ ၅ ရက် မွန်းလွဲ ၁ နာရီက တောင်ငူမြို့နယ် မဟင် ကျေးရွာအုပ်စုရှိ အိုင်ဇောက် သင်္ချိုင်းတွင် စစ်အခမ်းအနားဖြင့် ဂူသွင်းသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ တပ်မတော်မှ အရာရှိကြီးများနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက် အောက်ရှိ တပ်စုတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုများတက် ရောက်ကြသည်။
ယနေ့ဈာပနအခမ်းအနား ဖြင့် ဂူသွင်းသင်္ဂြိုဟ်ခဲ့သော ဗိုလ်မှူး အာကာဝင်းသည် တောင်ငူမြို့ လေတပ်စခန်းမှ ဧပြီ ၃ ရက် နံနက် ၁ဝ နာရီ ၄၆ မိနစ်တွင် အက်ဖ်- ၇ လေယာဉ်အား လေ့ကျင့်မောင်း နှင်ပျံသန်းမှုဆောင်ရွက်ပြီး လေ ယာဉ်ပြန်လည်ဆင်းရာမှ စက်ချွတ် ယွင်းမှုဖြစ်ပွားခဲ့ခြင်းကြောင့် လေ ယာဉ်ပျက်ကျသေဆုံးခဲ့ခြင်းဖြစ်သည်။
TLWC
#democracytoday
Discussion about this post