• About Us
  • Advertise
  • Careers
  • Contact Us
Saturday, December 7, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ပြည်ကြီးတံခွန်မြို့နယ်တွင် သားအမိနှစ်ဦးကိုသတ်၍ မီးရှို့အလောင်းဖျောက်ခဲ့ သည့် တရားခံကို ခ?

by YMG
June 13, 2019
in Life
1 min read
0
0
SHARES
14
VIEWS
Share on FacebookShare on Twitter

RelatedPosts

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်များကို စံသတ်မှတ်ချက်ကိုက်ညီသူများကိုသာ ထုတ်ပေးမည်

August 30, 2019

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

August 30, 2019

ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးဆွဲထားသည့် မြေပုံကို မြို့တော်စည်ပင်သာယာရေး ကော်မတီထံလွှဲအပ်ပေးမည်

August 30, 2019

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြန်မာကုန်သည်၊ တောင်သူများထိခိုက်နစ်နာမှုမရှိစေရန် နယ်စပ်ကုန်စည်ဒိုင်များကို နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရမည်ဟုဆို

August 28, 2019

မန္တလေး၊ မေ ၈-မန္တလေးတိုင်းဒေ သကြီးပြည်ကြီးတံခွန်မြို့နယ် ထိန် ကုန်းရပ်ကွက်တွင်ဖြစ်ပွားခဲ့သော သားအမိနှစ်ဦးကိုသတ်၍ မီးရှို့ အလောင်းဖျောက်ခဲ့သည့် တရား ခံကို မေ ၈ ရက် မွန်းလွဲ ၁ နာရီ ကျော်က ခရိုင်တရားရုံးမှ သေဒဏ် အပြင် အလုပ်နှင့်ထောင်ဒဏ် ၁ဝ နှစ်အား သီးခြားစီကျခံစေရန် အ မိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

”ဒီအမှုမှာက ခုနနှစ်နှင့်အထက် ချမှတ်နိုင်တဲ့ပြစ်မှုကိုကျူးလွန်တဲ့ အချိန်မှာ လူသတ်မှုကိုပါ တစ်ဆက် တည်းကျူးလွန်တဲ့အတွက် ရာဇ သတ်ကြီးပုဒ်မ-၃ဝ၂ (၁) (ဂ)အရ သေဒဏ်ချမှတ်ခဲ့တယ်။ နောက် ပြီး ရာဇသတ်ကြီးပုဒ်မ-၄၃၆အရ နေအိမ်အဆောက်အအုံကို ဖျက် စီးဖို့အကြံနဲ့ မီးရှို့တယ်။ ဒါကြောင့် အလုပ်နဲ့ထောင်ဒဏ် ၁ဝ နှစ် ချခဲ့ တယ်။ တရားခံအနေနဲ့ အယူခံအ ပြင်အဆင်မှုကို ကာလစည်းကမ်း သတ်မှတ်တဲ့ဥပဒေနဲ့အညီ လုပ် ဆောင်သွားလိမ့်မယ်။ သေဒဏ်နဲ့ ထောင်ဒဏ်ချမှတ်မှုအပေါ်မှာ တရားရုံးအနေနဲ့ ချမှတ်ထားပြီးဖြစ် တဲ့အတွက် အကျဉ်းထောင်ကိုပို့ ပေးသွားမယ်။ အကျဉ်းထောင်အ နေနဲ့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ က သူတို့အပိုင်းပါပဲ”ဟု ခရိုင်တရား ရုံးမှ ပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင် တရားသူကြီး ဦးစောဝီလီက ပြောကြားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန် ကုန်းရပ်ကွက်နေ အသက် (၃၇) နှစ်အရွယ် ဒေါ်နန်းခင်ထွေးဝင်း နှင့် ¤င်း၏သမီးဖြစ်သူ သုံးနှစ်အ ရွယ်ကလေးငယ် မနန်းရွှေရည်မိုးတို့ နှစ်ဦးအား ၂ဝ၁၇ခုနှစ် ဇန်နဝါရီ ၁၉ ရက် ညနေ ၅ နာရီခန့်က ¤င်း တို့၏နေအိမ်အခန်းအတွင်း သေ ဆုံးလျက်ရှိသည်ကိုတွေ့ရှိခဲ့ရသည်။
ဒေါ်နန်းခင်ထွေးဝင်း၏အ လောင်းမှာ ပလတ်စတစ်ပုံးတစ်ခု အတွင်း ခွေခေါက်ထည့်လျက်ဖြင့် တွေ့ရှိရပြီး ကလေးငယ်အလောင်း သည်လည်း ခရီးဆောင်အိတ်တစ် ခုအတွင်း မီးလောင်အနေအထား ဖြင့် တွေ့ရှိခဲ့ ခြင်းဖြစ်သည့်အတွက် ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး တစ်အိမ်တည်းအတူနေသူ အသက် (၂ဝ) အရွယ်ရှိ ခိုင်ဝေကို သံသယ တရားခံအဖြစ် ဖမ်းဆီးစစ်ဆေး ရာမှ ပစ္စည်းရလိုမှုလောဘကြောင့် လူသတ်မှုကျူးလွန်မိခြင်းဖြစ်ပြီး အလောင်းဖျောက်ဖျက်ရန်အတွက် ဓာတ်ဆီလောင်းမီးရှို့ခဲ့ခြင်းဖြစ် ကြောင်း တရားခွင်တရားသူကြီး၏ အပြီးသတ်အမိန့်ချစီရင်ချက်အရ သိရသည်။

ခိုင်ဝေသည် သမဝါယမချေး ငွေကျပ်ဆယ်သိန်းပေးရန်ရှိသည် ဖြစ်သည့်အတွက် ဒေါ်နန်းခင်ထွေး ဝင်းနှင့်သမီးဖြစ်သူ မနန်းရွှေရည်မိုး တို့အား ခုနစ်လက်မခွဲအရွယ်ရှိ ဟင်း လှီးဓားဖြင့် လူသတ်မှုကျူးလွန်ပြီး နောက် အလောင်းဖျောက်ရန်မီးရှို့ ကာ လက်ဝတ်ရတနာများဖြစ်သည့် ရွှေဆွဲကြိုးနှစ်ကုံး၊ ဟန်းချိန်းတစ် ခုနှင့် လက်စွပ်နှစ်ကွင်း၊ ရွှေဆွဲသီး တစ်ခုတို့ကို ရယူခဲ့ခြင်းကြောင့် ခိုင် ဝေအား ပြည်ကြီးတံခွန်မြို့နယ်မြို့ မရဲစခန်းတွင် (ပ)၅၅/၂ဝ၁၇၊ ရာဇ သတ်ကြီးဥပဒေပုဒ်မ-၃ဝ၂/ ၄၃၆ တို့ဖြင့် အမှုဖွင့်ဖမ်းဆီး၍ မန္တလေး ခရိုင်တရားရုံးသို့ ၂ဝ၁၇ ခုနှစ်၊ သြ ဂုတ်လတွင် စတင်တရားစွဲဆိုခဲ့သည်။

”ဒီအမှုကို သေဒဏ်နဲ့ ထောင် ဒဏ် ၁ဝ နှစ်ကို သီးခြားစီကျခံစေဖို့အ မိန့်ချလိုက်တဲ့အတွက် ပြစ်ဒဏ်ကို တစ်ခုပြီးမှတစ်ခုခံရမယ်။ အခု ဟာက အမှုစတည်ဆောက်တာက ရဲတပ်ဖွဲ့ကပါ။ သူတို့လည်းအတော် လေးတည်ဆောက်ခဲ့တယ်။ အမှုအ သွားအလာမှာ မျက်မြင်သက်သေ မရှိတဲ့အတွက် အတော်လေးကြန့် ကြာသွားတယ်။ တရားသူကြီးရဲ့ စီ ရင်ချက်ကလည်း ဖြောင့်မတ်မှုရှိ တယ်။ ဒါကြောင့် တရားခံအနေနဲ့ သူ့ရဲ့ထိုက်သင့်တဲ့ပြစ်ဒဏ်ကို ခံစား သွားရခြင်းဖြစ်ပါတယ်”ဟု တရား လို၏ရှေ့နေဖြစ်သူ တရားလွှတ် တော်ရှေ့နေ ဦးစောထိန်သိန်းက ပြောကြားခဲ့သည်။

ယင်းအမှုကို မန္တလေးခရိုင် တရားရုံး၊ ဒုတိယခရိုင်တရားသူ ကြီး(၇) ဒေါ်တင့်တင့်ဌေးက ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ တရားလိုနှင့် လိုပြသက်သေ ၁၄ ဦး၊ တရားခံနှင့် ခံပြသက်သေတစ်ဦး တို့ကို ရုံးချိန်းပေါင်း ၅၅ ချိန်း၊ အ ချိန်တစ်နှစ်နှင့် သုံးလနီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MTK/DemocracyToday

Previous Post

နယ်စပ်သွားကားလမ်းပေါ်၌ တစ်ရက်တည်း တရားမဝင်သစ်တင်မော်တော်ယာဉ်လေးစီး တွေ့ရှိဖမ်းဆီး

Next Post

ဂျေရုဆလင်တွင် အမေရိကန်သံရုံးဖွင့်ပွဲသို့ ကိုယ်စားလှယ်အဖွဲ့ ထရန့်စေလွှတ်မည်

YMG

Related Posts

Life

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်များကို စံသတ်မှတ်ချက်ကိုက်ညီသူများကိုသာ ထုတ်ပေးမည်

August 30, 2019
Life

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

August 30, 2019
Yangon Media Group
Life

ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးဆွဲထားသည့် မြေပုံကို မြို့တော်စည်ပင်သာယာရေး ကော်မတီထံလွှဲအပ်ပေးမည်

August 30, 2019
Life

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြန်မာကုန်သည်၊ တောင်သူများထိခိုက်နစ်နာမှုမရှိစေရန် နယ်စပ်ကုန်စည်ဒိုင်များကို နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရမည်ဟုဆို

August 28, 2019
Life

စစ်ကိုင်းမြို့၌ ကျင်းပသည့် ပထမအကြိမ်ကျောက်မျက်ရတနာအချောထည်နှင့် ကျောက်စိမ်းအတွဲများရောင်းချပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၀ဝ ကျော်ခင်းကျင်းပြသ

August 28, 2019
Life

မြေပဲဆန်ကုန်ကြမ်းဈေးမြင့်တက်လာပြီးနောက် မြေပဲဆီဈေးနှုန်းပါ မြင့်တက်လာမှုကြောင့် တောင်သူများ တန်ဖိုးနည်းဆီများကိုသာ ဝယ်ယူစားသုံးနေကြရ

August 28, 2019
Next Post

ဂျေရုဆလင်တွင် အမေရိကန်သံရုံးဖွင့်ပွဲသို့ ကိုယ်စားလှယ်အဖွဲ့ ထရန့်စေလွှတ်မည်

Discussion about this post

Connect with us

ADVERTISEMENT

Recommended

လက်တင် အမေရိကတွင် အမျိုးသမီးများ အသတ်ခံရမှု အများဆုံး အယ်လ်ဆာဗေးဒိုးနိုင်ငံဖြစ်

1 year ago

နိုင်ငံတော် ကာကွယ်ရေးအတွက် ရေငုပ်သင်္ဘောတပ်ဖွဲ့တစ်ခု၊ ရေငုပ်သင်္ဘောတစ်စင်း ပိုင်ဆိုင်နိုင်ရ??

6 months ago

ဟောင်ကောင် ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများ၊ ရော်ဘာ ကျည်တို့ဖြင့် ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွင်း

4 months ago

ပြည်မြို့ရွာ ဘဲရပ်ဥယျာဉ်စုဘုန်းကြီးကျောင်းအတွင်း ထင်းမီးဖိုမီြးွကင်းမီးကျန်မှတစ်ဆင့် မီ

1 year ago

ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရေးအတွက် စိတ်ရှည်ရမည်ဟု နည်းပြတူချယ်ပြောဆို၊ ပီအက်စ်ဂျီတွင် မိမ?

8 months ago

Popular News

  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • ဓနုဖြူမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၁၁ လုံးရေထဲပါ

    0 shares
    Share 0 Tweet 0
  • ဖားကန့်မြေစာပုံပြိုကျ ရေမဆေးကျောက်ရှာဖွေသူ ငါးဦးပျောက်ဆုံး

    0 shares
    Share 0 Tweet 0
  • အမေရိကန် ကုန်စည်နှင့် ဝန်ဆောင်မှုများ ပိုမို တင်သွင်းဝယ်ယူရန် တရုတ် သဘောတူ

    0 shares
    Share 0 Tweet 0
  • သင်ယူခြင်း

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.