• About Us
  • Advertise
  • Careers
  • Contact Us
Sunday, December 8, 2019
No Result
View All Result
Yangon Media Group
Advertise
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
  • Home
  • Editorial
  • Articles
  • Political
  • Regional
  • Business
  • World News
  • Entertainment
  • Sport
  • Technology
  • Life
  • Others
No Result
View All Result
Yangon Media Group
No Result
View All Result

ပုဂံဒေသဆိုင်ရာ ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်းဖြင့် ပုဂံရှေးဟောင်း အဆောက်အအုံများနှင့် လူေ?

by M Bwe
June 13, 2019
in Life
1 min read
0
0
SHARES
12
VIEWS
Share on FacebookShare on Twitter

RelatedPosts

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်များကို စံသတ်မှတ်ချက်ကိုက်ညီသူများကိုသာ ထုတ်ပေးမည်

August 30, 2019

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

August 30, 2019

ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးဆွဲထားသည့် မြေပုံကို မြို့တော်စည်ပင်သာယာရေး ကော်မတီထံလွှဲအပ်ပေးမည်

August 30, 2019

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြန်မာကုန်သည်၊ တောင်သူများထိခိုက်နစ်နာမှုမရှိစေရန် နယ်စပ်ကုန်စည်ဒိုင်များကို နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရမည်ဟုဆို

August 28, 2019

ရန်ကုန်၊ မေ ၁၃

ပုဂံဒေသနှင့် ပတ်သက်သည့် ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်းဖြင့် ပုဂံရှေးဟောင်း အဆောက်အအုံများ၊ ဗိသုကာများ၊ ရိုးရာပွဲတော်များနှင့် လူနေမှုဘဝများကို မြန်မာနိုင်ငံတစ်ဝန်းလုံးသာမက ကမ္ဘာကပါ သိရှိလာနိုင်မည်ဖြစ် ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ‘နှလုံးသားထဲက ပုဂံ’ ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ ပြပွဲဖွင့်ပွဲကို မေလ ၁၃ ရက်က အမျိုးသားပြတိုက် (ရန်ကုန်)တွင် ပြုလုပ်ခဲ့ပြီးသုံးရက် ကြာပြသမည်ဖြစ်ကာ ပြပွဲတွင် ဓာတ်ပုံဆရာ ၁ဝဝ၏ ဓာတ်ပုံ ပေါင်း ၂ဝဝ ကျော်ကို ပြသထားသည်။ ”အခုလို ပုဂံဒေသဆိုင်ရာ ဓာတ်ပုံပြပွဲများ ပြုလုပ်ခြင်းဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေကြီးရှိ ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းအဆောက်အအုံများ၊ ထူးခြားတဲ့ ဗိသုကာပညာများ၊ အနုပညာလက်ရာများ၊ သဘာဝရှု မျှော်ခင်းများ၊ ရိုးရာပွဲတော်များ၊ ပုဂံဒေသ အလေ့အထများနဲ့ လူ နေမှုဘဝများကို မြန်မာနိုင်ငံတစ် ဝန်းလုံးသာမက ကမ္ဘာတစ်ဝန်းက ပါ သိရှိနိုင်မှာဖြစ်ပြီး မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့ရဲ့ ပုဂံရှေးဟောင်း အမွေအနှစ်များကို ချစ်မြတ်နိုးတန်ဖိုးထားစိတ်၊ ရှေးအဘိုးအဘွားများ ပေးအပ်ခဲ့တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်အပေါ် ဂုဏ်ယူမြတ်နိုး ထိန်းသိမ်း စောင့်ရှောက်လိုစိတ်တွေ ပိုမိုဖြစ် ထွန်းလာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်မှုမှာ ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာ သိရှိပြီး အားလုံး ပူးပေါင်းပါဝင်နိုင်မယ့် အကျိုး ကျေးဇူးတွေရှိမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

‘နှလုံးသားထဲက ပုဂံ’ ဓာတ်ပုံ ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ ပုဂံဒေသတွင် ပြသခဲ့ပြီး ယခု ရန်ကုန်၊ အမျိုးသားပြတိုက်တွင် လာ ရောက်ပြသကြခြင်းဖြစ်ကာအမွေ အနှစ်စာရင်း တင်သွင်းရန်အတွက် ပြင်ဆင်ထားသည့် ပုဂံဒေသအကြောင်း ရိုက်ကူးထားသော ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။ ”ပုဂံကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းဖို့ ရှေးဟောင်း သုတေသနဦးစီးဌာနက ပညာရှင် တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ Bagan Com အဖွဲ့က ဗီဒီယိုဖိုင် လေး ရိုက်ကူးပေးဖို့ ကျွန်တော့်ကို မေတ္တာရပ်ခံတဲ့အတွက် စေတနာ့ဝန်ထမ်းအဖြစ် ရိုက်ကူးပေးခဲ့ပါတယ်။ ကူညီပေးကြတဲ့ ဆရာဦးထွန်း အောင်ကျော်၊ မေတ္တာမိုးပရဟိတအဖွဲ့နဲ့ Xeon Printing တို့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ဆိုရင် ယူနက်စကိုက သတ်မှတ်ထားတဲ့ စံနှုန်းသတ်မှတ်ချက် ခြောက်ချက်ထဲက တစ်ချက်ချက်နဲ့ကိုက်ညီရင် ဝင်နိုင်ပါတယ်။ပုဂံကတော့ စံနှုန်းသုံးချက်လောက်နဲ့ ကိုက်ညီနိုင်တဲ့အတွက် အဆို ပြုလွှာတွေ တင်သွင်းခဲ့ပြီးဖြစ်ပါ တယ်။ ၂ဝ၁၉ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်၊ မဝင်သိရှိ နိုင်တော့မှာ ဖြစ်ပါတယ်”ဟု ပြပွဲ စီစဉ်သူ ဒီဇိုင်း မျိုးဆွေသန်းက ပြောသည်။

Xeon Printing အဖွဲ့မှဓာတ် ပုံပေါင်း နှစ်ရာကျော်ကို အခမဲ့ Printing ထုတ်ပေးခဲ့ပြီး ဓာတ်ပုံများ ရောင်းချရပါက ရောင်းချရ သည့်အကျိုးအမြတ်ကို ပုဂံဒေသအတွက် အသုံးပြုသွားမည်ဖြစ် ကြောင်း သိရသည်။ ”ပုဂံဒေသဆိုတာရှေးဟောင်း အဆောက်အအုံတွေ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ရှိတဲ့ နေရာတစ်ခုဖြစ်တယ်ဆိုတာ အားလုံးသိကြပါတယ်။ အခုဆိုရင် နိုင်ငံတော်အဆင့်ကနေ ကမ္ဘာ့အဆင့်အထိ သတ်မှတ်ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး ဦးမြင့်သောင်းက ပြပွဲအခမ်းအနားတွင် ပြောသည်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရန် အရေးကြီးဆုံးအချက်များမှာ အမွေအနှစ်များ မထိခိုက် မပျက်ဆီးအောင် ထိန်းသိမ်းရန်နှင့် ပြည်သူများသည် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနေသည်ကိုသိရှိကာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်စေလိုသော ဆန္ဒများရှိနေရန် အထူးလိုအပ် ကြောင်း သိရသည်။ 

TTHL

#democracytoday

Previous Post

ရတနာဆင်များရှင် စေတီတော်ကြီးတွင် ကပ်လှူထားသည့် ကြေးပြားနှင့် ရွှေပြားများ ကျပ်သိန်း ၅၅ဝ ဖြ??

Next Post

၅၅ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရ၍ ဟမ်းဘတ် ပရိသတ်များ သောင်းကျန်း

M Bwe

Related Posts

Life

အခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်ကြောင်း လက်မှတ်များကို စံသတ်မှတ်ချက်ကိုက်ညီသူများကိုသာ ထုတ်ပေးမည်

August 30, 2019
Life

ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့်အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

August 30, 2019
Yangon Media Group
Life

ရန်ကုန်တိုင်းဒေသကြီးအတွက် ရေးဆွဲထားသည့် မြေပုံကို မြို့တော်စည်ပင်သာယာရေး ကော်မတီထံလွှဲအပ်ပေးမည်

August 30, 2019
Life

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု မြန်မာကုန်သည်၊ တောင်သူများထိခိုက်နစ်နာမှုမရှိစေရန် နယ်စပ်ကုန်စည်ဒိုင်များကို နိုင်ငံအတွင်းဘက်သို့ ပြောင်းရွှေ့ရမည်ဟုဆို

August 28, 2019
Life

စစ်ကိုင်းမြို့၌ ကျင်းပသည့် ပထမအကြိမ်ကျောက်မျက်ရတနာအချောထည်နှင့် ကျောက်စိမ်းအတွဲများရောင်းချပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၀ဝ ကျော်ခင်းကျင်းပြသ

August 28, 2019
Life

မြေပဲဆန်ကုန်ကြမ်းဈေးမြင့်တက်လာပြီးနောက် မြေပဲဆီဈေးနှုန်းပါ မြင့်တက်လာမှုကြောင့် တောင်သူများ တန်ဖိုးနည်းဆီများကိုသာ ဝယ်ယူစားသုံးနေကြရ

August 28, 2019
Next Post

၅၅ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရ၍ ဟမ်းဘတ် ပရိသတ်များ သောင်းကျန်း

Discussion about this post

Connect with us

ADVERTISEMENT

Recommended

အတ္ထုပ္ပတ္တိရေးရန် အသင့်မဖြစ်သေးဟု Alesha Dixon ဆို

1 year ago

အောင်လံမြို့နယ်အတွင်း ပဲတီစိမ်းအထွက်နှုန်းကောင်းပြီးဈေးကောင်းရသော်လည်း အလုပ်သမားစရိတ်ကြီးမြင့်မှုကြောင့် အမြတ်နည်းနေ

4 months ago
Yangon Media Group

FMI ကုမ္ပဏီလီမိတက် စင်ကာပူစတော့အိတ်ချိန်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်သည့် မြန်မာကုမ??

2 years ago

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က မြို့နယ်တရားသူကြီး၊ ဥပဒေအရာရှိနှင့် ရှေ့နေတို့ကို

2 years ago

အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူ နိုင်ငံခြားသား ၅ဝ ကို လဝက ဝန်ကြီးကိုယ်တိုင် လူတွေ့စစ်ဆေ?

1 year ago

Popular News

  • ‘လိပ်ပြာစံအိမ်’ ရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်းနိုင်ငံတွင် ရုံတင်ပြသသွားမည်

    0 shares
    Share 0 Tweet 0
  • Airbus A220-300 ခရီးသည်တင်လေယာဉ်ကို ရန်ကုန်မြို့တွင် ပျံသန်းမိတ်ဆက်

    822 shares
    Share 822 Tweet 0
  • မန္တလေးမြို့တွင် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ နှစ် (၃ဝ)ပြည့် ပုလဲရတု အထိမ်းအမှတ် အခမ်း??

    0 shares
    Share 0 Tweet 0
  • ”လုံးဝ အချစ်သက်သက် ဇာတ်လမ်းမျိုးကို ရိုက်ချင်လို့ Now & Ever ကို ရိုက်မှာပါ” ဒါရိုက်တာ ခရစ်စတီးန?

    0 shares
    Share 0 Tweet 0
  • မန္တလေး၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆ?

    0 shares
    Share 0 Tweet 0
ADVERTISEMENT

About Us

Yangon Media Group

The Yangon Times ™ and Flower News ™ are the weekly Journals of Yangon Media Group Limited.

Category

  • Articles
  • Automotive
  • Business
  • Editorial
  • Entertainment
  • Interview
  • Life
  • National
  • Others
  • Political
  • Regional
  • Science & Tech
  • Sport
  • Tech
  • Uncategorized
  • World News

Yangon Media Group Here!

  • About Us
  • Advertise
  • Careers
  • Contact Us

© 2019 Yangon Media Group.

No Result
View All Result
  • Business
  • Science
  • National
  • Entertainment
  • Tech

© 2019 Yangon Media Group.