ညောင်လေးပင်၊ ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ဆွဲဒလွဲကျေးရွာအုပ်စု ဆွဲဒလွဲ ကျေးရွာကွင်းအမှတ် ၁၇၃(က)နှင့် ၁၇၃(ခ) လယ်ကွင်းများ၌ ရွှေခရု များ ကျရောက်သောကြောင့် စိုက်ပျိုးပြီး လယ်ဧကအချို့ပျက်စီးမှုဖြစ် ပေါ်နေကြောင်း အဆိုပါကျေးရွာနေ တောင်သူများထံမှသိရသည်။
အဆိုပါရွှေခရုများကို ယခင်နှစ်များကလည်း တွေ့ရှိခဲ့ဖူးပြီး ယခုနှစ်မှသာ စပါးခင်းများပျက်စီးခြင်း ဖြစ်ကြောင်း၊ လောလောဆယ်တောင်သူ ၁၅ ဦး၏ စိုက်ပျိုးပြီး လယ်ဧကသုံးဆယ်ခန့်ပျက်စီးပြီး လက်ရှိတွင် မိမိလယ်အတွင်း ကျရောက်လျက် ရှိသော ရွှေခရုများနှင့် ဥများအား ကောက်ယူဖျက်ဆီးခြင်းနည်းဖြင့် သာ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပျက်စီးသွားသော လယ်ကွက်များအား သက်ငယ်စပါးကို ပြန်လည် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း တောင်သူ ဦးအေးစောက ပြောသည်။
ညောင်လေးပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်သက်သက်ညွန့်က မြို့နယ်အတွင်း ဂျို့ပင်ကျေးရွာ၌ ယခုလအစပိုင်းက လယ်ဘေး ရေမြောင်းထဲရှိ အပင်များပေါ်၌ ဥများကို စတင်တွေ့ရှိရပြီး မဒေါက် မြို့နှင့် ဆွဲဒလွဲကျေးရွာတို့၌လည်း တွေ့ရှိရကြောင်းနှင့် အခြားကျေးရွာများ၌ မတွေ့ရှိရကြောင်း ပြော ကြားသည်။
မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရွှေခရု ကာကွယ်နှိမ်နင်း နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်း၊ ရွှေခရု ကျရောက်ချိန်နှင့် ဖျက်ဆီးပုံလက္ခဏာ၊ စပါးမစိုက်ပျိုးမီ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် စိုက်ပျိုးချိန်တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် လက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းတို့ကို နယ်မြေဒေသအလိုက် အချိန်နှင့်တစ်ပြေးညီ ကွင်း ဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI
Discussion about this post