မြဝတီ၊ ဇူလိုင် ၂၁- ပြည်တွင်း၌ လိုင်စင်မဲ့ယာဉ်များဖမ်းဆီးတော့ မည်ဟု သတင်းများထွက်ပေါ်ခဲ့သ ဖြင့် ကရင်ပြည်နယ် မြဝတီနယ် စပ်မှ သောင်ရင်းကမ်းစပ်ရှိ ဂျပန် တစ်ပတ်ရစ်ယာဉ်များဈေးကျကာ အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။
”ယာဉ်တစ်စီးကိုပြီးခဲ့တဲ့မေ လကုန်ကထက်စာရင် ဘတ်ငွေ ၂ဝဝဝဝ ဝန်းကျင်ထိ ဈေးကျသွား ပါတယ်။ ယခင်က ဘတ် ၅ဝဝဝဝ ဝန်းကျင်ရှိတဲ့ ဟွန်ဒါဖစ်ယာဉ်တွေ အခုဘတ် ၃ဝဝဝဝ ကျော်ရုံခန့် သာရှိပြီး အဝယ်လက်လိုက်တဲ့”က လူဂျာ”ယာဉ်တွေ၊ ”အာရာဖက်” ယာဉ်တွေလည်း ဘတ် ၆ဝဝဝဝ ပတ်ဝန်းကျင်ထိ ဈေးကျနေတဲ့အ တွက် မြဝတီယာဉ်ဈေးကွက်ပြန် စည်လာတယ်လို့ ပြောရမှာပါ။ အ ခုဆိုရင် တိုယိုတာဝစ် ယာဉ်တွေ က ဘတ် ၄၅ဝဝဝ နဲ့ ဘတ် ၆၅ဝဝဝ၊ ကရောင်း (ဃမသတည) အ ဆင့်မြင့် ၂ဝဝ၇ မိုဒယ်နဲ့ ၂ဝဝ၈ မိုဒယ် တွေဆိုရင် ဘတ် ၂ဝဝဝဝဝ နဲ့ ၃ဝဝဝဝဝ၊ လင်ခရူဇာ ၂ဝဝ၈ မိုဒယ်တွေက ဘတ် ၃ဝဝဝဝဝ နဲ့ ဘတ် ၄ဝဝဝဝဝ အကြား အရင် ထက်ဈေးကျခဲ့ပြီး အရောင်းရဆုံး ယာဉ်ကတော့”ကလူဂျာ”အမျိုး အစားယာဉ်တွေပဲ။ တစ်စီးကို ဘတ် ၁ဝဝဝဝဝ ကနေ ဘတ် ၁၇ဝဝဝဝ ကြားမှာ အရောင်းအ ဝယ်ဖြစ်ကြတယ်”ဟု သောင်ရင်း တစ်ဖက်ကမ်း၌ ကားဝယ်ရောင်းလုပ်ကိုင်နေသူတစ်ဦးက ပြော သည်။
မြန်မာနိုင်ငံဘက်တွင် ဖမ်း ဆီးမှုများဖြစ်ခဲ့ပြီးနောက် ကားကုန် သည်များအနေနှင့် ထိုင်းဘက် ကမ်းတွင် ဈေးကွက်ပြန်လည်သက် ဝင်လှုပ်ရှားလာခဲ့ကာ ဂျပန်မှကွန် တိန်နာပုံးချပြီးသည်နှင့်အရောင်း အဝယ်ဖြစ်လာခဲ့သည်။ သို့သော် လည်း အဆိုပါယာဉ်ဈေးကွက်တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအ ထိသာ ရောင်းဝယ်ခြင်းပြုလုပ် လျက်ရှိပြီး ညအိပ်ထားခွင့်မရှိသ ဖြင့် အချိန်ပိုင်းသာရောင်းဝယ်နေ ကြောင်း သိရသည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီ မြို့မှ တစ်ဆင့် ပြည်တွင်းဈေးကွက် သို့ တရားဝင်မော်တော်ယာဉ်တင် သွင်းရာ၌ (ညာကိုင်း)ကိုသာ တင် သွင်းရမည်ဆိုသော မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာမူဝါဒနှင့်မြင့် တက်သွားသည့် အခွန်မူဝါဒအ ပြောင်းအလဲကြောင့် နယ်စပ်မှ တရားဝင်ယာဉ်တင်သွင်းမှုမရှိသ လောက်လျော့နည်းသွားခဲ့သည်။
Discussion about this post