သထုံ၊ ဇူလိုင် ၂၄
မွန်ပြည်နယ် သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာတွင် ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းပြီး ဒုံသမိချောင်းရေမြင့်တက်လာမှု ကြောင့် ချောင်းကမ်းနံဘေးနေ ဒေသခံပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ ကြောင်း သိရသည်။
ဒုံသမိချောင်းရေမှာ စိုးရိမ်ရေ အမှတ် ၁၄ ပေ ဖြစ်ပြီး လက်ရှိ အနေအထားတွင် ချောင်းရေမှာ ၁ဝ ပေ ၆ လက်မအထိ တက်လာနေ ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ ချောင်းကမ်းနံဘေးရှိ ရပ်ကွက်များအတွင်း ရေများဝင်ရောက်လာခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဒုံသမိချောင်းနံဘေးနေ ဒေသခံများအနက် ရွာလယ်ဓမ္မာရုံသို့ အိမ်ခြေ ၅ဝ မှ အမျိုးသား ၁၁၄ ဦး၊ အမျိုးသမီး ၁၂၂ ဦး၊ တပ်ဦး ဘုန်းတော်ကြီးကျောင်းတိုက်သို့ အိမ်ခြေ ၃ဝ အမျိုးသား ၆၉ ဦး၊ အမျိုးသမီး ၆၇ ဦး၊ စုစုပေါင်း ၃၇၂ ဦးတို့အား သုဓမ္မဝတီနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများက ကူညီကယ်ဆယ်ပြောင်းရွှေ့ပေးခဲ့ပြီး သထုံ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်း၊ သထုံမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူး စိုးအောင်နှင့် ရဲတပ်ဖွဲ့ ဝင်များက ရေဘေးသင့်ပြည်သူ များအား ဆေးဝါးများ၊ ဆန်၊ ဆီ၊ ကြက်ဥနှင့် အခြားလိုအပ်သည်များ ထောက်ပံ့ပေးခဲ့သည်။
ဒူးရင်းဆိပ်ကျေးရွာသည် မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ကို ဆက်သွယ်ထားသာ ဒုံသမိတံတား အနီးတည်ရှိရာ ကျေးရွာဖြစ်ပြီး ရပ်ကွက် ခုနစ်ရပ်ကွက်ရှိကာ အမှတ် ၁၊ ၂ နှင့် ၆ ရပ်ကွက်များသည် နှစ် စဉ် ရေကြီးရေလျှံမှုများဖြစ်ပေါ်တတ်သည့်ရပ်ကွက်များဖြစ်ကြောင်း၊ အမှတ်-၂ နှင့် အမှတ်-၆ ရပ်ကွက် တို့သည် ရေကြီးမှုဒဏ်ကို ပိုမိုခံစား ကြရကြောင်း သိရသည်။
ZMT
#democracytoday
Discussion about this post