ရန်ကုန်၊ ဇွန် ၂၂ – FDA ဒုတိယ ကြီးကြပ်ရေးမှူးအမျိုးသမီးကို အဓမ္မကျင့် လုယက်သတ်ဖြတ်ခဲ့သည့် တက္ကစီယာဉ်မောင်းအား သေဒဏ်ချ မှတ်လိုက်ကြောင်း သိရသည်။
ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် အမှုမှ တရားခံမျိုးဇော်ဦး(ခ) ဆီ ဒိုးနားအား ရာဇသတ်ကြီးပုဒ်မ- ၃၉၂/ ၃၇၆/ ၃၇၇ (လုယက်မှု/ မုဒိမ်းမှု/ဓမ္မတာဆန့်ကျင်သောကာ မစပ်ယှက်မှု)တို့ကို ကျူးလွန်စဉ် လူ သတ်မှုပါ ကျူးလွန်ခဲ့သည့်အတွက် ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁)(ဂ) အရ သေဒဏ်ချမှတ်ကြောင်း အရှေ့ ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင် တရားသူကြီး(၄) က အပြီးသတ်အ မိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အရှေ့ပိုင်းခရိုင်တရားရုံး သ တင်းပြန်ကြားရေးအရာရှိ တွဲဖက် ခရိုင်တရားသူကြီး ဦးထွန်းထွန်း ဦးက ”၃ဝ၂(၁)(ဂ)မှာ ရာဇသတ် ကြီးအရ ထောင်ဒဏ်ခုနစ်နှစ် ကျ ခံထိုက်တဲ့ပြစ်မှုကို ကျူးလွန်တဲ့ပြစ် မှုနဲ့ပတ်သက်လို့ သေဒဏ်ချမှတ် တယ်လို့ သိရတယ်။ ရာဇသတ်ကြီး အရ တည်ဆဲဥပဒေမှာ ပြဋ္ဌာန်း ချက်ကိုလိုက်ပြီးတော့ သေဒဏ် ချမှတ်ခြင်း ဖြစ်ပါတယ်။ တရား ရုံးစီရင်ချက်အရ သေဒဏ်ချမှတ် ခြင်းဖြစ်တယ်။ သေဒဏ်က ထောင် ဒဏ်မရှိပါဘူး” ဟု မီဒီယာများကို ပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၃ဝ၂(၁)(ဂ)တွင် ခုနစ်နှစ်ထိ ထောင်ဒဏ် ချမှတ်ခြင်း ခံထိုက်သောပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကိုပါကျူး လွန်လျှင် ထိုသူကိုသေဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ရာဇသတ်ကြီးဥပဒေ၌ ပြဋ္ဌာန်းထားသည်။
အမှုစစ်ဆေးမှုမှာ လေးလကျော် သာကြာမြင့်ခဲ့ကြောင်း သိရသည်။
တရားခံ မျိုးဇော်ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် အ ထက်တန်းရှေ့နေ ဦးမောင်မောင် စိုးက ”သူ့ကို ၃ဝ၂(၁)(ဂ)အနိမ့် ဆုံးပြစ်ဒဏ်က အလုပ်ကြမ်းနဲ့ ထောင် ၁ဝ နှစ်နဲ့ အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်၊ အမြင့်ဆုံးပြစ်ဒဏ်သေ ဒဏ်ကို ချလိုက်တယ်။ သေဒဏ် ဟာ တကယ့်တကယ် လက်တွေ့ ကျတော့ ကွပ်မျက်ပစ်တာ မဟုတ် ဘူး။ မြန်မာနိုင်ငံမှာ အဲ့ဒီလိုကွပ် မျက်တဲ့လုပ်ထုံးလုပ်နည်းမရှိဘူး။သေဒဏ်တော့သေဒဏ်ပဲ အထက် အယူခံတွေတက်ပြီးတော့ အဲ့ဒီ အယူခံတွေကတစ်ဆင့် အထက် အမိန့်အရ ပြောင်းလဲသွားတာ။သေဒဏ်ဆိုတာ တကယ်တော့ အမိန့်ဘဲရှိတယ်။ သတ်မပစ်ဘူး။ထောင်ထဲမှာ သေဒဏ်ကျအကျဉ်း သားအနေနဲ့နေရတာ” ဟု မီဒီယာ များကို ပြောသည်။
သေဒဏ်အမိန့် ချမှတ်မှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော်သို့ အယူခံတက်သွားမည်ဖြစ်ကြောင်း ¤င်းကဆက်လက်ပြောသည်။
”သေဒဏ်ပေးတယ်ဆိုတော့ ပြင်းထန်လွန်းအားကြီးတယ်။ သူ့ ကိုဖမ်းတော့ ၂၄ ရက်မှာ ဖမ်းမိ တယ်။ အခင်းဖြစ်တာက ၂ဝ ရက် ၄ ရက်ကြာတယ်။ ၄ ရက်ကြာမှ အင်္ကျီမှာ သုက်ပိုးတွေ့တယ်။ ဒါ ဟာ သဘာဝမကျဘူး။ ယုတ္တိလဲမ ရှိဘူး။ ကျူးလွန်သူမှာလည်း မိန်းမ ရှိတယ်။ စွပ်စွဲမှုကြီးက သိပ်ပြီး တော့မှ တစ်ဖက်သတ်ဆန်လွန်း အားကြီးတယ်။ ဒီအမှုကတရားမျှ တမှုမရှိဘူး။ ရဲကိုဖြောင့်ချက်ပေး လိုက်တာနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက်နင်းသွားတယ်။ ဖြောင့်ချက်ကို ရုပ်သိမ်းတော့လည်း ရုပ်သိမ်းပါတယ်ပြောပြီးတော့ ဖြောင့် ချက်ကိုအတည်ယူပစ်လိုက်တယ်” ဟု ¤င်းကပြောသည်။
အမိန့်ချမှတ်မှုအပြီး တရား ရုံးအထွက်တွင် သေဆုံးသူ မရွှေရည် ဝင်း၏ မိသားစုဝင်အချို့ ငိြုေ<ွကး မှုများရှိခဲ့သည်။
မရွှေရည်ဝင်း၏ ဖခင်ဦး ကျော်စိုးက ”အမိန့်ချမှတ်မှုအပေါ် အားရကျေနပ်မှုရှိပါတယ်။ သူ့ပြစ် ဒဏ် သူ့ဥပဒေအတိုင်း စီရင်ချက် ချတယ်ပေါ့။ မိသားစုဝင်အားလုံး လည်း ကျေနပ်ကြပါတယ်” ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။
တရားခံမျိုးဇော်ဦးမှာ သေဒဏ် အမိန့်ချမှတ်ပြီးနောက် အမူအရာမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။
မျိုးဇော်ဦး၏ ဦးလေးကိုအောင် ဇော်ဦးက ”တူဖြစ်တဲ့သူ သေဒဏ် ချမှတ်ခံရတဲ့အပေါ် စိတ်မကောင်း ဖြစ်မိပါတယ်။ အကြောင်းတရား၊ အကျိုးတရားမကောင်းခဲ့လို့ သံသ ရာလည်တယ်လို့ ထင်ပါတယ်။ သူ့ အဖေတုန်းကလည်း ရိုက်မှုနဲ့လက် လွန်ပြီးတော့ လူသတ်မှုနဲ့ ထောင် ကျခံဖူးတယ်”ဟု ပြောသည်။
အမှုမှာ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းက မြောက်ဒဂုံ မြို့နယ်၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငါး မာန်အောင်ဘုရားလမ်း၊ ဖူဆယ်မိုး လုံလေလုံအားကစားရုံအနီးရှိ ကု လားမန်ကျည်းပင်အောက်တွင် အ မျိုးသမီးတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှစုံစမ်းခဲ့ရာ သေဆုံးသူ မှာ ဒဂုံမြို့နယ်၊ ဦးဝိစာရရပ်ကွက် နေ နေပြည်တော်ရှိ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ဒုတိယကြီးကြပ်ရေးမှူး မရွှေ ရည်ဝင်း (ခ) ရွှေရည် (၂၅) နှစ်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
အမှုနှင့်ပတ်သက်၍ တရား လိုပြသက်သေ ၂၄ ဦးနှင့် တရားခံ နှင့် ခံပြသက်သေတစ်ဦးတို့ကို စစ် ဆေးခဲ့ပြီး ကျူးလွန်သူတက္ကစီယာဉ် မောင်း မျိုးဇော်ဦးကို ဧပြီ ၃ဝ ရက်က ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ (၁)(ဂ)ဖြင့် စွဲချက်တင်ခဲ့သည်။
WYHW/DemocracyToday
Discussion about this post