HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပြည်သူပြည်သားများမှာ အချိန်ကိုလေးစားသည့် အလေ့အကျင့် အားနည်းနေသေး၊ အချိန်ကိုလေးစားတတ်ရန် ဆရာ/ ဆရာမများ လေ့ကျင့်သင်ကြားပေးစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ပြည်သူပြည်သားများမှာ အချိန်ကိုလေးစားသည့် အလေ့အကျင့် အားနည်းနေသေး၊ အချိန်ကိုလေးစားတတ်ရန် ဆရာ/ ဆရာမများ လေ့ကျင့်သင်ကြားပေးစေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

နေပြည်တော်၊ ဒီဇင်ဘာ ၎

မိမိတို့ပြည်သူ ပြည်သားများမှာ အချိန်ကိုလေးစားသည့်အလေ့ အကျင့်အနည်းငယ်အားနည်းနေသေး၍အချိန်ကို လေးစားတတ်ရန် ကျောင်းများရှိ ဆရာ၊ ဆရာမ များအနေဖြင့် လေ့ကျင့်သင်ကြားပေးစေချင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

အဆိုပါပြောကြားချက်ကို နေပြည်တော်ရှိ MICC-2 တွင် ဒီဇင်ဘာ ၄ ရက်က ကျင်းပသည့် ၂ဝ၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု (အခြေ ခံပညာကဏ္ဍ) အကောင်အထည်ဖော်ရေး နှီး နှောဖလှယ်ပွဲ အဖွင့်အမှာစကားပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ''ကျွန်မတို့ ပြည်သူ၊ ပြည်သား တွေက တကယ်တော့ အချိန်ကိုလေးစားတဲ့ အလေ့အကျင့်က နည်းနည်းအားနည်းနေသေး တယ်။ တစ်ချိန်တည်းမှာ ကျောင်းတွေ က လေ့ကျင့်ပေးရင် ရိုးရိုးလေးပါ။ စည်းကမ်းထိန်းသိမ်းခြင်းဟာ အ မှိုက်မပစ်ဖို့ ကိစ္စပါပဲ။ ဒါကျွန်မတို့ နိုင်ငံ တစ်နိုင်ငံလုံးအတွက် အရေး ကြီးပါတယ်။ လူကြီးတွေက ဆရာ၊ ဆရာမတွေက အမှိုက်တွေ လျှောက် ပစ်နေလို့ရှိရင် ကလေးတွေကလည်း ပစ်မှာပဲ။ ငယ်ငယ်ကတည်းက စ လို့ ဒီလိုအလေ့အကျင့်တွေကို စွဲ သွားအောင်လုပ်မှ ကျွန်မတို့နိုင်ငံ အတွက် ကောင်းမှာပါ။ ပြီးတော့အဲ ဒီလို သေးသေးလေးတွေက စပါ။ ကျောင်းမှာ အမှိုက်မပစ်ဖို့ အချိန် ကို လေးစားဖို့၊ ကလေးတွေကို အ ချိန်လေးစားဖို့ဆိုရင် ဆရာ၊ ဆရာမ တွေကလည်း အချိန်လေးစားဖို့ လို ပါတယ်။ ဆရာ၊ ဆရာမတွေက အ မှိုက်ပစ်တာတို့ အချိန် မလေးစား ဘူးဆိုရင် ကလေးတွေကို သင်ပေး လို့မရနိုင်ပါဘူး။ အဲဒီတော့ အသေး အမွှားလေးတွေလို့ ထင်ရပေမယ့် အင်မတန်အရေးကြီးပါတယ်''ဟု ပြောကြားခဲ့သည်။

 

ယင်းအပြင် ကျောင်းများတွင် ဆရာမအင်အားများပြီး ဆရာအင် အားနည်းနေသည့် ကိစ္စနှင့်ပတ်သက် ပြီးလည်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်က ''ပညာရေးမှာ ဆရာမ တွေသာမက ဆရာတွေ များလာ အောင် မူဝါဒတွေ ချမှတ်ဖို့လိုပါ တယ်။ တကယ်တော့ ဆရာမတွေ က ဆရာတွေထက်စာရင် ၉ဝ ရာ ခိုင်နှုန်းလောက် ဖြစ်နေပါတယ်။ အဲဒီတော့ ကျောင်းဆရာတွေက သိပ်နည်းလွန်းပါတယ်။ ယောက်ျား တွေအတွက်သာမကပါဘူး။ အား လုံးအတွက် ပညာရေးဘက်မှာ အ မျိုးသားတွေ ပါဝင်ခြင်းဟာ အရေး ကြီးပါတယ်။ ပညာရေးဟာ လူတိုင်း နဲ့ဆိုင်တယ်။ ပညာပေးရတဲ့ အလုပ် ဟာအင်မတန်မှ မွန်မြတ်ပါတယ်။ အမျိုးသမီးတွေသာ လုပ်ရတာမဟုတ် ပါဘူး။ အမျိုးသားတွေပါ လုပ်သင့် ပါတယ်လို့ ကျွန်မအနေနဲ့ တိုက်တွန်း ချင်ပါတယ်''ဟုလည်း နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။
လမ်းပေါ်တွင် ရောက်ရှိနေ သည့်ကလေးများ ကျောင်းခန်းထဲ ရောက်ရှိရေးအတွက်ကိုလည်း ဆရာ၊ ဆရာမများက မေးမြန်းစေ လိုကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


ယင်းနှင့်ပတ်သက်ပြီး နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ''လမ်း မှာ ကျောင်းမတက်တဲ့ ကလေး တွေ မြင်လို့ရှိရင် သွားပြီး မေးစေ ချင်ပါတယ်။ ကျောင်းမတက်ဘူး လား။ ဘာဖြစ်လို့ ကျောင်းမတက် တာလဲ။ ကျောင်းမတက်နိုင်လို့လား။ ကျောင်းပြေးနေတာလား။ အဲဒီလို စိတ်ဝင်စားမှု ရှိစေချင်ပါတယ်။ လမ်းဘေးမှာ ကျွန်မတို့ ကလေး တွေ ဘယ်သူ့ကလေးပဲ ဖြစ်ဖြစ် ရောက်နေတာဟာ မကောင်းပါ ဘူး။ အဲဒီတော့ လမ်းဘေးက ကလေးတွေ ကျောင်းခန်းထဲရောက် သွားဖို့ ကျောင်းခန်းထဲကို ဘာ ကြောင့် မရောက်တာလဲဆိုတာသိ ဖို့ ကျွန်မတို့အားလုံး ဝိုင်းပြီးကြိုး စားစေချင်ပါတယ်။ ကျွန်မတို့နိုင်ငံ မှာရှိတဲ့ ကလေးတွေကို ပြောရဲ၊ ဆို ရဲ သွက်လက်ထက်မြက်နေတဲ့ ကလေးတွေဖြစ်အောင် ဆရာ၊ ဆရာ မတွေက လေ့ကျင့်ပေးရပါမယ်။ ဒီမိုကရေစီအစ စာသင်ကျောင်းက ဆိုတဲ့အတိုင်း ကျောင်းတွင်းမှာ ဒီ မိုကရေစီစနစ် ဖွံ့ဖြိုးရှင်သန်နေ မယ့် အမူအကျင့်တွေ သင်ပေးရ မှာ ဖြစ်ပါတယ်''ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top