HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ပုဂံကမ္ဘာ့အမွေအနှစ်ဝင်ရန် ကြိုးပမ်းမှု'နှလုံးသားထဲက ပုဂံ'ဓာတ်ပုံပြပွဲကို ယခုလအတွင်း ကမ္ဘောဇသာဒီနန်းတော်တွင်ပြသမည်၊ ၂ဝ၁၉ တွင် ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့တွင် ဆက်လက်ပြသမည်

ပုဂံကမ္ဘာ့အမွေအနှစ်ဝင်ရန် ကြိုးပမ်းမှု'နှလုံးသားထဲက ပုဂံ'ဓာတ်ပုံပြပွဲကို ယခုလအတွင်း ကမ္ဘောဇသာဒီနန်းတော်တွင်ပြသမည်၊ ၂ဝ၁၉ တွင် ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့တွင် ဆက်လက်ပြသမည်

ရန်ကုန်၊ ဒီဇင်ဘာ ၎

မြန်မာ့အ မွေအနှစ်မှ ကမ္ဘာ့အမွေအနှစ်အဖြစ် ပုဂံဒေသတက်လှမ်းရန် ကြိုးပမ်းမှု 'နှလုံးသားထဲကပုဂံ' ဓာတ်ပုံပြပွဲကို ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလတွင် ပဲခူး တိုင်းဒေသကြီး ကမ္ဘောဇသာဒီနန်း တော်တွင်ကျင်းပမည်ဖြစ်ပြီး ၂ဝ၁၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံနှင့်အမေရိကန် နိုင်ငံတို့တွင် ပြပွဲဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။ ဆဋ္ဌမအကြိမ်မြောက်ကျင်းပ မည့် 'နှလုံးသားထဲကပုဂံ' ဓာတ်ပုံ ပြပွဲကို ပဲခူးတိုင်းဒေသကြီး ကမ္ဘောဇ သာဒီနန်းတော် လက်ဝဲခန်းမဆောင် ပေါ်တွင်ပြသမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၄ရက်မှ ၁၆ရက်အထိ ပြသမည် ဖြစ်သည်။

''ဓာတ်ပုံ ၂ဝဝလောက်ပါတယ်။ ဒီဇင်ဘာ ၁၄၊ ၁၅၊ ၁၆ရက်မှာကျင်းပ တာဖြစ်ပါတယ်။ ပြပွဲကတော့ အများ ပြည်သူရှိတဲ့ Public Area မှာ ပုဂံနဲ့ ပတ်သက်လို့ Awareness  ဖြစ်အောင် ဆောင်ရွက်တာဖြစ်ပါတယ်''ဟု ပြပွဲ အထွေထွေတာဝန်ခံ ဒီဇိုင်းမျိုးဆွေ သန်းက ဒီမိုကရေစီတူဒေးသို့ ဒီဇင် ဘာ ၄ရက်တွင် ပြောသည်။ 'နှလုံးသားထဲက ပုဂံ' ဓာတ်ပုံ ပြပွဲကိုပြုလုပ်လာသည်မှာ ငါးပွဲရှိပြီ ဖြစ်ပြီး ၂ဝ၁၉ခုနှစ်တွင်လည်း နှစ်ပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။


''ရှေ့မှာလုပ်ခဲ့တာ ငါးပွဲလောက် ရှိပါပြီ။ ၂ဝ၁၉ခုနှစ်ထဲမှာတော့ ပြင်သစ် နိုင်ငံ ပါရီမြို့နဲ့ အမေရိကန်နိုင်ငံမြို့ လေးမြို့မှာ သွားရောက်ပြသဖို့ရှိပါ တယ်''ဟု ¤င်းကဆက်လက်ပြော သည်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် အဖြစ်ဆုံးဖြတ်နိုင်ရာတွင် အထောက် အပံ့ရစေရန် ဓာတ်ပုံဆရာများ၊ အနု ပညာရှင်များ၊ အတတ်ပညာရှင်များ မှ ကိုယ်ပိုင်အသိဉာဏ်ပညာ၊ ကိုယ်ပိုင် အချိန်၊ ကိုယ်ပိုင်ငွေကြေးများစိုက် ထုတ်ပြီး နှလုံးသားထဲက ပုဂံပြပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။


ပဲခူးပြပွဲ၊ ပြင်သစ်ပြပွဲနှင့် အမေ ရိကန်ပြပွဲများတွင် ပြသနိုင်ရန် ပုံ ဟောင်းများကို ပုံသစ်ဖြင့်ပြန်လဲလို သော ဓာတ်ပုံဆရာများ၊ တစ်ခုမှမပြ ဖူးသေးသော ဓာတ်ပုံဆရာများအ နေဖြင့် နှလုံးသားထဲကပုဂံဖေ့စ်ဘွတ်ခ် ပေ့ခ်ျ၊ Messenger နှင့် Email: baganphotography This email address is being protected from spambots. You need JavaScript enabled to view it. တို့ကို ဆက်သွယ်ဆောင် ရွက်နိုင်သည်။ 

TTH

#democracytoday

Rate this item
(0 votes)
back to top