HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အိန္ဒိယတွင် ကမ္ဘာကြီး ပိုမိုပူနွေးစေနိုင်သည့် လေအေးပေးစက် အသုံးပြုမှုအဆမတန် များပြားလာမည်ဟု ခန့်မှန်းထား

အိန္ဒိယတွင် ကမ္ဘာကြီး ပိုမိုပူနွေးစေနိုင်သည့် လေအေးပေးစက် အသုံးပြုမှုအဆမတန် များပြားလာမည်ဟု ခန့်မှန်းထား

ဘီဟာ၊ ဒီဇင်ဘာ ၎

အိန္ဒိယနိုင်ငံ၏ လေအေး ပေးစက် အသုံးပြုမှုစနစ်သည် ၂ဝ၅ဝပြည့်နှစ်တွင် လေအေးပေး စက်ရောင်းချမှုဈေးကွက်၌ အ လုံးရေသန်း ၃ဝ မှ ဘီလီယံနှင့် ချီ၍ ရောင်းချလာရနိုင်ကြောင်း ခန့်ထားပြီး ကမ္ဘာ့ဒုတိယလူဦးရေ အထူထပ်ဆုံး တိုင်းပြည်သည် ကမ္ဘာပေါ်တွင် လေအေးပေးစနစ် အတွက် လျှပ်စစ်ဓာတ်အားအသုံး အများဆုံး ဖြစ်လာနိုင်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ်ကျောက်မီးသွေးသန်း ၈ဝဝ ကို လောင်ကျွမ်းစေခြင်းဖြင့် ဖန် လုံအိမ်ဓာတ်ငွေ့ တတိယမြောက် အများဆုံးထုတ်လွှတ်သည့် နိုင်ငံ ဖြစ်ပြီး လေအေးပေးစက်ရောင်း ချမှု ကျယ်ပြန်လာခြင်းကြောင့် နိုင်ငံတွင်ဓာတ်အားလိုအပ်မှုကို သုံးဆခန့်ရှိလာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောဆို ထားသည်။

သို့သော် နွေရာသီကာလ များတွင် လူသေဆုံးမှုရှိသည် အထိ ပြင်းထန်သော အပူဒဏ် ကို ကြံ့ကြံ့ခံ နေရသည့်သန်းနှင့်ချီ သော အိန္ဒိယနိုင်ငံသားများ အ တွက် လေအေးပေးစက်များ သည် ဘုရား၏လက်ဆောင်မွန် ဟု ယူဆထားကြသည်။ ပူလောင် သည့် သဲကန္တာရအတွင်း ရှိသည့် ရာဂျစ်စတန်ပြည်နယ်၊ ဘီဟာ မြို့မှ အသက် ၄၈ နှစ်အရွယ် ကူမာက ''နွေရာသီတွေဟာ ကျွန် တော်တို့ရဲ့ဘဝကို စိတ်ဒုက္ခရောက် စေပါတယ်။ တစ်နေ့တာ ပင်ပင် ပန်းပန်းအလုပ်လုပ်ခဲ့ပြီးတဲ့နောက် နာရီနည်းနည်းလေးပဲ အိပ်ရတာ ဟာခက်ခဲပင်ပန်းပါတယ်။ ကျွန် တော် မချမ်းသာပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးဟာ သက် သောင့်သက်သာဖြစ်တဲ့ ဘဝကို ပိုမိုလိုလားကြပါတယ်'' ဟု ပြော ဆိုထားသည်။


အိန္ဒိယနိုင်ငံတွင် တစ်နှစ် လျှင် လေးလကြာ ကျရောက် သည့် နွေရာသီသည် မကြာသေးမီ နှစ်များအတွင်း တဖြည်းဖြည်း ပိုမို ပူပြင်းလာသည်ဟုဆိုသည်။ ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန် တင်ထားသော ၂ဝ၁၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ဖလာလိုဒီမြို့၌ အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ် ရှိပြီး အိန္ဒိယနိုင်ငံတွင်အပူဆုံးနှစ် အဖြစ် မှတ်တမ်းဝင်ထားသည်။ ပြင်းထန်သောအပူဒဏ်ကြောင့် လမ်းမပေါ်ရှိ နိုင်လွန်ကတ္တရာ သည်ပင်လျှင် အရည်ပျော်နိုင်ပြီး လူသန်းပေါင်းများစွာမှာလည်း ဘေးဒုက္ခကြုံခဲ့ရသည်။ ၂ဝ၁၅ ခုနှစ်တွင် အပူရှပ်မှုကြောင့် လူ ၂၅ဝဝ နီးပါး သေဆုံးခဲ့ရသည်။

Ref:CNA

#democracytoday

Rate this item
(0 votes)
back to top