HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကျပ်​သိန်းတစ်​​သောင်းဆုရှင်​ ထီပေါက်ပြီး ၆ ရက်မြောက်နေ့တွင် ကွယ်​လွန်

ကျပ်​သိန်းတစ်​​သောင်းဆုရှင်​ ထီပေါက်ပြီး ၆ ရက်မြောက်နေ့တွင် ကွယ်​လွန်

တောင်​ငူ၊ ဒီဇင်​ဘာ ၆

လွန်ခဲ့သော ၅ ရက်က ဖွင့်လှစ်သည့် ကျပ်သိန်းတစ်သောင်းဆု ကံထူးခဲ့သော ​ဝေါ​ဒေသခံ အသက်​ (၈၈) နှစ်​အရွယ်​ ဦးကျင်ရိန်​သည် ယ​နေ့ (ဒီဇင်​ဘာ ၆) နံနက်​ ၂ နာရီခန့်​က ချမ်းမြသာစည်​ရပ်​ကွက်​​ ​နေအိမ်​တွင်​ ကွယ်​လွန်​ကြောင်း သိရသည်​။

“လူကြီး​ရောဂါနဲ့ ဆုံးပါးသွားတာလို့ သိရပါတယ်​။ ​အောင်​ဘာ​လေ သိန်း​သောင်းဆုကို ပြီးခဲ့တဲ့ ရက်​ပိုင်းကပဲ ထုတ်​ယူပြီးပြီလို့ သိရတယ်​။ သားသမီး​ခြောက်​​ယောက် ကျန်​ခဲ့တယ်​။ ကျွန်​​တော်​တို့ မနက်​ကပဲ နာ​ရေးအိမ်​ရောက်​ခဲ့ပြီးပြီ”ဟု ​မြို့ခံအမျိုးသားတစ်​ဦးက ​ပြောသည်​။၂၁ ကြိမ်​​မြောက်​ ​အောင်​ဘာ​လေသိန်းထီ ကျပ်​သိန်းတစ်​​သောင်းဆုရှင် ဦးကျင်ရိန်​သည် အ​​ငြိမ်းစား တပ်​မ​တော်​သားတစ်​ဦးဖြစ်​ပြီး ထီ​ပေါက်​သည်​ကို ထီဖွင့်​ပြီး​နောက်​​တစ်​ရက်​မှသိရှိခဲ့ခြင်းဖြစ်​သည်​။

#theyangontimes

Rate this item
(0 votes)
back to top