သေဆုံးသူ၏ သားအိမ်ဖြင့် အစားထိုး ကုသပြီး ပထမဦးဆုံး ကလေးမွေးဖွား

ဆော်ပေါ်လို
ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့၌ သေဆုံးသူ၏ သားအိမ်ဖြင့် အစားထိုး ကုသမှုခံယူခဲ့သည့် အမျိုးသမီးက ပထမဦးဆုံး ရင်သွေးလေးကို မွေးဖွား ခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသမီးသည် မွေးရာပါ သားအိမ်ပါရှိခြင်း မရှိသည့် အသက် ၃၂နှစ်အရွယ် အမျိုးသမီးဖြစ်သည်။
ဘရာဇီးနိုင်ငံတွင် သက်ရှိ ထင်ရှားအလှူရှင်များ၏ သားအိမ် အစားထိုး ကုသမှုပေါင်း ၃၉ကြိမ် ရှိခဲ့ပြီး ကလေး ၁၁ ဦး မွေးဖွားခဲ့ပြီး ဖြစ်သည်။ သို့ရာတွင် သေဆုံးသူ အလှူရှင်ထံမှ သားအိမ်ကို အစား ထိုးကုသမှု ၁ဝ ကြိမ် ရှိခဲ့သော် လည်း ကိုယ်ဝန်ဆောင်နိုင်ခြင်းမရှိ သည့် ရလဒ်ကိုသာ ထွက်ပေါ်ခဲ့ သည်။
လက်ရှိ သေဆုံးသူအလှူရှင်၏သားအိမ်ဖြင့် အစားထိုးကုသမှုခံယူ ထားသူ အမျိုးသမီးမှာ သူ၏ရင်သွေးလေးကို ပထမဦးဆုံးအကြိမ် အောင် မြင်စွာ မွေးဖွားပေးနိုင်ခဲ့ခြင်းဖြစ်သည်။ မွေးဖွားလာသည့် ကလေးမှာ သမီးလေးဖြစ်ပြီး ကျန်းမာသန်စွမ်းစွာရှိကြောင်း သိရသည်။
Ref: BBC
#theyangontimes
Latest from M Bwe
- အလိုအလျောက် ဘရိတ်ဖမ်းစနစ်ပါသော အပေါ့စား ကားငယ်များ ထုတ်လုပ်မည်
- တရုတ်နှင့် ကုန်သွယ်ရေးဆွေးနွေးပွဲ နောက်ဆုံးထားပြုလုပ်ရမည့်ရက် တိုးမြှင့်သွား မည်ဟု အမေရိကန်သမ္မတ ထရန့် ဆို
- ဗင်နီဇွဲလားအစိုးရက အတိုက်အခံများနှင့် ကြိုတင်စည်းကမ်း မသတ်မှတ်ဘဲ ဆွေးနွေးသွားမည်
- ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်က ထောက်ပံ့ရေးပစ္စည်းများ နိုင်ငံတွင်းသို့ ရောက်ရှိရေး ဆောင်ရွက်သွားမည် ဟုဆို
- မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုတွင် အပြစ်ရှိကြောင်း တွေ့ရှိ