HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အသက် ၁၈ နှစ်အောက် ထိမ်းမြားလက်ထပ်ခွင့် တကယ်ဖြစ်သင့်လား

အသက် ၁၈ နှစ်အောက် ထိမ်းမြားလက်ထပ်ခွင့် တကယ်ဖြစ်သင့်လား

ရန်ကုန်

ပြည်သူ့လွှတ်တော်အတွင်း ဥပဒေကြမ်း တစ်ခု၏ ဥပဒေပုဒ်မတစ်ခုကို ပြဋ္ဌာန်း  နိုင်ရေးအတွက် မဲပေးဆုံးဖြတ်ကြသည်။ ထို နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၈၁ ဦး ရှိခဲ့ပြီး အဆို ပါ ဥပဒေပုဒ်မအား ထောက်ခံမဲ ၃၃ဝ နှင့် ကန့်ကွက်မဲ ၃၃ မဲ၊ ကြားနေမဲ တစ်မဲဖြင့် ရှုံးနိမ့် ခဲ့သည်။  အဆိုပါဥပဒေပုဒ်မသည် အခြားမဟုတ်။ ယနေ့ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေ သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းထဲမှ ပုဒ်မငယ်တစ်ခုဖြစ်သည်။ မဲ ခွဲဆုံးဖြတ် အတည်ပြုလိုက်သည့် ယင်းဥပဒေ ကြမ်းပါ ပုဒ်မ ၂၃ သည် 'အမျိုးသားနှင့် အမျိုး သမီးတို့၏ ထိမ်းမြားလက်ထပ်နိုင်သည့်အသက် သည် ¤င်းတို့၏သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထား သည့်အတိုင်း ဖြစ်စေရမည်''ဟူ၍ ဖြစ်သည်။ ပြည်သူများအကြား ဝေဖန်လျက်ရှိသည့် အရပ် စကားအဆိုအရ 'အသက် ၁၈ နှစ် မပြည့်သော် လည်း လက်ထပ်ထိမ်းမြားခြင်းကို ပြုနိုင်သည်' ဆိုသည့် ဝေဖန်မှုပင်ဖြစ်သည်။

လွှတ်တော်အတွင်းဂယက်

အဆိုပါဥပဒေကြမ်းကို လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာချထားပေးရေး ဝန် ကြီးဌာနက လွှတ်တော်သို့တင်သွင်းခဲ့ပြီး ပြည်သူ့ လွှတ်တော်၏ ဥပဒေကြမ်းကော်မတီက လေ့လာ စိစစ်ကာ ဥပဒေကြမ်းပါ ၁၂၉ ချက်အား ပြည် သူ့လွှတ်တော်တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် ကလေး သူငယ် ဥပဒေသည် ခေတ်နှင့်မလျော်ညီခြင်း ကြောင့် အဆိုပါဥပဒေကြမ်းကို ပြန်လည်ရေး ဆွဲကာ တင်သွင်းခြင်းဖြစ်ကြောင်း သိရသည်။ ပြည်သူ့လွှတ်တော်၏ ဥပဒေကြမ်းကော်မတီက မူ ¤င်းတို့တင်သွင်းထားသည့် ဥပဒေပုဒ်မသည် သက်ဆိုင်ရာ တည်ဆဲဥပဒေများ၊ ဓလေ့ထုံး တမ်းများနှင့် ပဋိပက္ခဖြစ်နိုင်သည့်အခြေအနေ မှ ကင်းလွတ်ကြောင်း ဆိုသည်။


''ဥပမာအားဖြင့်ပြောရရင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းမှာဆိုရင် ပုဆိုးတန်းတင်ရုံဖြင့် ကျွန်တော်တို့ အကြင်လင်မယား ဖြစ်ပါတယ်။ နောက်ပြီးတော့ အရှေ့ခုနစ်အိမ်၊ အနောက် ခုနစ်အိမ် အသိပေးရုံဖြင့် ကျွန်တော်တို့ အကြင် လင်မယားဖြစ်ပါတယ်ဆိုတဲ့ ဓလေ့ရှိပါတယ်''ဟု ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦး ကျော်စိုးလင်းက ဓလေ့ထုံးတမ်းများနှင့်ပတ်သက် ၍ လွှတ်တော်အတွင်း ရှင်းလင်းပြောဆိုခဲ့သည်။ ထို့အပြင် ဓလေ့ထုံးတမ်းများနှင့်ပတ်သက် ၍ ချင်းပြည်နယ်တွင် အသက် ၁၃ နှစ် ပြည့်ယုံ ဖြင့် စေ့စပ်မင်္ဂလာပွဲပြုလုပ်သည့် ဓလေ့၊ ရှမ်း ပြည်နယ်တွင် လက်ဖက်တစ်ရိုး ကွမ်းတစ်ရိုး ကျွေးရုံဖြင့် အကြင်လင်မယားဖြစ်သည့်ဓလေ့ များကိုလည်း ဥပမာပေး၍ပြောဆိုခဲ့သည်။ ယင်း အပြင် ရှေးကရှိခဲ့သည့် ဓလေ့ထုံးတမ်းများကို လည်း မပယ်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့ ပြန်သည်။


ထိုဓလေ့ထုံးတမ်းများအပြင် တည်ဆဲ ဥပဒေများဖြင့် နှိုင်းယှဉ်ပြောဆိုရာတွင် နိုင်ငံ ရင်းသား ခရစ်ယာန်များ ထိမ်းမြားခြင်းဥပဒေ၊ ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင် မိန်းကလေးများ ထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ၊ ၂ဝ၁၅ ခုနှစ် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ ၂ဝဝ၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေ စသည့် ဥပဒေများကို ကိုးကား၍လည်း ပြောဆိုပြန်သည်။  ''တည်ဆဲဥပဒေတွေရှိပါလျက်နဲ့ အသက် ၁၈နှစ်ပြည့်မှ ပဋိညာဉ်ဖြစ်နိုင်မယ်ဆိုတဲ့အချက် က အခြားသက်ဆိုင်ရာဥပဒေနဲ့ တည်ဆဲဥပဒေ တွေနဲ့အညီ ဆန့်ကျင်ကွဲလွဲလျက် ရှိပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းအချက်ကို ထည့်သွင်းရန် မသင့်လျော်ဘူး''ဟု ဦးကျော်စိုးလင်းက ပြောဆို သည်။

 

int 125


အဆိုပါဥပဒေကြမ်း၏ ပုဒ်မ၂၃တွင် နောက် ပိုင်းပြဋ္ဌာန်းချက်ဆိုသည်မှာ 'သို့ရာတွင် ထိမ်း မြားလက်ထပ်ခြင်း၊ စာချုပ်ချုပ်ဆို၍ ထိမ်းမြား လက်ထပ်ခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့်အသက်သည် ၁၈နှစ် ပြည့် ပြီး ဖြစ်ရမည်''ဟု ထည့်သွင်းရန် အဆိုပြုလွှာ ပါဝင်လာခြင်းဖြစ်သည်။  ထိုအဆိုပြုလွှာကိုထည့်သွင်းရန် တင်သွင်း ခဲ့သူမှာ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး ဖြစ်သည်။ သူ့အနေဖြင့် အဆိုပါအဆိုအား ထည့်သွင်းခြင်း သည် ကလေးသူငယ်များ အရွယ်မတိုင်မီ လက် ထပ်ထိမ်းမြားမှုကြောင့် ဖြစ်ပေါ်လာနိုင်မည့် လူမှုရေးဆိုးကျိုးများကို ထောက်ပြ၍ ပြောဆို ခဲ့ခြင်း ဖြစ်သည်။


''ကလေးသူငယ်တွေကို လက်ထပ်ထိမ်း မြားပေးခြင်းက ဆောလျင်စွာ ကိုယ်ဝန်ဆောင်တဲ့ နောက်ဆက်တွဲအကျိုးဆက်က မိခင်နှင့် ကလေး သေဆုံးမှုကို ပိုမိုမြင့်တက်စေတဲ့ ကျန်း မာရေးရှုထောင့်က ဘယ်လိုမှ ကောင်းနိုင်စရာ မရှိပါဘူး။ နောက်ပြီး ဒီ ၁၈နှစ်အောက်ကလေး တွေရဲ့ ပညာရေးအရ၊ လူမှုရေးအရ၊ စီးပွားရေး အရ ဘယ်လိုမှ မပြည့်စုံတဲ့အခြေအနေပါ။ ဒီ ကလေးတွေကနေ အိမ်ထောင်ပြုပြီး ရလာမယ့် မျိုးဆက်ကလည်း ဒီထက်ပိုပြီး ကောင်းနိုင်မယ့် အလားအလာ နည်းပါတယ်။ ကျွန်မတို့နိုင်ငံမှာ စာသင်ကြားရမယ့်ကလေးတွေ လုပ်ငန်းခွင်မှာ ရောက်နေတာ။ လမ်းပေါ်မှာရှိနေတာ ဒီကလေး တွေကို ပြုစုပျိုးထောင်ပြီးတော့ ပိုမိုကောင်းမွန် တဲ့ အခြေအနေကို တွန်းပို့ရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးတွေကို ပုံဖော်တယ်ဆိုတာ ကျွန်မတို့အနာဂတ်ကို ပုံဖော်တာဖြစ်ပါတယ်။ ဒီလို မပြည့်စုံသေးတဲ့ကလေးတွေနဲ့ နောက်ထပ် သံသရာလည်နေမှာ စိုးရိမ်ပါတယ်''ဟု ဒေါ်အေး မြမြမျိုးက ထောက်ပြပြောဆိုခဲ့သည်။ သို့သော် သူ၏ အကြံပြုအဆိုသည် ပြည်သူ့လွှတ်တော် တွင် ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။


ဥပဒေပြဋ္ဌာန်းချက်များ

မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားခြင်းဆိုင်ရာဥပဒေ အခန်း(၂) ပုဒ်မ ၄ တွင် ပြဋ္ဌာန်းချက်များအရ အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်သည့် ဗုဒ္ဓဘာသာဝင်မဟုတ်သည့် ယောက်ျားတစ်ဦးနှင့် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတစ်ဦးတို့ သည် အောက်ဖော်ပြပါအချက်များနှင့် ပြည့်စုံ လျှင် ဥပဒေအရ ထိမ်းမြားနိုင်သည်ဟုပါရှိသည်။ အဆိုပါပုဒ်မ အပိုဒ်(ဂ)အရ အသက်၂ဝ မပြည့် သေးသည့် မိန်းမဖြစ်လျှင် မိဘ၏ သဘောတူ ညီချက်ကိုသော် လည်းကောင်း၊ မိဘတို့ သေ ဆုံးပါမူ အမှန်အုပ်ထိန်းသူ သို့တည်းမဟုတ် တရားဥပဒေအရ အုပ်ထိန်းသူရှိလျှင် ထိုအုပ် ထိန်းသူ၏ သဘောတူညီချက်ကိုသော် လည်း ကောင်း ရရှိပြီးဖြစ်ရမည်ဟု ပြဋ္ဌာန်းထားသည်။  ထို့အပြင် ၁၈၇၅ ခုနှစ် အရွယ်ရောက်သူ များ အက်ဥပဒေတွင် ပုဒ်မ ၃ တွင်လည်း မြန်မာ နိုင်ငံအတွင်း နေထိုင်သူများ အားလုံးသည် အသက် ၁၈နှစ်ပြည့်သူကိုသာ အရွယ်ရောက်သူ ဟု သတ်မှတ်သည်ဟု ပြဋ္ဌာန်းထားပြီး ထိုအခါ မှသာ အိမ်ထောင်ပြုနိုင်ကြောင်း ဆိုထားသည်။


''လူမှုပတ်ဝန်းကျင်မှာလဲ အသက် ၁၈နှစ် ပြည့်မှ အရွယ်ရောက်တယ်ဆိုတာ အားလုံး လက်ခံထားပြီးသားဖြစ်ပါတယ်''ဟု ဒေါ်အေး မြမြမျိုးက ပြောသည်။ ထို့အပြင် ရာဇသတ်ကြီးဥပဒေ အခန်း ၁၆ ပုဒ်မ ၃၆၁ ပါ ပြဋ္ဌာန်းချက်အရ မည်သူမဆို ဥပဒေနှင့်အညီ အုပ်ထိန်းသူ၏ ထိန်းသိမ်းခြင်း မှ အသက်ဆယ့်လေးနှစ်အောက် ယောက်ျား လေးကိုဖြစ်စေ၊ အသက်ဆယ့်ခြောက်နှစ်အောက် မိန်းကလေးကိုဖြစ်စေ၊ စိတ်ပေါ့သွပ်သူကိုဖြစ်စေ ထိုအုပ်ထိန်းသူက သဘောမတူဘဲ ဆောင်ယူ လျှင် သို့တည်းမဟုတ် ဖြားယောင်းခြင်းအားဖြင့် ထွက်သွားစေလျှင် ထိုအရွယ်မရောက်သေးသူ ကို သို့တည်းမဟုတ် ထိုစိတ်ပေါ့သွပ်သူကို ဥပ ဒေနှင့်အညီ အုပ်ထိန်းသူထံမှ ခိုးယူသည်မည် ကြောင်း ပြဋ္ဌာန်းထားပြန်သည်။


ရာဇသတ်ကြီးဥပဒေပါ ပြဋ္ဌာန်းချက်များ အရ အတင်းအဓမ္မ ထိမ်းမြားပေးစားရန် စသည် တို့အတွက် မိန်းမကို ခိုးယူမှု သို့တည်းမဟုတ် သွေးဆောင်ဆွဲခေါ်မှု၊ သို့တည်းမဟုတ် သွေး ဆောင်မှုအတွက် ပြဋ္ဌာန်းထားချက်များကလည်း ဥပဒေချင်း အငြင်းပွားဖွယ် ဖြစ်စေနိုင်သည်။
ထို့အပြင် ကမ္ဘာ့ကုလသမဂ္ဂ ကလေးသူ ငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ တိုက် တွန်းချက်၊ အကြံပြုချက်များအရ လက်ထပ် ထိမ်းမြားခြင်းနှင့်ပတ်သက်၍ အသက်အရွယ် အား ၁၈နှစ်ခန့်သာဖြစ်သင့်ကြောင်း အကြံပြု ချက်များ ရှိသည့်အပြင် အရွယ်မရောက်သူများ လက်ထပ်ခြင်းကို ကာကွယ်ထားကြောင်း သိရ သည်။ ထို့အပြင် အဆိုပါကော်မတီမှ ယဉ်ကျေး မှု ဓလေ့ထုံးတမ်း ကွဲပြားမှုကြောင့် လက်ထပ် ထိမ်းမြားမှုကို အနိမ့်ဆုံးအသက်က ကွဲပြားမှု မရှိစေရဟူ၍လည်း ဆိုထားကြောင်းသိရသည်။  ယခုတင်သွင်းထားသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကြမ်း ပုဒ်မ ၃ ပုဒ်မ ခွဲ(ဘ)မှာပင် ကလေးသူငယ်များ၏ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရခြင်းဆိုသည့် ပြဋ္ဌာန်း ချက်သည်ပင် ယခုအတည်ပြုလိုက်သည့် ပုဒ်မ ၂၃နှင့် ဆက်စပ်နေကြောင်း ဒေါ်အေးမြမြမျိုး က ထောက်ပြပြောဆိုခဲ့သည်။


''ဒီဓလေ့ထုံးတမ်းတွေအရ လက်ထပ်ခွင့် ပေးတယ်ဆိုတဲ့ဟာကို မဖြစ်သင့်ဘူးလို့မြင်တယ်။ အသက် ၁၈နှစ်မပြည့်ဘဲနဲ့ လက်ထပ်ခွင့်ပြုမယ် ဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ခုလပ်တို့ မုဆိုးမ တို့ ဖြစ်သွားမယ်။ ကလေးမွေးဖွားတဲ့အခါကျ တော့လဲ ကလေးက ကလေးပြန်မွေးသလို ဖြစ် နေမယ်။ အဲဒီတော့ ၁၈နှစ်အောက်ကို အိမ် ထောင်ပြုခွင့်ပေးခြင်းဟာ ကျန်းမာရေးအရလည်း ကောင်းမှာမဟုတ်ဘူး။ ဘူးသီးကို အမွေးသပ် သလို ကျုံ့လှီသွားနိုင်တယ်ဗျ။ အဲဒီတော့ ကျွန် တော်တို့ နိုင်ငံသားတွေက လူပိန်လူညှက်ကလေး တွေ ဖြစ်သွားမယ်။ အဲဒီတော့ ဘာသာဓလေ့ ထုံးတမ်းက မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော် က ပြဋ္ဌာန်းတဲ့ဥပဒေကို ကျော်လွန်၍မရဆိုတာ ကို ထည့်စေချင်တယ်''ဟုလည်း တရားလွှတ် တော်ရှေ့နေတစ်ဦးဖြစ်သည့် ဦးရောဘတ်စန်း အောင်က ပြောသည်။  ထိုကဲ့သို့ အသက် ၁၈ နှစ်အောက်အား ဓလေ့ထုံးတမ်းများအရ လက်ထပ်ထိမ်းမြားခွင့် ပြုခြင်းသည် အဆိုပါ ကလေးသူငယ်များ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စသည့် လူသားအရင်းအမြစ်အတွက် ထိခိုက် လာနိုင်သည့် အခြေအနေတွင်ရှိကြောင်း လေ့ လာသူများက သုံးသပ်ကြသည်။


''ကျန်းမာရေးရှုထောင့်အရဆိုရင် အသက် ၁၈နှစ်မပြည့်ခင်မှာ အိမ်ထောင်ပြုတယ်၊ ကလေး ယူတယ်ဆိုရင် အမေရော ကလေးရော ကျန်း မာရေး ထိခိုက်နိုင်တယ်။ ကလေးအပေါ်မှာ ဂရု စိုက်မှုအပိုင်းကလည်း ရင့်ကျက်မှုမရှိသေးတော့ အားနည်းနိုင်တယ်။ အထူးသဖြင့် မိသားစုစီမံ ကိန်းပေါ့။ ကလေး ဘယ်လောက်ယူမလဲ၊ တစ် ယောက်နဲ့ တစ်ယောက်ကြားမှာ ဘယ်လောက် ခြားမလဲ၊ ကလေးယူပြီးရင် ဘယ်လိုမျိုးပြုစုစောင့် ရှောက်မလဲဆိုတဲ့ အဲဒီလိုအပိုင်းတွေမှာ အား နည်းသွားနိုင်တယ်။ ကျန်းမာရေးအပိုင်းအရ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးတော့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ရောဂါဝေဒနာတွေကို စောစောစီးစီး ခံစားရတာတွေ ရှိတာပေါ့လေ။ ဒါကတော့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အကုန်လုံးနဲ့ ဆက်စပ်ပတ်သက် နေတယ်''ဟု Helth fix  အစီအစဉ်၏ ကျန်းမာ ရေးဟောပြောမှုများ ပြုလုပ်နေသည့် အထွေ ထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦး က မှတ်ချက်ပြုပြောဆိုသည်။


ဥပဒေတစ်ခုပြဋ္ဌာန်းရာတွင် ယင်းဥပဒေ ပြဋ္ဌာန်းချက်များသည် ပြည်သူများ အလွယ်တကူ သိရှိနားလည်ရန် လိုအပ်သကဲ့သို့ အခြား ဥပဒေပြဋ္ဌာန်းချက်များနှင့်လည်း ပဋိပက္ခဖြစ်စေ ခြင်း၊ အငြင်းပွားဖွယ်ဖြစ်စေခြင်းမဖြစ်ရန် လို အပ်ကြောင်း ပညာရှင်များက ထောက်ပြကြ သည်။  ထို့အပြင် သက်ဆိုင်ရာဥပဒေများ ပြဋ္ဌာန်း ရာတွင် ကဏ္ဍအလိုက် ကျွမ်းကျင်သည့်ပညာရှင် များ ပါဝင်သည့် အစုအဖွဲ့များဖြင့် ရှုထောင့် ပေါင်းစုံမှ သုံးသပ်အကြံပြုချက်များပါဝင်ပါက ပိုမိုပြည့်စုံကောင်းမွန်သည့် ဥပဒေတစ်ရပ် ပေါ် ထွက်လာမည်ဟုလည်း မှတ်ချက်ပြုပြောဆိုကြ သည်။ ယခုအချိန်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအား အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်သို့ ဆက် လက် ရောက်ရှိဦးမည်ဖြစ်သည်။ ပြည်သူများ အကြား အငြင်းပွားဖွယ်ဖြစ်ပေါ်နေသည့် ဥပဒေ ပြဋ္ဌာန်းချက်တစ်ရပ်အပေါ် ထိုလွှတ်တော်များ၌ မည်ကဲ့သို့ ဆုံးဖြတ်အတည်ပြုလာမည်ကို လေ့လာစောင့်ကြည့်ရမည် ဖြစ်သည်။ ''ဒီဥပဒေက အခြားဥပဒေပြဋ္ဌာန်းချက်တွေနဲ့ တော်တော်လေးကို နှိုင်းယှဉ်ရခက်သွားလိမ့် မယ်။ အဲဒါကြောင့် ကျွန်တော်တို့က သဘော မတူဘူး။ ပြည်ထောင်စုလွှတ်တော်ကတော့ ဒါ ကို ပယ်ချမယ်လို့ ကျွန်တော်တို့ ယုံကြည်တယ် ဗျ။ ပယ်ချစေချင်ပါတယ်''ဟု ဦးရောဘတ်စန်း အောင်က သူ၏ဆန္ဒကို ပြောဆိုသည်။ 

 

 မင်းဗညား

#theyangontimes

Rate this item
(0 votes)
back to top