HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကောင်းမှုတော်စေတီ အခြေပတ်လည်ရှိ တံကဲများနှင့် ကနုတ်ပန်း လက်ရာများကို ညောင်ရမ်းခေတ် လက်ရာအတိုင်း ပြန်လည်ပြုပြင်သွားမည်

ကောင်းမှုတော်စေတီ အခြေပတ်လည်ရှိ တံကဲများနှင့် ကနုတ်ပန်း လက်ရာများကို  ညောင်ရမ်းခေတ် လက်ရာအတိုင်း ပြန်လည်ပြုပြင်သွားမည်

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီကြီးလုံးပတ်၏ အခြေပတ်လည်ရှိ တံကဲများ ကနုတ်ပန်းလက်ရာများ နှင့်ဘေးမှပန်းတော့လက်ရာများ မှာ နောက်ပိုင်းပြန်လည်ပြုပြင်ထားသည့် လက်ရာများဖြစ်နေ သောကြောင့် သာလွန်မင်းတရား ကြီးလက်ထက်က တည်ထားခဲ့သည့် စေတီတော်ကြီးနှင့် လိုက်လျောညီ ထွေမှုရှိစေရန် ညောင်ရမ်းခေတ်လက်ရာ ကနုတ်ပန်းတော့များ အဖြစ်ပြောင်းလဲ ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။ စေတီတော်ကြီးပတ်လည်တွင် အမြင့်ငါးပေ၊ အကျယ်သုံးပေခန့်ရှိ လိုဏ်ပေါင်း ၁၂ဝရှိရာအဆိုပါ လိုဏ်များအတွင်းမှာ မူလစတင် တည်ကတည်းက နတ်စစ်သူကြီး ရုပ်တုများထားရှိထားသည်။

''သီတဂူဆရာတော်ကြီးက စေတီတော်ကြီးအဖြူရောင် ဆေးသုတ်တဲ့အခါအောက်ခံအင်္ဂတေ တွေ ပဲ့တာကြွေတာအက်တာကွဲ တာတွေပါတစ်ခါတည်းကောင်း အောင်လုပ်ကြ၊ နောင်လုပ်ဖို့ဆိုတာ မလွယ်ဘူးလို့ မိန့်တယ်။ တစ်ဆက် တည်းမှာပဲ အောက်ခြေပတ်လည် ကနတ်ရုပ်တွေရှိတဲ့ လှိုဏ်ဂူ၊ တံကဲနဲ့ တခြားပန်းတော့ ကနုတ်ပန်း လက်ရာတွေဟာ နောက်ပိုင်းပြုပြင် တဲ့လက်ရာတွေဖြစ်နေတယ်။ မူလ သာလွန်မင်းတရားကြီးတည်ထား စဉ်က ညောင်ရမ်းခေတ်လက်ရာ မျိုးဖြစ်မှပိုသင့်တော်မယ်။ အဲ့ဒါတွေ ကိုတစ်လက်စတည်း ပြုပြင်ကြလို့ ဂေါပကအဖွဲ့ကို သီတဂူဆရာ တော်ကြီးမိန့်သွားတယ်။ အဲဒီမှာရှိ နေတဲ့ပန်းတော့လက်ရာ ကနုတ် ပန်းတွေကို ရှေးဟောင်းလက်ရာပါ မပါပြန်စစ်ပြီးမှ ပြုပြင်သင့်တဲ့ ကနုတ်ပန်းတွေကိုမူလ ညောင် ရမ်းခေတ်လက်ရာအတိုင်း ဖြစ် အောင်ပြုပြင်မှာပါ''ဟု မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်း မောင်ကပြောသည်။


နတ်စစ်သည်ရုပ်များရှိသည့် လှိုဏ်မုခ်တံကဲမှ ပန်းတော့လက်ရာများကို ဘုရားကြီးအဖြူရောင်ဆေး သုတ်လုပ်ငန်း ဆောင်ရွက်ရာတွင် မထိခိုက်စေရန် ၂ဝ၁၉ ခုနှစ် ဇန် နဝါရီလမှသာ စတင်ဆောင်ရွက် မည်ဖြစ်ပြီး မတ်လအတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top