HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ်မြို့၌ အာခါ ခါးထောင်းဖားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ  

တာချီလိတ်မြို့၌ အာခါ ခါးထောင်းဖားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ   

တာချီလိတ်၊ ဒီဇင်ဘာ ၁၂

ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ အာခါတိုင်းရင်းသားရိုးရာ ထိန်းသိမ်းရေးအဖွဲ့က ကြီးမှူးကျင်း ပသည့် အာခါတိုင်းရင်းသား အာခါခါးထောင်းဖားပွဲတော်နှင့် ဧည့်ခံပွဲကို ဒီဇင်ဘာ ၁၁ရက်၊ နံနက်ပိုင်းက တာချီလိတ်မြို့ရှမ်းရိုးမကွင်း၌ ရိုးရာယဉ်ကျေးမှု အစဉ်အလာမ ပျက် ကျင်းပခဲ့ကြောင်းသိရသည်။ အာခါတိုင်းရင်းသားများမှာ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့်မြန်မာ နိုင်ငံအရှေ့ပိုင်းကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာ လေ၊ မိုင်းဆတ်၊ မိုင်းခတ်နှင့်မိုင်း လားအထူးဒေသများတွင် နေထိုင် ကြပြီး တောင်ယာစိုက်ပျိုးရေးလုပ် ငန်းဖြင့်အဓိကအသက်မွေးဝမ်း ကျောင်းပြုကြသည့် တောင်ပေါ် တိုင်းရင်းသားများဖြစ်ကြသည်။

အခမ်းအနားတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အာခါရိုးရာ ခါးထောင်းဖားပွဲတော် အဖွင့် အမှာစကားပြောကြားပြီး အာခါ တိုင်းရင်းသားရိုးရာ ထိန်းသိမ်း ရေးအဖွဲ့အကြီးအကဲ ဦးမင်းညိုက နှစ်သစ်နှုတ်ခွန်းဆက် စကားနှင့် ဘိုးဘေးတို့အား အောက်မေ့ဆု တောင်းခြင်းပြုလုပ်ကာ မီးရှူးမီး ပန်းများ ပစ်ဖောက်ခြင်း၊ အာခါတိုင်းရင်းသား လူငယ်မောင်မယ်များကခါးထောင်းဖား တေးသံနှင့် ရိုးရာယဉ်ကျေးမှု အကပဒေသာ များဖြင့် အာခါခါးထောင်းဖားပွဲ တော် မင်္ဂလာအခါသမယကို ကြို ဆိုကြသည်။


အာခါဇန်း(ခေါ်) အခါတိုင်း ရင်းသားများ၏ မူလအစယုံကြည် ကိုးကွယ်မှု ဘာသာဖွံ့ဖြိုးတိုးတက် စေရန် ယဉ်ကျေးမှုအမွေအနှစ်များ ဖြစ်သည့် ဘာသာ သာသနာ၊ စာ ပေနှင့်ဝတ်စားဆင်ယင်မှု ရိုးရာဓ လေ့များအား လေးစားဂုဏ်ယူနိုင် စေရန်၊ တိမ်မြုပ်နေသော ရိုးရာယဉ် ကျေးမှုများအား ပြန်လည်ဖော် ထုတ်နိုင်ရန်နှင့်အနယ်နယ်အရပ် ရပ်တွင်ပျံ့နှံ့နေသော အာခါတိုင်း ရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန် လည်တွေ့ဆုံနိုင်ရန် ရည်ရွယ်၍ အဆိုပါပွဲတော်ကို ရည်ရွယ်ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီမှ သိရသည်။ 

TT

#democracytoday

Rate this item
(0 votes)
back to top