HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြန်မာသက်ကြီးရွယ်အိုများ အနေဖြင့် စိတ်ကျရောဂါ၊ သတိမေ့ရောဂါနှင့် အကြမ်းဖက်ခံရခြင်းများကို ခံစားနေရဟု 'ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများအား စောင့်ကြည့်သိမြင်ရေး အစီရင်ခံစာ'တွင်ဖော်ပြထား

မြန်မာသက်ကြီးရွယ်အိုများ အနေဖြင့် စိတ်ကျရောဂါ၊ သတိမေ့ရောဂါနှင့် အကြမ်းဖက်ခံရခြင်းများကို  ခံစားနေရဟု 'ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများအား စောင့်ကြည့်သိမြင်ရေး အစီရင်ခံစာ'တွင်ဖော်ပြထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

မြန်မာနိုင်ငံရှိ ဘိုးဘွားများ၊ သက်ကြီးရွယ် အိုများသည် မကူးစက်နိုင်သော ရောဂါများအပြင် စိတ်ကျရောဂါ၊ မှတ်ဉာဏ်အားနည်းခြင်း၊ သတိ မေ့ရောဂါနှင့် အကြမ်းဖက်ခံရခြင်း များကို ခံစားနေရကြောင်း ''ကမ္ဘာ လုံးဆိုင်ရာ သက်ကြီးများအား စောင့်ကြည့်သိမြင်ရေး အစီရင်ခံ စာ''ဖော်ပြထားချက်အရ သိရသည်။ အဆိုပါဖော်ပြချက်ကို ဒီဇင်ဘာလ ၁၂ ရက်တွင် Sky Star ဟိုတယ်၌ ကျင်းပခဲ့သည့် ''ကမ္ဘာလုံးဆိုင်ရာ သက်ကြီးများအား စောင့်ကြည့်သိမြင်ရေး အစီရင်ခံစာ'' တင်ပြခြင်းအခမ်းအနားမှ သိရခြင်းဖြစ်သည်။

''အစီရင်ခံစာမှာ ဖော်ပြထား တာက မြန်မာနိုင်ငံက အမျိုးသမီး တွေ၊ အမျိုးသားတွေထက် အသက် ရှည်ရှည်နေရပေမယ့် ကျန်းမာ ရေးမကောင်းကြဘူး။ ၂ဝ၁၆ စစ် တမ်းတွေအရ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးများ (သက်ကြီးရွယ်အို) က ပိုများပါတယ်။ သက် ကြီးရွယ်အိုတွေမှာ မကူးစက်နိုင် သောရောဂါတွေ ပိုဖြစ်တာများ ပါတယ်။ သက်ကြီးအမျိုးသမီး တွေမှာ သတိမေ့တာ မှတ်ဉာဏ် နည်းတာတွေဖြစ်တယ်။ သက်ကြီး အမျိုးသားတွေမှာ စိတ်ကျရောဂါ တွေ ဖြစ်တာများနေပါတယ်''ဟု Help Age International  Myanmar မှ ပရိုဂရမ်မန်နေဂျာ Prof Anil Kumar Indira Krishna  ကပြောသည်။


၂ဝ၁၆ ခုနှစ်စစ်တမ်းအရ မြန်မာနိုင်ငံမှ သက်ကြီးရွယ်အိုများ တွင် စိတ်ကျန်းမာရေးဆိုင်ရာ ချို့ ယွင်းမှုများရှိပြီး အင်ဇိုင်းမားနှင့် Dementia  ရောဂါဖြစ်ပွားနှုန်းမှာ သက်ကြီးအမျိုးသမီးများတွင် ၂၅ ရာခိုင်နှုန်းကျော်၊ သက်ကြီးအမျိုး သားများတွင် ၂ဝ ရာခိုင်နှုန်းခန့် ဖြစ်ပွားကြောင်း၊ စိတ်ကျရောဂါ ဖြစ်ပွားမှုတွင် အသက်အုပ်စုအား လုံးတွင် အမျိုးသမီးများထက် အမျိုး သားများပိုမြင့်မားပြီး အမျိုးသား ၁ ဒသမ ၄ ရာခိုင်နှုန်း၊ အမျိုးသမီး ၁ ဒသမ ၂ ရာခိုင်နှုန်းက ခံစား နေရသည်ဟု ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ရုပ်ပိုင်းဆိုင် ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရမှုသည် ၂ဝ၁၆ ခုနှစ်စစ်တမ်းအရ အသက် ၈ဝ နှင့် ၈၄ နှစ်ရှိ အမျိုးသမီး ၆ ရာခိုင်နှုန်းသည် အကြမ်းဖက်မှု များကြုံတွေ့ရပြီး အမျိုးသား ၃ ရာခိုင်နှုန်းသည် ယင်းအကြမ်းဖက် မှုများကိုကြုံရကြောင်း အစီရင် ခံစာတွင်ပါရှိသည်။


အဆိုပါအစီရင်ခံစာကို Help Age International  Myanmar နှင့် AARP အဖွဲ့ အစည်းတို့မှ သုတေသနပြုဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး မြန်မာသက်ကြီး ရွယ်အိုများအတွက် အရည်အ သွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုများပေးရန် မူဝါဒ များချမှတ်ရာတွင် အသုံးဝင်လာ နိုင်မည်ဖြစ်သည်။ အခမ်းအနားတွင် Help Age International  Myanmar မှ Country Director Mr. Godfred Paulu က ''ဒီအစီရင်ခံ စာကို ကျွန်တော်တို့အဖွဲ့အစည်းနဲ့ AARP အဖွဲ့အစည်းတို့မှ ဆောင် ရွက်ထားတာဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ဝန်ကြီးဌာနတွေအနေနဲ့ မူဝါဒတွေချမှတ်ရာမှာ အထောက် အပံ့ဖြစ်စေမယ့် အချက်အလက် တွေဖြစ်ပါတယ်''ဟုပြောသည်။ ယင်း အချက်အလက်များ အရ မြန်မာနိုင်ငံတွင် အရည်အသွေး ပြည့်မီသော ကျန်းမာရေးစောင့် ရှောက်မှုများပေးရန် လိုအပ်ချက် များရှိနေဆဲဖြစ်သည်ဟု ဆိုသည်။


''ဘိုးဘွားတွေ ကျန်းမာရေး အတွက် အရည်အသွေးပြည့်မီတဲ့ စောင့်ရှောက်မှုက ဒီကနေ့အထိ မရသေးပါဘူး။ ကိုယ့်အဖေအမေ တွေ (အဘိုးအဘွားတွေ) နေမ ကောင်းဘူးဆိုရင် ဆေးဆိုင် လေးက ဆေးလေးဘာလေးဝယ် တိုက်လိုက်တာပဲရှိတယ်။ ကိုယ့် ကလေးများ နေမကောင်းဖြစ် ကြည့်ပါလား။ ချက်ချင်းဆေးရုံ၊ ဆေးပေးခန်း၊ အထူးကုတွေကိုပြ ကြတယ်။ မြန်မာနိုင်ငံမှာ ဘိုးဘွား တွေ အဲဒီလိုခွဲခြားခံနေရပါတယ်။ကျွန်တော်တို့ ကျန်းမာရေးဝန်ကြီး ဌာနအနေနဲ့ ဒီနှစ်နောက်ပိုင်းမှာ သက်ကြီးရွယ်အိုတွေကို ပန်ပရော ဂျက်နဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေပေးလျက်ရှိပါတယ်''ဟု ရန် ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ ဒုတိယတိုင်း ဒေသကြီး၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင် က အခမ်းအနားတွင်ပြောသည်။ မြန်မာနိုင်ငံတွင် သက်ကြီး ရွယ်အိုအရေအတွက်မှာ လူ ၁၁ ယောက်လျှင် တစ်ယောက်သည် သက်ကြီးရွယ်အိုဖြစ်နေပြီး ၂ဝ၅ဝ ခုနှစ်တွင် တိုးလာမည်ဖြစ်ကြောင်း နှင့် ယခုထွက်လာသော အစီရင် ခံစာသည် မြန်မာနိုင်ငံအတွက် အကျိုးရှိသောအစီရင်ခံစာဖြစ် ကြောင်း သိရသည်။


''အစီရင်ခံစာရဲ့ တွေ့ရှိချက် အရဆိုရင် အသက်ရှည်စွာနေထိုင် ကြရပေမယ့် တစ်ခါတရံ နာမကျန်း မှုတွေ၊ မသန်စွမ်းမှုတွေနဲ့ ကျန်းမာ စွာနေထိုင်နိုင်မှုတွေကို ဆုံးရှုံးနေ ရပါတယ်တဲ့။ အကြမ်းဖက်မှုလို့ပြော တဲ့နေရာမှာ လေဖြတ်နေတဲ့အဘိုး အဘွားတွေကို အတင်းအစာကျွေး၊ အတင်း ရေချိုးပေးတာတွေပါပါတယ်'' ဟု ရန်ကုန်တိုင်း၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ကေသီကျော်က ပြောသည်။ သက်ကြီးရွယ်အိုနှင့်ပတ်သက် သော ရာညွှန်းကိန်းများကို ကျန်း မာရေးစောင့်ရှောက်မှုဗဟိုစနစ် တွင်ထည့်ပေးရန် Mental Health Societyဥက္ကဋ္ဌ၊ ဆေးတက္က သိုလ်(၁)၊ Psychiatrics Department မှ ပါမောက္ခ၊ ဌာနမှူး ဒေါက်တာတင်ဦးမှ အကြံပြုပြော ကြားပြီး သက်ကြီးနှင့်ပတ်သက် သော စိတ်ကျန်းမာရေးကိုသတိပြု မိစေရန် အင်ဇိုင်းမားမြန်မာအဖွဲ့ အစည်းဖွဲ့ထားကြောင်း ပြောသည်။
TTHL

#democracytoday

 

Rate this item
(0 votes)
back to top