HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အလုပ်လုပ်နိုင်သော အသက်အပိုင်းအခြား ရှိသူများထဲတွင် အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေက ပို၍ အလုပ်လုပ်ကိုင်လျက် ရှိဟုဆို

အလုပ်လုပ်နိုင်သော အသက်အပိုင်းအခြား ရှိသူများထဲတွင် အမျိုးသား ဦးရေထက် အမျိုးသမီးဦးရေက ပို၍ အလုပ်လုပ်ကိုင်လျက် ရှိဟုဆို

ရန်ကုန်

အသက် ၁၅နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သော အသက်အပိုင်းအခြားရှိသူများထဲတွင် အမျိုးသားဦးရေထက် အမျိုးသမီး ဦးရေသည် ပို၍အလုပ်လုပ်ကိုင်လျက်ရှိကြောင်း ၂ဝ၁၈ ခုနှစ် ပထမသုံးလပတ် အစီရင်ခံစာတွင် ထုတ်ပြန်ပြောဆိုထားသည်။ အဆိုပါစစ်တမ်းအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ယခုလအတွင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၈ ခုနှစ်နှစ်စဉ်လုပ်သားအင်အားစစ်တမ်း အစီရင်ခံစာသည် အဆိုပါနှစ်၏ ဖေဖော်ဝါရီလမှ ဧပြီလအထိ သုံးလတာစစ်တမ်းလည်း ဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူရာတွင် ပြည် ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ စာရင်းကောက်ကွက် ၇၈ဝ မှ နမူနာအိမ်ထောင်စု ၁၄ဝ၄ဝ ကို ကွင်းဆင်း ကောက်ယူရန် လျာထားခဲ့သော်လည်း ကချင် ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ စာရင်းကောက်ကွက် ၅ ကွက်သည် နယ်မြေလုံခြုံမှုအခြေအနေအရ ကောက်ယူနိုင်ခြင်း မရှိသဖြင့် စုစုပေါင်းစာရင်းကောက်ကွက် ၇၇၅ ကွက်မှ အိမ်ထောင်စုပေါင်း ၁၃၉၅ဝ ကို ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုသို့ စစ်တမ်းကောက်ယူရာတွင် အ သက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင် သော အသက်အပိုင်းအခြားရှိသူ ၃၆ ဒသမ ၅၆ သန်းတွင် အမျိုးသမီးဦးရေသည် ထက်ဝက်ကျော်ဖြင့် အမျိုးသားဦးရေထက် အနည်းငယ် မြင့်မားနေသည်ကိုတွေ့ရှိကြောင်း ထုတ် ပြန်ချက်တွင် ပြောဆိုထားသည်။ 

 

စုစုပေါင်း အလုပ်လုပ်သူ ၂၂ ဒသမ ၄၅ သန်းတွင် အမျိုးသမီးများ၏ပါဝင်မှုသည် ၄၃ ဒသမ ၄ ရာခိုင်နှုန်းသာပါဝင်ပြီး အလုပ်လုပ်ကိုင်သူအများစု ၇၂ ဒသမ ၈ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်ဖြစ်ကြောင်း တွေ့ရှိသည်ဟု ဖော်ပြထားသည်။ ထို့အပြင်အလုပ်လုပ်ကိုင်နေသူများတွင် လုပ်ခရအလုပ်သမားများအဖြစ် ၃၇ ဒသမ ၁ ရာခိုင်နှုန်းသာတွေ့ရှိရပြီး ၅၈ ဒသမ ၉ ရာခိုင်နှုန်းသည် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူနှင့် အခကြေးငွေမရသည့် မိသားစုလုပ်ငန်းများ တွင် ပါဝင်လုပ်ကိုင်နေသူများဖြစ်ကြောင်းသိရသည်။ အလုပ်လုပ်ကိုင်နေသူအများစုသည် လယ်ယာကဏ္ဍတွင် ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊ လက်လီနှင့်လက်ကားရောင်းဝယ်ရေးလုပ်ငန်းတွင် ၁၆ ဒသမ ၃ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ် မှုလုပ်ငန်းကဏ္ဍတွင် ၁ဝ ဒသမ ၆ ရာခိုင်နှုန်း၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးလုပ်ငန်းကဏ္ဍတွင် ၅ ရာခိုင်နှုန်းနှင့် ပညာရေး ကဏ္ဍတွင် ၂ ဒသမ ၅ ရာခိုင်နှုန်း စသည်တို့တွင် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

BN

#theyangontimes

Rate this item
(0 votes)
back to top