HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဆေးလိပ်ငွေ့ ကင်းစင်စေရေး ဆောင်ရွက်မည်

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ဆေးလိပ်ငွေ့  ကင်းစင်စေရေး ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၉

နိုင်ငံတကာမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နေသည့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL) တွင် ဆေးလိပ်ငွေ့ကင်း စင်ရေးအတွက် ဧရိယာသတ်မှတ် ခြင်းများ စတင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒုတိယပါမောက္ခ ချုပ်ဒေါက်တာ ဒေါ်ယဉ်မျိုးသူထံ မှ သိရသည်။ ဆေးလိပ်မသောက်ရမည့် ဧရိယာများနှင့် ဆေးလိပ်သောက်နိုင် သော ဧရိယာများသတ်မှတ်သွား မည်ဖြစ်သည်။

''ဆရာမတို့တက္ကသိုလ်မှာ ဆေးလိပ်ငွေ့ကင်းစင်ရေးက မလုပ်ရ သေးဘူးပေါ့။ စတင်ဆောင်ရွက် တော့မှာပေါ့။ နိုင်ငံတကာကျောင်းသားတွေရှိတဲ့အတွက် ဆေးလိပ် မသောက်ရမယ့်နေရာတွေ သတ်မှတ်ရမှာဖြစ်သလို သောက်လို့ရ မယ့်နေရာတွေလည်း သတ်မှတ် ပေးရမှာ ဖြစ်ပါတယ်။ စာသင်ခန်း တွေကတော့ မသောက်ရဘူး။ နဂို ကတည်းက ကျောင်းစည်းကမ်းရှိတယ်။ စာသင်ခန်းတွေထဲတော့ ကင်းစင်တယ်''ဟု ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (YUFL) ၏ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဒေါ်ယဉ်မျိုးသူက ဇန်နဝါရီ ၉ ရက်တွင် ပြောသည်။ လက်ရှိအချိန်တွင် ဆေးလိပ် သောက်သောသူများသည် ဆေး လိပ်သောက်ရမည့်ဧရိယာ မသတ် မှတ်ထားရသေးသောကြောင့် သန့်စင်ခန်းများတွင် သောက်ကြကြောင်း သိရသည်။


''အိမ်သာမှာတော့ သောက် ကြတယ်။ သောက်လို့ရမယ့်ဧရိ ယာတွေ သတ်မှတ်ပေးဖို့ရှိပါတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။ ဆေးလိပ်ငွေ့ကင်းစင်ရေးအတွက် တက္ကသိုလ်တိုင်းတွင် ဆောင် ရွက်သွားရန် အစီအစဉ်ရှိကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်၍ ရန်ကုန် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူး ဒေါက်တာဒေါ်ခင်ထွေးမြင့်က ''ဒီတက္ကသိုလ်မှ မဟုတ်ပါဘူး။ ရန်ကုန်မြို့မှာရှိတဲ့ တက္ကသိုလ်တိုင်းမှာ ဆေးလိပ်ငွေ့ကင်းစင်အောင် ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါ တယ်''ဟု ပြောသည်။


ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် အင်္ဂလိပ်စာဘာသာရပ်အထူးပြုဖြင့် သင်ကြား နေသော ကျောင်းသားတစ်ဦးကလည်း ''ဒီကျောင်းမှာ နိုင်ငံခြားသားကျောင်းသားတွေ တက်နေတာဆိုတော့ သူတို့တွေက ဆေးလိပ်သောက်တာတွေ ရှိပါတယ်။မြန်မာကျောင်းသားတွေလည်း နည်းနည်းသောက်ပါတယ်။ အသိပညာပေးမယ်ဆိုရင် နိုင်ငံခြားသား ကျောင်းသားတွေကိုလည်း ပြောပြ ဖို့ လိုပါတယ်။ တကယ်ဆေးလိပ် သောက်နေတဲ့သူတွေကို ပြောဖို့လို ပါတယ်'' ဟု ပြောသည်။

TTHL

#democracytoday

Rate this item
(0 votes)
back to top