HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး အရေးယူရေး လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်မည်

ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီး အရေးယူရေး လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်မည်

မော်လမြိုင်၊ ဇန်နဝါရီ ၉

မွန်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်ကင်း ရှင်းရေးနှင့် စည်းကမ်းပျက်ယာဉ်များ ဖမ်းဆီးအရေးယူရေးကို လင်းယုန်စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ အဆိုပါလင်းယုန်စီမံချက် ဖြင့်ဆောင်ရွက်မည့်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ဇန်နဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် မွန် ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ် မှူးကြီးနေထွဋ်ဦးက အမှာစကား ပြောကြားပြီး မွန်ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံး၊ ဦးစီးအရာရှိ(ပထမတန်း) ဒုတိယရဲမှူးကြီးသိန်းနိုင်က ''လင်းယုန်''စီမံချက်အား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြကာ တက်ရောက် လာသူများကဝိုင်းဝန်းဖြည့်စွက် အကြံပြုဆွေးနွေးကြသည်။

''လင်းယုန်စီမံချက်ဆောင်ရွက်တဲ့အခါမှာ ဥပဒေအရ တိတိကျကျဆောင်ရွက်ဖို့ လိုပါတယ်။ အဓိကပြောချင်တာက အညှိမခံ ဖို့ပါပဲ။ အညှိခံခြင်းအားဖြင့် ဥပ ဒေဘောင်အတွင်းက အလုပ်လုပ်ရတဲ့ကိုယ့်ဌာနရဲ့ ဂုဏ်သိက္ခာကျ ဆင်းစေမှာပဲ။ ကျွန်တော်တို့လင်း ယုန်စီမံချက်စပြီဆိုရင်တော့ ဥပ ဒေအတိုင်းပဲ တိတိကျကျလုပ် ဆောင်ကြပါ။ စီမံချက်လုပ်ငန်း ဆောင်ရွက်ဖို့အတွက်လည်း ပြည် နယ်အစိုးရက ခွင့်ပြုထားပြီးဖြစ်ပါ တယ်''ဟု နယ်လုံဝန်ကြီးဗိုလ်မှူး ကြီးနေထွဋ်ဦးကပြောသည်။ ''လင်းယုန်စီမံချက်က ရက် ၁ဝဝ ဆိုပေမယ့် နောက်ပိုင်းမှာ လည်း ဆက်လုပ်သွားမယ်။ ဥပဒေ ကိုလေးစားလိုက်နာတတ်အောင် ကျွန်တော်တို့လေ့ကျင့်ပေးရမယ်။ လေ့ကျင့်ပေးနေရက်နဲ့ မလိုက်နာ ဘူးဆိုရင် ကျွန်တော်တို့ဥပဒေအ တိုင်း အရေးယူဖို့လိုပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။


အဆိုပါစီမံချက်ကို ဇန်နဝါ ရီ ၁၅ ရက်မှစတင်မည်ဖြစ်ကြောင်း သိရပြီး စီမံချက်မတိုင်မီ ပညာပေး မှုများကို ဆောင်ရွက်သွားမည်ဖြစ် ကာ စီမံချက်အကောင်အထည် ဖော်ဆောင်ရေးအတွက် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ် ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့နှင့် ဌာန ဆိုင်ရာများပါဝင်သော ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ကော်မတီ များဖွဲ့စည်းထားကြောင်း သိရ သည်။ 

AHO

#democracytoday

Rate this item
(0 votes)
back to top