HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

နယူးယောက်ပြည်နယ်တွင် ဝက်သက်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေ

နယူးယောက်ပြည်နယ်တွင် ဝက်သက်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေ

နယူးယောက်၊ ဇန်နဝါရီ ၁ဝ

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်တွင် ဆိုးရွားသော ဝက်သက်ရောဂါ ကျရောက်လျက်ရှိကြောင်း ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးဖြစ်ပွားသည့် ကူးစက်ရောဂါဖြစ်ကြောင်း၊ လျင်မြန်စွာပြန့်ပွား လက်ရှိရာ ဟတ်ဆင်ဗယ်လီနှင့် နယူးယောက်မြို့တော်တို့တွင် အများဆုံး ဖြစ်ပွားလျက်ရှိကြောင်း၊ ဒေသခံသတင်းများ၏ ဖော်ပြချက်ကို ဆင်ဟွာသတင်းက ဇန်နဝါရီ ၁ဝရက်တွင် ရေးသားလိုက်သည်။ နယူးယောက်မြို့တွင် ဇန်နဝါရီလ ၈ရက်က ဝက်သက်ရောဂါဖြစ်ပွား သူ ၅၅ဦးရှိခဲ့ကြောင်း၊ ၁၁၂ဦးမှာ ဟတ်ဆင်ဗယ်လီအနိမ့်ပိုင်း ရော့ခ်လင်း နယ်မြေ၌ ဖြစ်ပွားခဲ့ကြောင်း နယူးယောက်တိုင်းမ်စ်သတင်းစာက ဖော်ပြခဲ့သည်။

ဤရောဂါမှာ ၂ဝ၁၈ စက်တင်ဘာလမှစတင်ခဲ့ကြောင်း၊ ကလေး တစ်ဦးမှာ အစ္စရေးနိုင်ငံမှပြန်လာပြီးနောက် ဝက်သက်ရောဂါဖြစ်ပွား ကြောင်း၊ အစ္စရေးတွင် လပေါင်းများစွာကတည်းက ဝက်သက်ရောဂါ ကို နှိမ်နင်းလျက်ရှိကြောင်း သတင်းစာကဖော်ပြခဲ့သည်။ နယူးယောက်ပြည်နယ်တွင် အများဆုံးဝက်သက်ဖြစ်ပွားသူများမှာ အော်သို့ဒို့စ်ဂျူးအသိုင်းအဝိုင်း၌ အဖြစ်များကြောင်း သတင်းကဆိုသည်။ ပြည်နယ်နှင့်ဒေသခံတာဝန်ရှိသူများက မိဘများအား ကလေးများ ကို မြန်နိုင်သမျှ မြန်မြန်ကာကွယ်ဆေးများထိုးကြရန် တိုက်တွန်းနှိုးဆော် ထားခဲ့သည်။ ဆေးထိုးရမည့်ကလေးများမှာ အသက် တစ်နှစ်အထက် အားလုံး ပါဝင်သည်ဟုဆိုသည်။


ဝက်သက်ရောဂါဖြစ်ပွားပါက ကနဦးဖျားနာခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ မျက်ရည်ကျခြင်းနှင့် နှာရည်ယိုခြင်းတို့ဖြစ်ပွားတတ်သည့် နောက်ပိုင်းတွင် ခန္ဓာကိုယ်များ အနီရောင်အစက်များ ထွက်လာကာ လူနာ၏မျက်နှာနှင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားတတ်သည်ဟုဆိုသည်။ 

Ref:Xinhua

#democracytoday

Rate this item
(0 votes)
back to top