HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်ထိ မြို့နယ် ၂ဝဝ တွင် တစ်ပြိုင်နက်တည်းဆောင်ရွက်မည်

ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်း ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်ထိ မြို့နယ် ၂ဝဝ တွင် တစ်ပြိုင်နက်တည်းဆောင်ရွက်မည်

နေပြည်တော်၊ ဇန်နဝါရီ ၁ဝ

၂ဝ၁၈ ခုနှစ်အတွက် ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၃၁ရက် ထိ(စုစုပေါင်း ၁ဝ ရက်) တိုင်းဒေ သကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့ နယ် ၂ဝဝ တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်မှာဖြစ်ကြောင်း ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောသည်။ ဇန်နဝါရီ ၁ဝ ရက်က နေပြည် တော် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ရောဂါနှိမ်နင်းရေးရုံး အစည်းအဝေးခန်းမတွင် ၂ဝ၁၈ ခုနှစ် ဆင်ခြေထောက်ရောဂါကင်း ဝေးရေးစီမံချက် လူအားလုံးဆေး ကျွေးခြင်း ဗဟိုအဆင့်အသိပညာ ပေးရှင်းလင်းခြင်း အခမ်းအနား၌ ယင်းကဲ့သို့ပြောခြင်းဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်ကဆင် ခြေထောက်ရောဂါ ကင်းဝေးရေး ဆေးကိုးကြိမ် ၁ဝ ကြိမ်တိုက်ကျွေး သော်လည်းကျွန်တော်တို့ရဲ့ ရည် မှန်းချက်မပြည့်မီသေးသော ခရိုင်များအတွက်တော့ သီးခြား လုပ်ငန်းစဉ်ရေးဆွဲပြီးတော့ လုပ် ဖို့လိုပါလိမ့်မယ်။ လုပ်ရိုးလုပ်စဉ်နဲ့ လုပ်လို့တော့မရနိုင်ဘူး နည်းလေး အိုင်ဒီယာတွေသုံးပြီးတော့ ဒီဒေသ အတွက်တော့ အထူးလုပ်ငန်းအ ဖြစ် ဆောင်ရွက်ရင်အောင်မြင်နိုင် စရာအကြောင်းရှိပါတယ်။ ဆင် ခြေထောက်ရောဂါ ကာကွယ်ဆေးကိုးကြိမ် ၁ဝကြိမ်တိုက်ကျွေးပေမယ့် မအောင်မြင်သေးတဲ့ခရိုင်တွေပေါ့။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး မကွေးတိုင်းဒေသတွေဖြစ်ပါတယ်။ ၂ဝ၁၈ ခုနှစ်အတွက်ဆင်ခြေ ထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်းလုပ်ငန်းကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်ထိ(စုစုပေါင်း ၁ဝ ရက်) တိုင်းဒေသကြီး ပြည်နယ် ၁၂ ခုရှိမြို့နယ် ၂ဝဝ တွင် တစ် ပြိုင်နက်တည်း ဆောင်ရွက်မှာဖြစ် ပြီး အောင်မြင်အောင်ဆောင်ရွက် နိုင်ဖို့လိုအပ်ပါတယ်'' ဟု ပြောသည်။


ဆေးတိုက်အဖွဲ့ဝင်များက အိမ်တိုင်ရာရောက် ဆင်ခြေထောက် ရောဂါကင်းဝေးရေး လူအားလုံး ဆေးကျွေးခြင်း လုပ်ငန်းကို ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပြီးမလိုလားသော ဆေး၏ဆိုး ကျိုးများကိုလျော့နည်းစေနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။၂ဝ၁၈ ခုနှစ်အတွက် ဆင် ခြေထောက်ရောဂါ ကင်းဝေးရေးလူအားလုံးဆေးကျွေးခြင်းလုပ်ငန်းအတွက်ကျပ်သန်းပေါင်း ၅၄၃ ဒသမ ၈ သန်းတန်ဖိုးရှိ DEC ဆေးပြားများကို ဂျပန်နိုင်ငံ Eisai ဆေးကုမ္မဏီမှလည်းကောင်း၊ ကျပ်သန်းပေါင်း ၇၃၉ ဒသမ ၅ သန်း တန်ဖိုးရှိ Alhendazole ဆေးပြားများကို( Gla_o Smithk line ) ဆေးကုမ္ပဏီမှလည်းကောင်း၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အစီအစဉ်ဖြင့် လှူဒါန်းခဲ့ပြီး ဆေးများဖြန့်ဝေခြင်း၊ လုပ်ငန်း လမ်းညွှန်စာအုပ်များ ရိုက် နှိပ်ဖြန့်ဝေခြင်းနှင့် အဆင့်ဆင့် ကြီးကြပ် ကွပ်ကဲဆောင်ရွက်သွား ရန်အတွက် ကျပ်သန်းပေါင်း ၇၃၃ သန်းကို နိုင်ငံတော်ဘတ်ဂျက် မှ ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။ 

MO

#democracytoday

Rate this item
(0 votes)
back to top