HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဖားကန့်ဒေသတွင် မူးယစ်ဆေးသုံးစွဲသူ ငါးသောင်းကျော်ခန့်ရှိ၊ ဆေးဖြတ်လိုသူများကို ဖြတ်ပေးနိုင်ရန် စီစဉ်နေဟုဆို  

ဖားကန့်ဒေသတွင် မူးယစ်ဆေးသုံးစွဲသူ ငါးသောင်းကျော်ခန့်ရှိ၊ ဆေးဖြတ်လိုသူများကို ဖြတ်ပေးနိုင်ရန် စီစဉ်နေဟုဆို   

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ဖားကန့် ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူငါး သောင်းကျော်ခန့်ရှိပြီး မူးယစ်ဆေးဝါး ဖြတ်လိုသူများကိုဖြတ်ပေးနိုင်ရန် စီ စဉ်နေကြောင်း ဖားကန့်မြို့နယ် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင် စိုးက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၁၁ ရက်က ပြောသည်။ ဖားကန့်ဒေသမှာရှိသည့် မူးယစ် ဆေးဝါးဖြတ်ချင်သူများအတွက် ဖား ကန့်တွင် မူးယစ်ဆေးဝါးဖြတ်စခန်း ဖွင့်လှစ်ပြီး ဆေးဖြတ်ချင်သူများကို ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးတင်စိုးက ''ကျွန်တော်တို့ဒေသ မှာတော့ အနည်းဆုံးမရှိဘူးဆိုရင် တောင် မူးယစ်ဆေးဝါးသုံးစွဲသူက ငါး သောင်းနဲ့အထက်မှာရှိပါတယ်။ ဒါ အနည်းဆုံးဖြစ်ပါတယ်။ ဒါထက်လည်း များနိုင်တဲ့အနေအထားရှိပါတယ်။ ကျွန်တော်တို့ဒေသမှာက ရွှေ့ပြောင်း လုပ်သားတွေများတယ်။ သူတို့တစ်တွေ ကိုထိန်းချုပ်ဖို့ကလည်း တော်တော် လေး ခက်ခဲတဲ့အနေအထားရှိပါတယ်။ နောက်တစ်ခါကျောက်ရှာကြတဲ့သူ တွေကျတော့လည်း ဘယ်ဟာသုံးရင် ကျောက်က ပိုရှာနိုင်တယ်။ ဘယ်ဟာ သုံးရင် ဘယ်လိုလုပ်နိုင်တယ်ဆိုတဲ့ လွဲ မှားတဲ့အယူအဆတွေနဲ့ သုံးနေကြ တာမျိုးတွေလည်းရှိပါတယ်။ ကျွန် တော်တို့ ဒီလကုန်လောက်မှာ စတင် စိတ်ပါဝင်စားသူ လူငယ် ၃ဝ လောက် ကို သင်တန်းပေးဖို့လုပ်မယ်။ ပြီးရင် စခန်းဖွင့်လှစ်ပြီး ကုသပေးသွားမှာဖြစ် ပါတယ်''ဟု ပြောသည်။  ဖားကန့်ဒေသတွင် မူးယစ်ဆေး ဝါးပပျောက်ဖို့ လုပ်ကိုင်ရန်ခက်ခဲသည့် အနေအထားတွင်ရှိနေပြီး လျော့နည်း ကျဆင်းစေရေးအတွက် ကြိုးစားလုပ် ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။


ဦးတင်စိုးက ''ဖားကန့်ဒေသကို ပြန်လည်ထူထောင်ရေးလုပ်ဖို့ဆိုတဲ့နေ ရာမှာ ဒီမူးယစ်ဆေးတစ်ခုတည်းတင် မဟုတ်ဘဲ၊ ရေမဆေးကျောက်သမား တွေရဲ့ဘဝတွေ ပြန်လည်ထူထောင်ရေး တွေလည်း ပါပါတယ်။ ပြန်လည်နေရာ ချထားရေးကိစ္စတွေ၊ အလုပ်အကိုင် မရှိဖြစ်တဲ့သူတွေကို အသက်မွေးဝမ်း ကျောင်းပညာသင်ကြားပေးဖို့၊ အသက် မွေးဝမ်းကျောင်းလုပ်ငန်းဆိုတာမှာလည်း သူတို့စိတ်ပါဝင်စားတဲ့လုပ်ငန်းတွေကို သင်ကြားပေးဖို့ ဒါတွေလည်း ပါပါတယ်။ အဲဒီထဲကမှ မူးယစ်ဆေးဝါးစွဲနေတဲ့သူ တွေကို ဖြတ်ပေးဖို့ဆိုတာကလည်း ကဏ္ဍတစ်ခုအနေနဲ့ပါပါတယ်''ဟု ပြောသည်။


အဆိုပါအစီအစဉ်ကို လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာနနှင့် ကချင်ပြည် နယ်လူမှုရေးဝန်ကြီးဌာနတို့ပူးပေါင်း ပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက  ''ကျွန်တော်တို့ ဖေဖော်ဝါရီလဆန်း လောက်မှာ ဖားကန့်ဒေသမှာ မူးယစ် ဆေးဝါးဖြတ်ချင်တဲ့သူတွေကို သင်တန်း ပေးဖို့ စီစဉ်ထားတယ်။ ဒါကတော့ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်။ သက် ဆိုင်ရာဌာနတွေအားလုံး ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ပြောသည်။


ကျောက်စိမ်းရိုင်းတရားမဝင်ရှာ ဖွေသူ(ရေမဆေး)များအတွက် ဥပဒေ နှင့်အညီ အလုပ်အကိုင်ရရှိရေး၊ ဥပဒေ မဲ့လုပ်ရပ်များမပြုလုပ်စေရေး၊ ပြန် လည်နေရာချထားရေးနှင့် ပြည်လည် ထူထောင်ရေးလုပ်ငန်းများကို အ ကောင်အထည်ဖော်ဆောင်ရွက်နိုင် စေရန်အတွက် စီမံချက်ရေးဆွဲအ ကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

AA

#democracytoday

Rate this item
(0 votes)
back to top