HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ရွှေတိဂုံရှိ စေတီတော်တစ်ဆူတွင် အနီရောင်အရည်များ ကျဆင်းနေခြင်းမှာ မိုးရေကြောင့် အောက်ခံသစ်စေး အနီရောင်များ အရည်ပျော်ကျခဲ့ခြင်းသာဖြစ် ဟုဆို

ရွှေတိဂုံရှိ စေတီတော်တစ်ဆူတွင် အနီရောင်အရည်များ ကျဆင်းနေခြင်းမှာ  မိုးရေကြောင့် အောက်ခံသစ်စေး အနီရောင်များ အရည်ပျော်ကျခဲ့ခြင်းသာဖြစ် ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၁

အနီရောင် အရည်များကျဆင်းနေသည်ဟု လူမှုကွန်ရက်ပေါ်တွင်ပျံ့နှံ့နေသည့် ရွှေတိဂုံစေတီတော်ရှိ မြေစိုက်စေတီတော်အမှတ်(၂၆)သည် မိုးရေကြောင့် အောက်ခံသစ်စေး အနီရောင်များအရည်ပျော်ကျခဲ့ ခြင်းသာဖြစ်ကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ထံမှသိရသည်။အဆိုပါ အနီရည်များ ကျဆင်းခြင်းသည် ဇန်နဝါရီ ၁ဝ ရက်တွင်ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၁၁ ရက်တွင် အနီရောင်အရည် များကိုရှင်းလင်းပြီး ရွှေမျက်ပါး သင်္ကန်းတော်ပြန်လည်ကပ်လှူမွမ်း မံခဲ့သည်ဟုဆိုသည်။

''အောက်ခံသစ်စေးအနီရောင်က မိုးရေကြောင့် အရည်ပျော်ပြီး ကျဆင်းလာတာဖြစ်ပါတယ်။ ရွှေ တိဂုံဂေါပကအဖွဲ့အနေနဲ့ ဘာ ကြောင့်ဖြစ်သလဲကို စုံစမ်းဖော် ထုတ်နေပါတယ်။ သစ်စေးမကောင်း တာသုံးမိလို့လား၊ အထဲကသုံးတာ တွေ အရည်အသွေးမမီလို့လား၊ ဆက်လက်စုံစမ်းသွားမှာ ဖြစ်ပါ တယ်။ လောလောဆယ်တော့ အမြင်မသင့်လျော်တဲ့အတွက် မျက် ပါးရွှေသင်္ကန်းတော် ပြန်ချထားပါ တယ်''ဟု ဂေါပကအဖွဲ့၊ ရုံးအဖွဲ့ မှူးဦးထွန်းအောင်ငွေက ဇန်နဝါရီ ၁၁ ရက်တွင် ပြောသည်။ လူမှုကွန်ရက်သုံးစွဲသူတစ် ဦးက ဇန်နဝါရီ ၁ဝ ရက်တွင် ''ရွှေ တိဂုံစေတီတော်ကြီး၏ မြောက် ဘက်ဓာတ်လှေကားထိပ် စေတီ တော်အမှတ်(၂၆)ရှိ စေတီရဲ့ငှက် ပျောဖူးအောက်နားမှ အမျိုးအ မည်မသိသော အနီရောင်အစေး များစီးကျလာကြောင်း ၊ မည်သည့် အကြောင်းကြောင့်ဖြစ်ပေါ်လာ ခြင်းကို မသိရှိရသေးကြောင်း''တင်ခဲ့ပြီး ဝေဖန်မှုမျိုးစုံ၊ ထင်မြင် မှုမျိုးစုံကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။


ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိ ကြီးများ ဇန်နဝါရီ ၁၁ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ မြေစိုက်စေတီတော်အမှတ် (၂၆)ကို ၂ဝ၁၄ ခုနှစ်တွင် မျက်ပါး ရွှေသင်္ကန်းကပ်လှူခဲ့ပြီး ငါးနှစ်သက် တမ်းခံရန် ကန်ထရိုက်ဖြင့်စာချုပ် ချုပ်ဆိုခဲ့ကြောင်း၊ မြေစိုက်စေတီ တော်နှင့် အရံစေတီတော်များ ရွှေချခြင်းလုပ်ငန်းကို ကန်ထရိုက် လေးခုအား ခွဲ၍ဆောင်ရွက်စေခဲ့ေ ကာင်းနှင့် စေတီတော်၏အရည် အသွေးပိုင်းများကို ပြန်လည်စစ် ဆေးခြင်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။ 

TTHL

#democracytoday

Rate this item
(0 votes)
back to top