HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

အောင်လံမြို့ရှိ မြေထဲမြို့ဟောင်းကို ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ဟုဆို

အောင်လံမြို့ရှိ မြေထဲမြို့ဟောင်းကို ယဉ်ကျေးမှုနယ်မြေအဖြစ်  ထိန်းသိမ်းစောင့်ရှောက်ပေးရန် လိုအပ်ဟုဆို

အောင်လံ၊ ဇန်နဝါရီ ၁၁

နိုင်ငံတော် သမ္မတထံသို့ မကွေးတိုင်းဒေသ ကြီး သရက်ခရိုင်အောင်လံမြို့ရှိ မြေထဲမြို့ဟောင်းထိန်းသိမ်းရေး စောင့်ရှောက်ရေးကော်မတီမှ မြေ ထဲမြို့ဟောင်းအား ယဉ်ကျေးမှု နယ်မြေအဖြစ် ထိန်းသိမ်းပေးရန် တောင်းဆိုစာ ပေးပို့ထားကြောင်း မြေထဲမြို့ဟောင်းထိန်းသိမ်းရေး စောင့်ရှောက်ရေး ကော်မတီထံမှ သိရသည်။

''ဇန်နဝါရီ ပထမပတ်က မြေ ထဲမြို့ဟောင်း ထိန်းသိမ်းစောင့် ရှောက်ရေး ကော်မတီကနေ မြေ ထဲမြို့ဟောင်းကို မြို့ဟောင်းတစ်ခု အဖြစ် သမိုင်းအမွေအနှစ်တွေ မ ပျက်စီးအောင် ထိန်းသိမ်းစောင့် ရှောက်ပေးဖို့စာကိုနိုင်ငံတော် သမ္မတထံကို ပေးပို့တာဖြစ်ပါတယ်'' ဟု မြေထဲမြို့ဟောင်းထိန်းသိမ်း ရေးစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းက ပြောကြားသည်။

 

အောင်လံမြို့နယ် မြောက်ဘက် ကြေးနီချောင်းနှင့် မိုးဖုန်းကျေးရွာ အကြားတွင် တည်ရှိသော မြေထဲမြို့ ဟောင်း (မြေထဲခံတပ်ဟောင်း) အ တွင်းတည်ရှိသော ဘုရားစေတီများ နှင့် အုတ်ရိုးများမှာ ပျူခေတ်လက် ရာများဖြစ်ပြီး ယခုအခါထိန်းသိမ်း မှုမရှိခြင်းကြောင့် ပျက်စီးမှုရှိနေ ခြင်းနှင့် ယဉ်ကျေးမှုလက်ရာ ဘုရား အချို့ကို ခေတ်လက်ရာများဖြင့် ပြု ပြင်မွမ်းမံ လှူဒါန်းလျက်ရှိနေခြင်း တို့ကြောင့် သမိုင်းအမွေအနှစ်ပျူ ခေတ် လက်ရာယဉ်ကျေးမှုများပျောက် ကွယ်မည်ကို မြေထဲမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေးကော် မတီမှ စိုးရိမ်လျက်ရှိနေသည်။


မြေထဲမြို့ဟောင်းထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီမှနိုင်ငံ တော်သမ္မတထံသို့ ပေးပို့သောစာ တွင် မြေထဲမြို့ဟောင်းမှာ ပျူခေတ် ကာလကစတင်တည်ရှိခဲ့သောမြို့ ဟောင်းတစ်ခုဖြစ်ကြောင်း၊ အင်္ဂလိပ် -မြန်မာနယ်စပ် ခံတပ်မြို့ဟောင်း တစ်ခုဖြစ်ကာ သရေခေတ္တရာနှင့် ဗိဿနိုးမြို့ဟောင်းကြားတွင် တည်ရှိသော ပျူမြို့ဟောင်းတစ်ခု ဖြစ်ကြောင်း၊ ရှေးဟောင်းမြို့ရိုး စေတီနှင့် လူ့အသုံးအဆောင်ပစ္စည်း များကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း၊ မြေထဲမြို့ဟောင်း အား နိုင်ငံတော်အစိုးရ ညွှန်ကြား မှုနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ ၏ ကြီးကြပ်ကွပ်ကဲမှုများဖြင့် ဆောင် ရွက်ပေးစေလိုကြောင်း၊ သမိုင်း အထောက်အထား စာရွက်ဓာတ်ပုံ မှတ်တမ်းဖြင့်ပေးပို့ထားခြင်းဖြစ် ကြောင်း သိရသည်။


ယင်းမြေထဲမြို့ဟောင်းအား ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်း သိမ်းစောင့်ရှောက်ပေးရန် အတွက် နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ သာသနာရေးနှင့် ယဉ်ကျေးမှုရုံး၊ မြန်မာ့သမိုင်းကော်မရှင်အဖွဲ့၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် လူမှုရေးဝန်ကြီး၊မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနအဖွဲ့တို့ထံ သို့လည်း မိတ္တူများပေးပို့ခဲ့ကြောင်း သိရသည်။ 

HT(AL)

#democracytoday

 

Rate this item
(0 votes)
back to top