HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကမ္ဘာ့ သမုဒ္ဒရာကြီးများ ပိုမိုပူနွေးလာ  

ကမ္ဘာ့ သမုဒ္ဒရာကြီးများ  ပိုမိုပူနွေးလာ   

တမ်ပါ၊ ဇန်နဝါရီ ၁၁

ကမ္ဘာကြီးပူနွေးလာမှုကြောင့် ကမ္ဘာ့သမုဒ္ဒရာရေပြင် အပူချိန်များသည်လည်း လျင်မြန်စွာမြင့်တက် လာနေပြီး သမုဒ္ဒရာအတွင်းရေနေ သတ္တဝါများအတွက် အန္တရာယ် ကြုံတွေ့လာနိုင်သည်ဟု အမေရိ ကန်သိပ္ပံဂျာနယ်က ဇန်နဝါရီ ၁၁ ရက်က ရေးသားဖော်ပြလိုက်သည်။တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီများဦးဆောင်လျက် သု တေသနပြုလုပ်ခဲ့ရာတွင် မကြာမီ နှစ်များအတွင်းက သမုဒ္ဒရာရေ ပူ နွေးလာမှုကို သုတေသနပြု တွေ့ ရှိခဲ့ရသည်ဟုလည်း ထုတ်ဖော်ရေး သားလိုက်သည်။ ယင်းသည် ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နှင့်ဆက်စပ်နေသည်ဟုလည်း သု တေသီများက ထုတ်ဖော်ပြောဆို လိုက်သည်။

''သမုဒ္ဒရာများအပူချိန် မြင့် တက်မှုဟာ ရာသီဥတုပြောင်းလဲ ဆိုးရွားနေတယ်ဆိုတာကို ညွှန်ပြ နေပါတယ်။ သမုဒ္ဒရာရေပြင်အပူချိန်ဟာ ကျွန်တော်တို့တွေးထင် ထားတာထက် ပိုမိုမြန်ဆန်စွာ ပူ နွေးနေပါတယ်'' ဟု ဆောင်းပါးရှင် သုတေသီဇက်ဟူစ်ဖာသာက ထုတ် ဖော်ရေးသားခဲ့သည်။


ကမ္ဘာ့သမုဒ္ဒရာရေပြင်များ အား ၂ဝ၁၄ခုနှစ် ၂ဝ၁၇ ခုနှစ်များအတွင်း သုတေသနလေးကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သုတေသနစက် ရုပ် ၄ဝဝဝခန့်အသုံးပြုပြီး ရေအနက် မီတာ ၂ဝဝဝအထိ သုတေသနပြု တိုင်းတာစေခဲ့ကြောင်း သမုဒ္ဒရာ အပူချိန်များသည် ရာစုနှစ်အဆုံးနှစ် များအတွင်း ဝဒသမ၇၈ စင်တီဂ ရိတ်ထိ ပို၍ပူနွေးလာခဲ့ကြောင်း သုတေသနဂျာနယ်တွင် ဖော်ပြထား သည်။

Ref ; AFP

#democracytoday

Rate this item
(0 votes)
back to top