HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မူဆယ်ခရိုင်တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်း အခမဲ့ဆောင်ရွက်ပေး

မူဆယ်ခရိုင်တွင် ပထမဆုံးအကြိမ် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်  စမ်းသပ်ရှာဖွေကုသခြင်း အခမဲ့ဆောင်ရွက်ပေး

မူဆယ်၊ ဇန်နဝါရီ ၁၂ 

ရှမ်းပြည် နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ရှမ်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်း မာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူ ဆယ်ခရိုင်တွင် ပထမဆုံးအကြိမ် အဖြစ် သားအိမ်ခေါင်းကင်ဆာ အ ကြိုအဆင့် စမ်းသပ်ရှာဖွေကုသ ခြင်းကို ဇန်နဝါရီ ၁၂ရက် နံနက် ၈နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း(မူဆယ်) ကျောင်းဝင်းအတွင်း အခမဲ့ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

''ကျွန်မတို့ ရှမ်းပြည်နယ်အ မျိုးသမီးရေးရာအဖွဲ့နဲ့ ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သားအိမ် ခေါင်းကင်ဆာအကြိုအဆင့် စမ်း သပ်ရှာဖွေကုသခြင်းကို တောင် ကြီးမြို့၊ လားရှိုးမြို့၊ ညောင်ရွှေမြို့၊ လဲချားမြို့၊ ကျောက်မဲမြို့၊ သီပေါ မြို့၊ နောင်ချိုမြို့နဲ့ ဆီဆိုင်မြို့တို့ မှာ စုစုပေါင်းအမျိုးသမီး ၅၄၂၂ဦး ကို အခမဲ့စစ်ဆေးပေးခဲ့ပါတယ်။ အဲဒီထဲမှာ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်တွေ့ရှိသူ ၁၁ဝ ဦး၊ သား အိမ်ခေါင်းရောင်ရမ်းသူ ၉၃ဝဦး၊ သားအိမ်ခေါင်းအရည်စစ်ဆေးခံ ရသူ လေးဦး၊ သားအိမ်အသားစ စစ်ဆေးခံရသူ ၃၄ဦး၊ အဖြူဆင်း သူ ၄၄ဦးနဲ့ သားအိမ်ကျွံမှုဖြစ်ပွား သူ ၁၃ဦးတို့တွေ့ရှိခဲ့ပြီး၊ ဒီနေ့က တော့ မူဆယ်ခရိုင်အတွင်းမှာ ပထ မဦးဆုံး အခမဲ့သားအိမ်ခေါင်းကင် ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသခြင်းဖြစ်ပါတယ်''ဟု ရှမ်းပြည် နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည် နယ်အမျိုးသမီးရေးရာအဖွဲ့ နာယ က ဒေါ်နန်းရွှေမြင့်က ပြောသည်။

 

အဆိုပါ သားအိမ်ခေါင်းကင် ဆာအကြိုအဆင့် စမ်းသပ်ရှာဖွေ ကုသရာသို့ အမျိုးသမီးတစ်ထောင် ခန့် လာရောက်အစစ်ဆေးခံကြောင်း သိရသည်။ သားအိမ်ခေါင်းကင်ဆာမှာ အိမ်ထောင်နဲ့ဆက်ဆံရာမှ ကူးစက် တဲ့ရောဂါဖြစ်ပြီး ကြွက်နို့ပိုးကူးစက် ရာမှ စတင်တဲ့ကင်ဆာအမျိုးအစား ဖြစ်ပါတယ်။ ရောဂါလက္ခဏာမ ပေါ်ဘဲဖြစ်လိုက်၊ ပျောက်လိုက်ဖြစ် နေရာမှ မပျောက်တော့ဘဲ သား အိမ်ခေါင်းတွင်ြ<ွကက်နို့ပိုးအမြဲရှိ နေရာမှ ကင်ဆာအဖြစ်သို့ ဦးတည် ပြောင်းလဲခြင်းကြောင့် အမျိုးသမီး တွေ ငါးနှစ်တစ်ကြိမ် စစ်ဆေးကုသ မှုခံယူသင့်ပါတယ်။ အမျိုးသမီး တွေ ပုံမမှန်သောအဖြူဆင်းခြင်း၊ ပုံမမှန်သောသွေးဆင်းခြင်း၊ အိမ် ထောင်နဲ့ဆက်ဆံပြီး သွေးဆင်းခြင်း နဲ့ သွေးဆုံးပြီး သွေးဆင်းခြင်းစတဲ့ လက္ခဏာတွေဖြစ်လာရင် အမြန် ဆုံးစစ်ဆေးကုသမှုကို ခံယူဖို့လိုပါ တယ်။ အသက် ၃ဝမှ အသက် ၅ဝ ကြားအမျိုးသမီးတွေ အဖြစ်များပါ တယ်''ဟု သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာသန့်စန္ဒာလွင်က ပြောသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာအမျိုးသ မီးများတွင် နှစ်စဉ် ၅၂၈၆ဦး ဖြစ်ပွားပြီး ၂၉၉၈ဦး သေဆုံးနေ ကြောင်း ခန့်မှန်းထုတ်ပြန်ထား သည်။ 

PS

#democracytoday

Rate this item
(0 votes)
back to top