HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ကသာခရိုင် ဧရာဝတီမြစ်အတွင်း တရားမဝင် သစ်တန်ချိန် ၃ဝဝ ခန့် ဖမ်းမိ

ကသာခရိုင် ဧရာဝတီမြစ်အတွင်း တရားမဝင် သစ်တန်ချိန် ၃ဝဝ ခန့် ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်တွင် ဧရာဝတီမြစ်အတွင်း တရားမဝင် သစ်တန်ချိန် ၃ဝဝခန့်ကို ဖမ်းဆီး ရမိခဲ့ကြောင်း၊ ကသာခရိုင်သစ်တော ဦးစီးဌာနလက်ထောက် ညွှန်ကြား ရေးမှူးဦးမြင့်နိုင်ဦးက ဇန်နဝါရီ ၁၂ရက်က ပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ညောင်ခြေထောက်ကျေးရွာအထက် တစ်မိုင်ခန့်အကွာတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးမြင့်နိုင်ဦးက ''ကျွန်တော်တို့ သတင်းရတာကတော့ ဇန်နဝါရီ ၉ရက်ညက သတင်းရတာဖြစ်ပါ တယ်။ ဖောင်တွဲတွေကသစ်တွေ ဖြုတ်ချထားတယ်ဆိုပြီး သတင်းရ တယ်ပေါ့နော်။ အဲဒီမှာကျွန်တော် တို့က ရေငုပ်သမားတွေနဲ့စပြီးတော့ ဖော်တယ်ပေါ့နော်။ ၁ဝရက်မှာဖော် တော့ ဖောင်တွဲအရေအတွက်က တစ်နေရာမှာ ၁၁တွဲ၊ နောက်တစ် နေရာမှာ နှစ်တွဲကိုတွေ့ပါတယ်။ ဖောင်တွဲ ၁၃တွဲကို စပြီးဖော်တဲ့အခါ မှာ ၁ဝရက်မှာ ၈၇တန်လောက် ဖော်နိုင်တယ်။ ၁၁ရက်မှာလည်း တန်၈ဝကျော်ဖော်နိုင်တယ်။ ဒီနေ့ လည်းဆက်ဖော်နေတယ်။ မနက် ဖြန်လောက်ဆိုရင်တော့ ဖော်လို့ပြီး မယ်လို့ခန့်မှန်းရတယ်။ ရေအောက် မှာ ဖြစ်နေတဲ့အတွက်ကြောင့် တိတိကျကျ ပြောဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ ခန့်မှန်းတာကတော့ စုစုပေါင်းတန် သုံးရာလောက်ရှိမယ် ခန့်မှန်းရတယ်''ဟုပြောသည်။


ဧရာဝတီမြစ်အောက်ရှိ သစ် များကို လက်ရှိရေငုပ်သမားများ နှင့်ဖော်ထုတ်နေပြီး လက်ရှိအချိန် အထိတန် ၁၅ဝကျော်ကို ဖော်ထုတ် ပြီးဖြစ်ကြောင်းလည်းသိရသည်။ ဦးမြင့်နိုင်ဦးက ''ဒီသစ်တွေ က ကချင်ပြည်နယ်ဘက်ကနေပြီး တော့ ဧရာဝတီမြစ်အတိုင်းဆင်း လာတာဖြစ်ပါတယ်။ ဧရာဝတီမြစ် ကနေပြီးတော့ မန္တလေးဘက်ကို ဆင်းမှာဖြစ်ပါတယ်။ကျွန်တော်တို့ ခန့်မှန်းတာကတော့ ဗန်းမော်ခရိုင် ထဲကလာတယ်လို့ပဲ ခန့်မှန်းပါတယ်။ တချို့သစ်လုံးတွေက တော်တော်ကို အကြီးကြီးတွေဖြစ်ပါတယ်။ တချို့ သစ်လုံးတွေက ငါးတန်ခြောက် တန်လောက်အထိ ရှိတာတွေဖြစ် တယ်။ ဒီလိုသစ်မျိုးတွေက ကျွန် တော်တို့ ကသာခရိုင်ထဲမှာတော့ မရှိတော့ပါဘူး''ဟု ပြောသည်။ ဖမ်းဆီးရမိ သစ်အများစုမှာ ကညင်သစ်များဖြစ်ပြီး ရေကြောင်း မှတစ်ဆင့်မန္တလေးဘက်သ်ု့် စီး ဆင်းခြင်းဖြစ်ကြောင်း သိရသည်။


ဦးမြင့်နိုင်ဦးက '' ကသာခရိုင်ထဲမှာတော့ တရားမဝင်သစ်စီးဆင်း နိုင်တဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ဖမ်းဆီးတာတွေလုပ်တယ်။ ကြိုးဝိုင်းတွေထဲမှာဆိုရင်လည်း တရားမဝင်သစ်စက်တွေကိုလည်း ဖော်ထုတ် ရှင်းလင်းတာတွေလုပ်တယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက လည်း သတင်းပေးတာတွေရှိတယ်။ ပြည်သူတွေကလည်း သတင်းပေး တာတွေရှိတယ်။ တရားမဝင်သစ် နဲ့ပတ်သက်ပြီး လူကြီးတွေက လည်း ထိထိရောက်ရောက်ဆောင် ရွက်ဖို့ရယ်၊ ငွေရေးကြေးရေး အဂတိကင်းရှင်းဖို့တွေလည်းညွှန်ကြားထားပါတယ်''ဟု ဆက်လက်ပြော သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင် သစ်ဖမ်းဆီးရာတွင် ပြည်သူများ၏ သတင်းပေးမှုအား ကောင်းခြင်း၊ လွှတ်တော်ကိုယ် စားလှယ်များ၊ ဌာနဆိုင်ရာများ၊ CSO များ ပူးပေါင်းပါဝင်မှုအား ကောင်းခြင်းများကြောင့် တရားမ ဝင်သစ်ဖမ်းဆီးရရှိမှု ပိုမိုများပြား လာခဲ့ကြောင်း သိရသည်။

AA

#democracytoday

Rate this item
(0 votes)
back to top