HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လူသားတို့၏ စားသောက်ပုံ နည်းစနစ် မှားယွင်းမှုကြောင့် ကမ္ဘာကြီးထိခိုက်ရကြောင်း လေ့လာမှုတွင်ဖော်ပြ

လူသားတို့၏ စားသောက်ပုံ နည်းစနစ် မှားယွင်းမှုကြောင့် ကမ္ဘာကြီးထိခိုက်ရကြောင်း လေ့လာမှုတွင်ဖော်ပြ

ပဲရစ်၊ ဇန်နဝါရီ ၁၇

လူသားတို့၏ အစားအသောက် ထုတ်လုပ်မှုနှင့် စားသောက်မှုအချိုးအစားကို သမမျှတစွာ ပြောင်း လဲမှုသည် လူသန်းနှင့်ချီ၍သေဆုံးမှုနှင့် ကမ္ဘာကြီးအပေါ် ဆိုးရွားစွာ ထိခိုက်မှုကို ရှောင်ရှားနိုင်ကြောင်း နာမည်ကျော် လေ့လာမှုတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်၌ ဖော်ပြလိုက်သည်။ သကြားနှင့်အနီရောင် အသားများစားသုံးမှုကို တစ်ဝက် လျှော့ချပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် သစ်ဥသစ်ဖုများကိုနှစ်ဆစားသုံးခြင်းဖြင့် ကမ္ဘာ့လူသားများ၏ စားသောက်ပုံ နည်း စနစ်ကိုပြောင်းလဲရေးသည် ရည်ရွယ်ချက်များဖြစ်ကြောင်း သုံးဒါ ဇင်ခန့်ရှိသော သုတေသီအဖွဲ့က The Lancet  ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။

သုတေသီတင်လန်းက ''ကျွန် တော်ကအရမ်းဆိုးရွားတဲ့ အခြေ အနေမှာရှိနေပါတယ်'' ဟု ဆိုသည်။ လက်ရှိတွင်တွင် တစ်ဘီလီ ယံနီးပါးရှိသော လူဦးရေမှာအ ငတ်ဘေးဆိုက်နေပြီး အခြားနှစ် ဘီလီယံမှာလည်း မှားယွင်းသော အစားအစာများကို အလွန်အကျွံ စားသုံးနေကြခြင်းကြောင်း အဝ လွန်ခြင်း၊ နှလုံးရောဂါနှင့် ဆီးချို ရောဂါတို့ကို ဖြစ်ပွားစေကြောင်း လည်းဖော်ပြထားသည်။


အာဟာရမပြည့်ဝသော စား သောက်ပုံနည်းစနစ်ကြောင့် နှစ်စဉ် လူဦးရေ ၁၁ သန်းမှာ အချိန်မတိုင် မီသေဆုံးခဲ့ကြရကြောင်း ကမ္ဘာလုံးဆိုင်ရာ ရောဂါဝန်ထုပ်ဝန်ပိုးအစီရင်ခံစာတွင် ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ အစားအသောက်စနစ်သည် ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံး ထုတ်လုပ်နေသော ကဏ္ဍဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှုကိုအများဆုံးဖြစ်ပေါ်စေသည်။ ယင်း ကြောင့်ကမ်းရိုးတန်းများနှင့် ကုန်းတွင်းရေလမ်းကြောင်းများ တစ်လျှောက်တွင်သက်ရှိများကို သေစေနိုင် သော ရေညှိပင်များပေါက်ဖွား လာရသည့် အဓိကအကြောင်းအရင်းလည်းဖြစ်သည်။


ကမ္ဘာ့ကုန်းမြေ မျက်နှာပြင်၏ ထက်ဝက်နီးပါးခန့်ကိုလွှမ်းခြုံ ထားသော လယ်ယာစိုက်ပျိုးရေး ကဏ္ဍသည် ကမ္ဘာ့ရေချိုထောက်ပံ့ မှု ၇ဝ ရာခိုင်နှုန်းခန့်ကို အသုံးပြု နေသည်။

Ref:straitstimes

#theyangontimes

Rate this item
(0 votes)
back to top