HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ယခုလကုန်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်

ယခုလကုန်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်

ရန်ကုန်၊ ဇန်န၀ါရီ ၁၉ 

ဇန်န၀ါရီလ နောက်ဆုံးဆယ်ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိ အားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီလ ၁၉ ရက်က သိရ သည်။

မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်န၀ါရီလ တတိယ ၁၀ ရက်အတွက် မိုးလေ၀သခန့်မှန်းချက်တွင် ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ကြောင်း ဖော်ပြထားသည်။


မိုးရွာသွန်းမှုအခြေအနေထုတ်ပြန်ချက်အရ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တို င်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့်ရွာနိုင်ကြောင်း သိရသည်။


မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက " လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်တယ်ဆို ပြီး ထုတ်ပြန်ပေးထားပါတယ်။ ဒီလေဖိအားနည်းရပ်ဝန်းက မုန်တိုင်း အဆင့်တော့ရောက်နိုင် တယ်။ ဒါပေမဲ့အားကောင်းတဲ့ အခြေအနေ မရှိဘူး။ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုလည်းမရှိနိုင်ပါ ဘူး"ဟု ပြောသည်။


မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ညအပူချိန် ထုတ်ပြန်ချက်တွင် ဇန်န၀ါရီလနောက်ဆုံးအပတ်ဆယ်ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ပို နိုင်ပြီး ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ ပျမ်းမျှအပူချိန်အောက် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်လျော့နိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တ လေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဇန်န၀ါရီလ၏ပျမ်းမျှ အပူ ချိန်ခန့်သာ ရှိနိုင်ကြောင်းသိရသည်။

AA

#democracytoday

Rate this item
(0 votes)
back to top