HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ'' လုံခြုံရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူမည်

''သွေးချင်းတို့ရဲ့   ပွဲတော်ဆီ'' လုံခြုံရေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ယူမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

တိုင်းရင်းသားများနှင့် ပြည်ပခရီးသွားများ ပါဝင်ဆင်နွှဲကြမည့် ''သွေးချင်းတို့ရဲ့ ပွဲတော်ဆီ''ပွဲတွင်ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနက တိုင်းရင်းသားဒေသများရှိ သာယာလှပ သော ခရီးစဉ်ဒေသများကို ပြသ၍ ခရီးသွားများကို ဆွဲဆောင်ကာ ခရီးသွားကဏ္ဍကို မြှင့်တင်သွားမည်ဖြစ် ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ပွဲတော်လုံခြုံရေးကို အဓိက ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်က ကျိုက္က ဆံကွင်း၌ ပြုလုပ်သောပွဲတော်နှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲ မှ သိရခြင်းဖြစ်သည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ရန်ကုန်တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးနိုင်ဝင်းက ''ဒီပွဲတော်ကာလမှာ ကျွန်တော်တို့ဌာနက ခရီးသွားမြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါမယ်။ အထူးသဖြင့် ကျွန်တော်တို့ရဲ့ တိုင်းရင်းသားဒေသတွေမှာ အင်မတန်မှလှပတဲ့ ရေမြေတောတောင်ရှိပြီး တော့ ရိုးရာယဉ်ကျေးမှုတွေ၊ ရိုးသားပြီး ချစ်ခင်ဖွယ်ရှိတဲ့အတွက် ဒါတွေကို ဦးစားပေးပြီး ဖော်ပြသွား ပါမယ်။ ဥပမာ- ရခိုင်ဘက်ကဆို ရင် မြောက်ဦး၊ မြစ်ကြီးနားဘက်ကဆိုရင် အင်းတော်ကြီးဒေသ၊ ရှမ်း ပြည်နယ်မှာဆိုရင် အင်းလေးဒေသ၊ ရန်ကုန်မှာဆိုရင် ရွှေတိဂုံ၊ အမွေအနှစ် အဆောက်အအုံတွေ၊ ပုဂံ ဒေသ၊ ပင်းတယဒေသ၊ တနင်္သာရီဘက်မှာဆိုရင် ကမ်းခြေဒေသနဲ့ ကျွန်းတွေ ခရီးသွားဒေသတွေကို မူတည်ပြီးတော့မှ ခရီးသွားဒေသတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်။ နိုင်ငံခြားသားတွေကို ဆွဲဆောင် မယ်''ဟု ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။


ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ဖြင့် ခရီးသွားကဏ္ဍ မြှင့်တင်ရာ ရောက်သလို တိုင်းရင်းသားများ၏ ရိုးရာပွဲတော်များ အကြောင်းကို သိ ရှိကာ ပြည်တွင်း၊ ပြည်ပ ခရီးသွား များ သွားရောက်နိုင်ကြမည်ဖြစ် ကြောင်းသိရသည်။ ''အခုဆိုရင် ဟိုတယ်၊ ခရီး ညီနောင် ၁၁ သင်းကနေ ပြခန်း တွေ ပြမယ်။ ပြမယ်ဆိုတော့ တစ် နိုင်ငံလုံးမှာရှိတဲ့ Tour Destination (ခရီးသွားနိုင်မယ့်နေရာ)တွေ ကို လာမယ့် ပြည်သူလူထုက သိရ မယ်။ တိုင်းရင်းသားတွေက သိရ မယ်။ Tour Destination  (ခရီး သွားနိုင်မယ့် နေရာ)တွေ အလိုက် တိုင်းရင်းသားတိုင်းက လစဉ်လိုလို သူတို့ရဲ့ ကိုယ်ပိုင် ရိုးရာပွဲတော်တွေ ရှိတယ်။ အဲဒီရိုးရာပွဲတော်တွေက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ဘယ်လိုနေရာမျိုးတွေမှာ၊ ဘယ်လို အချိန်မျိုးတွေမှာ ကျင်းပမလဲ ဆို တဲ့ မတ်ဆေ့ခ်ျတွေလည်း ဒီပြခန်း တွေက ရနိုင်မယ်''ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်း ရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောသည်။


မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးအေး ကျော်က ''ပွဲတော်လုပ်ရတဲ့ ရည်ရွယ် ချက်သည် သွေးချင်းတို့ရဲ့ တွေ့ဆုံ ပွဲရယ်၊ တိုင်းရင်းသားတွေရဲ့ ခရီး သွားလုပ်ငန်းတွေ မြှင့်တင်ဖို့ဆိုတာ ပါလာတယ်။ ဒီပွဲတော်ကြီးမှာ ပါ ဝင်သင့်တယ်လို့ အန်ကယ်ဆုံးဖြတ် လိုက်တာ''ဟု ပြောသည်။ ပွဲတော်၏လုံခြုံရေးပိုင်းကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဓိက ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ''အဓိကကတော့ လုံခြုံရေး ပေါ့။ ဒီလောက်များတဲ့ လူဦးရေတွေ နဲ့ ဒီလောက်ကြီးတဲ့ Even  ကြီး လုပ် တယ်ဆိုတော့ လုံခြုံရေး၊ ကားလမ်း တွေမပိတ်ဖို့ တကယ်လို့ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ်ြ<ွကရောက် ချီးမြှင့်ဖို့ ရှိခဲ့မယ်ဆိုရင် သူ့ရဲ့လုံခြုံ ရေးအတွက် ကျွန်မတို့ ပိုပြီးတော့ အာရုံစိုက်ရတာပေါ့နော်''ဟု ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဒီမိုကရေ စီတူဒေးသို့ ပြောသည်။


မြန်မာ စားသုံးသူများသမဂ္ဂ ၏ အတွင်းရေးမှူး ဦးမောင်မောင် ကလည်း ''ဒီပွဲမှာ တိုင်းရင်းသားတွေ လာရောက်ကြမှာ ဖြစ်တဲ့အတွက် စားသုံးသူတွေရဲ့ ရပိုင်ခွင့် အခွင့်အ ရေးတွေ၊ စားသုံးသူရဲ့ တာဝန်ဝတ္တ ရားတွေ၊ စားသုံးသူရဲ့ ပညာရေးတွေ ကို လေ့လာဆည်းပူးနိုင်ဖို့၊ အသိပ ညာပေးဖို့ ပြခန်းတစ်ခုယူပြီး အသိ ပညာပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြောသည်။ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအ သင်းမှကြီးမှူးကျင်းပပြီး ဇန်နဝါရီ ၂၅ ရက်မှ ၃ဝ ရက်အထိ ကျိုက္ကဆံ ကွင်း၌ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

TTHL

#democracytoday

 

Rate this item
(0 votes)
back to top