HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

မြိတ်မြို့၌ မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်၊ သုံးခန်းတွဲ လူနေတန်းလျားနှစ်လုံး ဆုံးရှုံး

မြိတ်မြို့၌ မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်၊ သုံးခန်းတွဲ လူနေတန်းလျားနှစ်လုံး ဆုံးရှုံး

မြိတ်၊ ဇန်နဝါရီ ၂၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ ချမ်းမြေ့သာရီရပ်ကွက်၌ နေအိမ်တန်းလျား၌မီြး<ွကင်းမီးကျန်မီးမှ စတင်မီးလောင်မှုဖြစ်ပွား၍ လူ နေသုံးခန်းတွဲ တန်းလျားနှစ်လုံးမီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း နယ်မြေမီးသတ်စခန်းမှ သိရသည်။ 

ဖြစ်စဉ်မှာ မြိတ်မြို့စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာ ချမ်း မြေ့သာရီရပ်ကွက် လမ်းအမှတ် (၂ဝ)ရှိပိုင်ရှင် ဦးဇော်ကြီး မြရိပ်ညို (၂)လမ်း တက္ကသိုလ်ရပ်ကွက် မြိတ်မြို့နေသူပိုင်ဆိုင်သော အလျား ၄၅ပေ၊ အနံပေ ၂ဝရှိဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်းသုံးခန်းတွဲ တစ်ထပ် လူနေတန်းလျားနေ ဦးသန့်ဇင်ဦး အသက် (၃၂)နှစ်(လက်သမား) ၏အခန်းမှ ဇန်နဝါရီ ၂၁ရက် မွန်းလွဲ ၁ နာရီ ၅၁မိနစ်ခန့်တွင် မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှု ဖြစ်ပွားရာသို့ ကျွဲကူးနယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်အောင်အပါအဝင် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူများက မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ပုဂ္ဂလိက ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂နာရီ ၈မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။


မီးလောင်မှုကြောင့် အလျား ၄၅ပေ၊ အနံပေ ၂ဝ ရှိ ဓနိမိုးထရံကာ၊ ပျဉ်ခင်းသုံးခန်းတွဲတစ်ထပ်၊ လူနေတန်းလျားနှစ်လုံး၊ တန်ဖိုး ငွေကျပ် ၁၃၅ဝဝဝဝခန့်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုကြောင့် ဦးသန့်စင်ဦး (၃၂)နှစ်အား ကျွဲကူးနယ် မြေရဲစခန်းမှ (ပ) ၂၆၁/၂ဝ၁၉ပုဒ်မ (၂၈၅)ဖြင့် အရေးယူထား ကြောင်း သိရသည်။

MN

#democracytoday

Rate this item
(0 votes)
back to top