HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

ဘုရားဖူးရာသီ စတင်ချိန်တွင် ဇလုံတောင်သို့ နေ့စဉ်လာရောက်သည့် ဘုရားဖူးသူဦးရေမှာ သောင်းဂဏန်းဝန်းကျင်အထိ ရှိဟုဆို

ဘုရားဖူးရာသီ စတင်ချိန်တွင် ဇလုံတောင်သို့ နေ့စဉ်လာရောက်သည့်  ဘုရားဖူးသူဦးရေမှာ သောင်းဂဏန်းဝန်းကျင်အထိ ရှိဟုဆို

ဗန်းမောက်၊ဖေဖော်ဝါရီ ၈

ယခုနှစ် ဘုရားဖူးရာသီစတင်ချိန်တွင်စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့နယ်ရှိ ဇလုံတောင်သို့နေ့စဉ် ဘုရားဖူးလာရောက်သူဦးရေမှာ သောင်းဂဏန်းဝန်းကျင်အထိရှိ ကြောင်းသိရသည်။ ဇလုံတောင်ဘုရားသို့အနယ် နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရောက်သည့် ခရီးသည်များအဆင် ပြေစေရန်အတွက် ခမိုးကျေးရွာအနီး၌ ခမိုးယာဉ်ရပ်နားစခန်းသစ်အား ၂ဝ၁၈ခုနှစ်ဒီဇင်ဘာ ၂၅ရက်က စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ဒေသခံများမှအလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာစားဝတ်နေရေးအတွက် ဝင်ငွေရရှိမှုပါ ပိုမိုလာကြသည်။

ခမိုးယာဉ်ရပ်နားစခန်းတွင် ယာဉ်များစနစ်တကျရပ်နားနိုင်သည့်နေရာကျယ်ဝန်းသည့်အပြင် ခရီးသည်များနားနေဆောင်၊ စားရိပ်သာ၊ အဆင့်မြင့်သန့်စင်ခန်းများ၊ ဒေသခံများရောင်းချနိုင်ရန်ဈေးဆိုင်နှင့် စားသောက်ဆိုင်များ၊ကဒူး တိုင်းရင်းသားဝတ်စုံ၊ ရှမ်းနီရိုးရာဝတ်စုံ အရောင်းဆိုင်များ၊ အမှတ်တရပစ္စည်းများ၊ ပယင်းလက်ဝတ် ရတနာအရောင်းဆိုင်များ၊ နှီးထည် ပစ္စည်းဆိုင်များ၊ ဇလုံတောင်ထွက် ဆေးဘက်ဝင်သစ်မြစ်သစ်ဥသစ်ရွက်များနှင့် ဒေသရိုးရာစားသောက်ဆိုင်များအား စနစ်တကျခင်းကျင်း ရောင်းချလျက်ရှိသည်။


''ဘုရားဖူးတွေက တန်ဆောင်မုန်းကနေ ကဆုန်လအထိလာပါတယ်။ ဒီဇင်ဘာကျောင်းပိတ်ရက် သင်္ကြန်ကာလတွေမှာ တစ်ရက်လူတစ်သိန်းကျော်လာရောက်တယ်။ နယုန်လကစပြီး ဒီမှာမိုးရွာသွန်းတာများတော့ ကားလမ်းသွားလာ ရေးအခက်အခဲရှိတယ်။ အဲဒီအချိန်မှာ ဘုရားဖူးခရီးသည်လုံးဝ မလာတော့ပါဘူး။ အခုချိန်မှာဒေသ ခံဈေးသည်တွေ လက်လုပ်လက် စားတွေနေ့ရောညပါ ဈေးဆိုင် ဖွင့်ရောင်းချကြရတာကြောင့် အားလုံးနီးပါး အဆင်ပြေ ကြတယ်'' ဟုခမိုးစခန်းမှဒေသထွက် စား သောက်ကုန်ရောင်းချသူဒေါ်တင် ရွှေကပြောသည်။


ဇလုံတောင်မှာ တောင်တော်၏ထူးခြားစွာတည်ရှိမှု၊ သဘာဝအတိုင်းသစ်ပင်သစ်တောစမ်း ချောင်းများတည်ရှိနေမှုကြောင့် အသွားအလာခက်ခဲသော်လည်း လွန်ခဲ့သည့် ၂ဝ၁၆ ခုနှစ်မှစတင်၍ တစ်နှစ်ထက်တစ်နှစ် ဘုရားဖူးခရီးသွားဧည့်သည်ဝင်ရောက်မှုများ ပြားလာကြောင်းသိရသည်။ 

DW

#democracytoday

Rate this item
(0 votes)
back to top