HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

စန္ဒကူးနံ့သာ ကျောင်းတော်ရာ၌ တည်ဆောက်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ မြို့အဝင်မုခ်ဦးပုံစံ ပုဂံမုခ်ဦးဖွင့်ပွဲ ကျင်းပ

စန္ဒကူးနံ့သာ ကျောင်းတော်ရာ၌ တည်ဆောက်ခဲ့သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ  မြို့အဝင်မုခ်ဦးပုံစံ ပုဂံမုခ်ဦးဖွင့်ပွဲ ကျင်းပ

ပွင့်ဖြူ၊ ဖေဖော်ဝါရီ ၈

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင်စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်ကြီး၏တောင်ဘက်အဝင်၌ တည် ဆောက်ပြီးစီးခဲ့သည့် ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေရှိ မြို့ အဝင်မုခ်ဦးပုံစံတည်ဆောက်ထား သောမုခ်ဦးဖွင့်ပွဲကို ဖေဖော်ဝါရီ ၇ ရက် ညနေ ၃ နာရီက အဆိုပါ မုခ်ဦးအနီးယာယီမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ကြီးအကျိုးတော်ဆောင်ချုပ်နိုင်ငံ တော်အစိုးရသာသနဓဇဓမ္မာစရိယ အရှင်ဓမ္မာစာရကပုဂံပုံစံ မုခ်ဦး အောင်မြင်စွာတည်ဆောက်ဖွင့် လှစ်နိုင်မှုအပေါ် သြဝါဒစကား မိန့်ကြားတော်မူပြီး နိုင်ငံတော် တေးသံရှင်စိုးစန္ဒာထွန်းက ရတု ပိုဒ်စုံနှင့် တေးထပ်များကို သီဆိုရွတ်ဖတ်ပူဇော်ကာ မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပုဂံပုံစံမုခ်ဦး တည်ဆောက်နိုင်မှုနှင့်စပ်လျဉ်း၍ ပြောကြားသည်။


ဆက်လက်၍ သာသနာ့သမိုင်း ဝင်စန္ဒကူးနံ့သာကျောင်းတော်ရာ ဘုရားကြီး၏တောင်ဘက်အဝင်၌ တည်ဆောက်ထားသော ပုဂံပုံစံမုခ်ဦးအား ဘုရားကြီးအကျိုးတော် ဆောင်ချုပ်ဆရာတော်အရှင်ဓမ္မာစာရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။


ပုဂံပုံစံမုခ်ဦးဖွင့်ပွဲအခမ်းအနားမကျင်းပမီ ကျင်းပသည့်အလှူမင်္ဂလာအခမ်းအနားနှင့် ပုဂံ မုခ်ဦးတည်ဆောက်ခြင်းအတွက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကို နံနက် ၁ဝ နာရီ မိနစ် ၂ဝ က အဆိုပါဘုရားကြီးရင်ပြင်တော်ရှိ အင်ကြင်းတောဓမ္မာရုံ၌ ကျင်းပရာတွင် သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးသူရဦးအောင်ကို တက်ရောက်၍ အလှူတော်ငွေများလှူဒါန်းခဲ့ ကြောင်းသိရသည်။ 

YWN

#democracytoday

Rate this item
(0 votes)
back to top