HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

လားရှိုးမြို့ ရပ်ကွက်(၇)တွင် ဝက်သက်ရောဂါသံသယရှိသူ (၁၅)ဦး တွေ့ရှိသဖြင့် အဆိုပါနေရာနှင့်အနီးရှိ ရပ်ကွက်များတွင် ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်း လုပ်ဆောင်

လားရှိုးမြို့ ရပ်ကွက်(၇)တွင် ဝက်သက်ရောဂါသံသယရှိသူ (၁၅)ဦး တွေ့ရှိသဖြင့် အဆိုပါနေရာနှင့်အနီးရှိ ရပ်ကွက်များတွင် ကာကွယ်ဆေးအခမဲ့ထိုးနှံခြင်း လုပ်ဆောင်

လားရှိုး၊ ဖေဖော်ဝါရီ ၉ - လား ရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၈)၊ ဂျာမိုင်ရွာတွင် ဝက်သက်ရောဂါ သံသယရှိသူ (၁၂)ဦးအထိရှိလာ သောကြောင့် အဆိုပါနေရာနှင့် ဆက်စပ်သောရပ်ကွက်နှင့် နယ် မြေများအတွင်းရှိ အသက်ကိုးလ မှ ၁၅ နှစ်အရွယ်ကလေးသူငယ် များအား ဝက်သက်ကာကွယ်ဆေး အခမဲ့ထိုးနှံခြင်းကို အရှိန်အဟုန် မြှင့်လုပ်ဆောင်နေကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ဝက်သက်ရောဂါသံသယရှိ သူ တွေ့ရှိခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်မှစတင်ကာ ရပ်ကွက်(၇)၊နယ် မြေ(၁၈)၊ ဂျာမိုင်ရွာသို့ ကျန်းမာ ရေးဌာန တာဝန်ရှိသူများမှ ကွင်း ဆင်းစစ်ဆေးခဲ့ရာ ဆယ်နှစ်အရွယ် နှင့် ဆယ့်တစ်နှစ်အရွယ် ကလေး နှစ်ဦးအပါအဝင် သံသယရှိသူ ၅ ဦးကို တွေ့ရှိခဲ့ရပြီးနောက် ဖေဖော် ဝါရီ ၈ ရက်တွင် ထပ်မံကွင်းဆင်း စစ်ဆေးရာ သံသယရှိလူနာ ၇ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ကာ အဆိုပါဂျာမိုင် ရွာနှင့် ထိဆက်နေသော ရပ်ကွက် (၁၂)၊ လင်းရောင်ခြည်ရပ်၊ နယ် မြေ(၁၉)၊ အုပ်စု(၂/၄/၆)တို့တွင် လည်းကောင်း၊ ရပ်ကွက်(၇)အတွင်း ရှိ အသက်ကိုးလမှ ၁၅ နှစ်အောက် ကလေးများအား ဝက်သက်ကာ ကွယ်ဆေးကို အခမဲ့အရှိန်အဟုန် မြှင့် ထိုးပေးနေခြင်းဖြစ်သည်။

ခေတ္တပြည်နယ်ကျန်းမာရေး ဦးစီးမှူး ဒေါက်တာထွန်းသန်းဦးက ''ကျွန်တော်တို့ ဖေဖော်ဝါရီ ၄ ရက် က ရပ်ကွက်(၇)၊ ဂျာမိုင်ရွာမှ ဝက် သက်ရောဂါသံသယရှိသူကို စစ် ဆေးတွေ့ရှိခဲ့လို့ အဲဒီဖြစ်နေတဲ့နေ ရာကနေ တခြားနေရာမှာရှိတဲ့ ကလေးတွေကို ကူးစက်မှုမရှိရအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခု လို ဝက်သက်ကာကွယ်ဆေးကို အခမဲ့လာထိုးပေးနေခြင်းဖြစ်ပါ တယ်။ အခုလောလောဆယ် ကာ ကွယ်ဆေးတွေကို ရပ်ကွက်(၇)၊ ရပ်ကွက်(၁၂)အတွင်းမှာရှိတဲ့ နယ် မြေအလိုက်စုရပ်လုပ်ပြီး မနေ့က (ဖေဖော်ဝါရီလ ၈ ရက်) စပြီး ထိုး ပေးနေတာမှာ ဒီနေ့ နေ့လယ်သုံး နာရီအထိကို ကာကွယ်ဆေးထိုးပေး ပြီးသည့် ကလေးငယ် (၂၆၂၇) ယောက်အထိရှိသွားပါပြီ၊ လိုအပ် မှုရှိခဲ့ပါကလည်း လားရှိုးတစ်မြို့လုံး ကို ကာကွယ်ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။ ဝက်သက်ရောဂါနဲ့ ပတ်သက်လို့ လားရှိုးမှာ လူသေဆုံး တာတွေမရှိပါဘူး။ ဆေးရုံတက် ကုသနေတာတွေလည်း မရှိပါဘူး'' ဟု ပြောကြားသည်။

လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် တချို့တွင် ဝက်သက်ရောဂါသံသယ ရှိသူ လူနာစုစုပေါင်း ၁၇ ဦးအထိ တွေ့ရှိလျက်ရှိပြီး၊ ယင်းတို့မှာ ရပ် ကွက်(၈)တွင် တစ်ဦး၊ ရပ်ကွက်(၉) တွင်တစ်ဦး၊ ရပ်ကွက်(၇)၊ နယ်မြေ (၁၈) ဂျာမိုင်ရွာအပါအဝင် ရပ် ကွက် ၇ တစ်ခုလုံးတွင် ၁၅ ဦးတို့ ဖြစ်ပြီး အဆိုပါသံသယလူနာတို့၏ သွေးနမူနာများအား ရန်ကုန်အမျိုး သား ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ် ဆေးလျက်ရှိကြောင်း၊ လားရှိုးမြို့ နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးနိုင်ထံမှ သိရ သည်။

ရပ်ကွက်(၇)၊ ရွှေလယုန်ကား ဂိတ်အနီးတွင် ဖွင့်လှစ်ထားသော ကာကွယ်ဆေးထိုးနှံခြင်း စုရပ်နေ ရာသို့ ကာကွယ်ဆေးလာရောက် ထိုးသော မိခင်တစ်ဦးကို ယခု ကဲ့သို့ ဆေးလာထိုးမှုအပေါ် မေး မြန်းကြည့်ရာ ¤င်းမှ ''ကျွန်မနာ မည်က မအေးခိုင်ပါ၊ သားလေး က နှစ်နှစ်အရွယ်ပါ၊ ရပ်ကွက် ၇ မှာ အိမ်ငှားနေတာပါ။ အခုကာ ကွယ်ဆေးလာထိုးတာကတော့ အိမ်နီးနားချင်းက ကလေးတွေလည်း ထိုးကြတယ်လေ၊ ပြီးတော့ အခုလို လွယ်လွယ်ကူကူထိုးလို့ရတာ ကြောင့်လည်း သားလေးကိုလာထိုး ပေးတာပါ။ ထိုးထားသင့်ပါတယ်။ ဘယ်ကာကွယ်ဆေးကိုမဆိုပေါ့'' ဟု ဖြေကြားသွားသည်။

ယခုကဲ့သို့ ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို တိုင်း ဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနအဆင့်အနေဖြင့် မိဘမဲ့ဂေဟာများ၊ ပရဟိတကျောင်း များ၊ ဘော်ဒါဆောင်များနှင့် ဘုန်း တော်ကြီးပညာသင်ကျောင်းများ ယာယီစခန်းများရှိ အသက်ကိုးလ မှ ၁၅ နှစ်အရွယ်အထိ ကလေး များကိုလည်း အခမဲ့လိုက်လံထိုးနှံ သွားမည့် စီမံချက်များကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ် ထားကြောင်း သိရသည်။

CHL/DemocracyToday

Rate this item
(0 votes)
YMG

back to top