HIGHLIGHT NEWS
Main menu

Life [-- လူမှုဘဝ ကဏ္ဍ --]

တာချီလိတ်၌ ထိုင်းအဆိုတော်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်၌ ထိုင်းအဆိုတော်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

တာချီလိတ်၊ ဖေဖော်ဝါရီ ၉- ရှမ်း ပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့တွင် ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူ သူတစ်ဦးက ထိုင်းနိုင်ငံသား အဆို တော်တစ်ဦးကို သေနတ်ဖြင့်ပစ် ခတ်မှု ဖြစ်ပွားခဲ့ကြောင်း တာချီ လိတ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ တာချီလိတ်မြို့ ဆန်ဆိုင်း(-)ရပ်ကွက်ရှိ ဒေါ်---၏ နေအိမ်လိုင်းခန်းငှား ဒုတိယထပ် အခန်းအမှတ်(--)တွင် ဖေဖော်ဝါ ရီ ၈ ရက် ည ၉ နာရီက ထိုင်းနိုင်ငံ သားအဆိုတော် လေး(ခ)Mr. Wuttichai Gobua နှင့် ၎င်း၏ဇနီးရှိနေစဉ် အမည်မသိလူတစ်ဦးမှ ပိုက်ဆံလာယူရန် ဖုန်းဖြင့်ဆက် သွယ်လာသဖြင့် ထိုင်းနိုင်ငံသား လေး(ခ)Mr. Wuttichai Gobua တစ်ဦးတည်း သွားရောက်ယူခဲ့ ကြောင်း၊ ခင်ပွန်းဖြစ်သူ ထိုင်းနိုင်ငံ သား ပြန်မလာသဖြင့် ဇနီးဖြစ်သူ မှ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းမကိုင် သဖြင့် လိုက်လံရှာဖွေရာ တာချီ လိတ်မြို့ ဆန်ဆိုင်း(-)ရပ်ကွက်၊ --- ဟိုတယ်ရှေ့ လမ်းမပေါ်တွင် ခင်ပွန်းဖြစ်သူမှာ ¤င်းစီးလာသည့် SHN-9I/----- နံပါတ်ပါ MARK X အမျိုးအစား နက်ပြာရောင် မော်တော်ယာဉ်၏ ယာဘက်ဘေး လမ်းမပေါ်တွင် ပက်လက်အနေ အထားဖြင့် လဲကျနေပြီး ကျည် ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို တွေ့ရှိရသည်။

''အခုလို သေနတ်ပစ်ခတ်မှု ဟာ တစ်လတာကာလအတွင်း တာချီလိတ်မြို့မှာ သုံးကြိမ်မြောက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဇန်နဝါ ရီ ၂၁ ရက်က အရက်ဆိုင်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေ ဆုံးမှု မရှိခဲ့ပေမယ့် ဇန်နဝါရီ ၂၉ ရက်မှာတော့ တာချီလိတ်မြို့ရဲ့ သူဌေးကြီးတစ်ဦးဖြစ်တဲ့ ဦးအား ဖာကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံ ခံခဲ့ရပါတယ်။ တာချီလိတ်မြို့တွင်း မှာ တစ်လအတွင်း သုံးကြိမ် မြောက် သေနတ်ပစ်ခတ်မှု ဖြစ် ပွားခဲ့ပါတယ်''ဟု တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အမှုမှ ခင်ပွန်းဖြစ်သူ ထိုင်း နိုင်ငံသားအဆိုတော် လေး(ခ)Mr.Wuttichai Gobua သေ နတ်ဖြင့် ပစ်ခတ်သွားသူအား စုံ စမ်းဖော်ထုတ်အရေးယူပေးရန် ဇနီးဖြစ်သူမှ တရားလိုပြုလုပ်တိုင် တန်းရာ တာချီလိတ်မြို့မရဲစခန်း က (ပ)၆၂/၂ဝ၁၉၊ ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂ ဖြင့် ဖေဖော်ဝါရီ ၉ ရက် နံနက် ၁ နာရီတွင် အမှုဖွင့် လှစ်ကာ တရားခံဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

Rate this item
(0 votes)
YMG

back to top